နိုဝင်ဘာ (၅) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု
🕔နံနက် ၇း၃၀ အချိန် ခန့်မှန်းချက်
အိန္ဒိယမုတ်သုန်လေ ဆုတ်ခွာလာပုံအဆင့်ဆင့်ကို အိန္ဒိယမိုးလေဝသဌာနကြီး India Meteorological Department #IMD မှဖော်ပြထားတာဖြစ်ပါတယ်။ အနီရောင်မျဥ်းများသည် ပုံမှန်အားဖြင့် ဆုတ်ခွာရမည့်ရက်များဖြစ်ပြီး အပြာရောင်မျဥ်းသည် အမှန်တကယ်ဆုတ်ခွာလာသည့် နေ့ရက်များဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ ပုံမှန်ဆုတ်ခွာရမည့်ရက်သည် စက်တင်ဘာလ ၁၇ ရက်နေ့ဖြစ်သော်လည်း အမှန်တကယ်ဆုတ်ခွာလာခဲ့သည်မှာ အောက်တိုဘာလ ၇ ရက်ဖြစ်တာကြောင့် ရက်ပေါင်း၂၀ နီးပါ နောက်ကျခဲ့တာပေါ့။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းကတော့ အောက်တိုဘာလ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့မှ အပြီးဆုတ်ခွာခဲ့ပြီလို့ ဖော်ပြထားပါတယ်။
ဘင်္ဂလားပင်လယ်အော်တစ်ခုလုံးအနေနဲ့ ပြောရရင်တော့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာရော မြန်မာ့ကပ္ပလီပင်လယ်ပြင်တွေမှာ မုတ်သုန်လေရှိနေပါသေးတယ်။
အိန္ဒယနိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်း၊ အနောက်မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းတွေဟာ အနောက်တောင်မုတ်သုန်လေကြောင့် မိုးရရှိပြီး ဂျူလိုင်လမှ စက်တင်ဘာလအထိ မိုးရာသီဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံတောင်ပိုင်းကတော့ နိုဝင်ဘာလမှ အရှေ့မြောက်မုတ်သုန်လေ ဝင်ရောက်လေ့ရှိသော်လည်း ယနေ့အချိန်ထိ ဝင်ရောက်လာခြင်းမရှိသေးပါဘူး။ သူဝင်ရောက်လာမှသာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှ အနောက်တောင်မုတ်သုန်လေသသည် ထွက်ခွာသွားရမည်ဖြစ်ပါတယ်။ အန္ဒိယတောင်ပိုင်း အရှေ့မြောက်မုန်သုန်လေဝင်ရောက်ဖို့ Depression (or) deep Depression. မုန်တိုင်းတစ်လုံးလိုပါတယ်။ ယခု နိုဝင်ဘာလ ၁၁ ရက်မှ ၁၄ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ မုန်တိုင်းငယ်တစ်လုံးဖြစ်ပေါ်နိုင်ပြီး အိန္ဒိယနိုင်ငံတောင်ပိုင်းကိုဝင်ရောက်မှာဖြစ်ပြီး အိန္ဒိယနိုင်ငံတောင်ပိုင်းနဲ့ သီရိလင်္ကာနိုင်ငံတို့ရဲ့ မိုးရာသီရောက်ရှိသွားမှာဖြစ်ပြီး မုန်တိုင်းအပြီးမှာ အရှေ့မြောက်မုတ်သုန်လေ ဘင်္ဂလားပင်လယ်အော်အတွင်း ဝင်ရောက်လာပြီး အနောက်တောင်မုတ်သုန်လေသည်လည်း ဘင်္ဂလားပင်လယ်အော်နဲ့ မြန်မာ့ကပ္ပလီပင်လယ်ပြင်တို့မှ အပြီးဆုတ်ခွာသွားမှာဖြစ်ပြီး မြန်နိုင်ငံသည်လည်း အရှေ့မြောက်မုတ်သုန်လေရရှိကာ မိုးလေကင်းစင် ဆောင်းစစ်စစ်ကိုရရှိစေမှာဖြစ်ပါတယ်ဆိုတာကို မုတ်သုန်လေအကြောင်းသိရှိချင်တဲ့သူတွေရော လေ့လာနေသူတွေအတွက်ပါ တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။
Su Su San
𝐒𝐞𝐧𝐢𝐨𝐫 𝐌𝐞𝐭𝐞𝐨𝐫𝐨𝐠𝐢𝐬𝐭
𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐖𝐞𝐚𝐭𝐡𝐞𝐫 𝐟𝐨𝐫𝐞𝐜𝐚𝐬𝐭𝐞𝐫 &
𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫
မဥ္ူထွန်း
လွန်ခဲ့သော ၄ နှစ် ကကျေးဇူးပါ ထောပတ်ပင်ကိုင်းဆက်ထားပီးရက် ၂၀/ကျော်ပါပြီ ရေရတဲ့အတွက်အဆင်ပြေသွားပါပြီ
U tun htay
လွန်ခဲ့သော ၄ နှစ် ကနိုဝင်ဘာလ္္11-12-1ဆဆ4-ရက်တွေမှာမုန်တိုင်းရှိနေတာဒါကြောင်ွမြမာနိုငိငိမှာအနောက်မြောက်ပိုင်းမှာမိုးရွာနိုင်မရွာကိုသိခြင်ပါတယ်ဆရာမပြောပြပေးပါ
မောင်မောင်မြင့်
လွန်ခဲ့သော ၄ နှစ် ကရာသီမသိစုစုစံနဲ့ညှိလို့ပြောရမယ်ဗဟုသုတရတယ်ကြိုသိရတော့ပြင်ဆင်ချိန်ရတာပေါ့
ဦးညွန့်ဝင်း
လွန်ခဲ့သော ၄ နှစ် ကဒီဇင်ဘာမိုးလေဝသခန့်မှန်းချက်
ငါ့ကိုယ်နင်နားလည်ပါ
လွန်ခဲ့သော ၄ နှစ် ကhi
ဆက်စပ်ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from SU SU SAN (မိုးလေဝသပညာရှင်)
အားလုံး
နိုဝင်ဘာ (၈) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု
08/11/2021
နိုဝင်ဘာ (၇) ရက်နေ့ စုစုစံ၏ မိုးလေဝသခန့်မှန်းချက်များစုစည်းမှု
07/11/2021
နိုဝင်ဘာ (၆) ရက်နေ့အတွက် စုစုစံရဲ့ မိုးလေဝသခန့်မှန်းချက်များစုစည်းမှု
06/11/2021
နိုဝင်ဘာ (၄) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု
04/11/2021
နိုဝင်ဘာ (၃) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု
03/11/2021