ငရုတ်သီး ဈေး အမြင့်တွင် ဆက်ရှိနေ
လက်ရှိ မိုးတွင်းကာလ ငရုတ်သီးဈေးက ဆက်တိုက် အမြင့်ဈေးတွင်ရှိကြောင်း ငရုတ်ဈေးကွက်မှ သတင်းရရှိသည်။
လက်ရှိ တချို့ ငရုတ်အမျိုးအစားများမှာလည်း ဈေးကွက်သို့ ဝင်ရောက်ခြင်း မရှိတော့ကြောင်း သိရပြီး စိုက်ပျိုးစရိတ် မြင့်တက်မှုနှင့် လုပ်သားပြတ်လပ်မှု စသည့် အကြောင်းရင်းများကြောင့် ငရုတ်သီး ထုတ်လုပ်မှု နိမ့်ဆင်းလာကာ ဈေးက ဆက်တိုက်တက်လာကြောင်းကုန်သည်များက သုံးသပ်ထားကြသည်။
ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ဩဂုတ် ၁၉ ရက်နေ့က ပန်းရဲ (AC) တစ်ပိဿာလျှင် ကျပ် ၁၉,၀၀၀ မှ ၂၂,၀၀၀၊ မြှားနီ တစ်ပိဿာလျှင် ကျပ် ၂၀,၀၀၀ မှ ၂၃,၀၀၀၊ မြစ်ဝပု တစ်ပိဿာလျှင် ကျပ် ၃၅,၀၀၀ မှ ၃၆,၀၀၀၊ ဟင်္သာတ မိုးထောင် တစ်ပိဿာလျှင် ကျပ် ၁၆,၀၀၀ မှ ၁၈,၀၀၀ နှင့် ဆင်ဖြူကျွန်းပု တစ်ပိဿာလျှင် ကျပ် ၃၆,၀၀၀ မှ ၃၈,၀၀၀ ထိ ဈေးပေါက်နေပြီး ပြီးခဲ့သည့် အပတ်နှင့် ယှဉ်ပါက တစ်ပိဿာလျှင် ကျပ် ၁,၀၀၀ မှ ၅,၀၀၀ အထိ မြင့်တက်သွားကြောင်း သိရသည်။တ
"ငရုတ်ဈေးတွေက ဈေးတက်သွားတယ်။ ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် အမျိုးအစားပေါ်လိုက်ပြီး ၁,၀၀၀ ကနေ ၅,၀၀၀၊ ၆,၀၀၀ လောက် တက်သွားတယ်။ ပြီးခဲ့တဲ့ ဧပြီလလောက်နဲ့ ယှဉ်ရင်တော့ နှစ်ဆလောက်နီးနီး တက်သွားတာ။ အခုက မိုးရာသီဆိုတော့ ဒီလို ကုန်တွေက ပျက်စီးလွယ်တယ်၊ ထိန်းသိမ်းရတာ ခက်တယ်။ ဒါကြောင့် အဝင်နည်းပြီး ဈေးတက်တာပေါ့" ဟု ငရုတ်ကုန်သည် တစ်ဦးက ပြောသည်။အောင်ပန်း ဈေးကွက်တွင် ရှမ်းသွယ်ခြောက်နှင့် ကျောက်စိမ်းမှာ အဝယ်မရှိတော့ကြောင်း သိရပြီး ရှမ်းပွခြောက် တစ်ပိဿာလျှင် ကျပ် ၁၉,၀၀၀၊ ကုလားအော်သီး အစိမ်း ကျပ် ၁၃,၀၀၀၊ ငရုတ်သီး အမှည့်အစိုမှာ ကျပ် ၈,၀၀၀ ထိ ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ငရုတ်သီးမှုန့်ကို ဂျပန်နိုင်ငံသို့ တင်ပို့ရာတွင် ပိုးသတ်ဆေးဓာတ်ကြွင်း သို့မဟုတ် အဖလတောက်ဆင်း (Aflatoxin) များ ပါဝင်တွေ့ရှိပါက ဂျပန်နိုင်ငံသို့ တင်သွင်းခွင့် ပြုတော့မည် မဟုတ်ကြောင်းနှင့် တင်ပို့ခွင့်ပါ ပိတ်ပင်ခံရနိုင်ကြောင်းလည်း ကုန်သည်များထံမှ သိရသည်။
လက်ရှိ မိုးတွင်းကာလ ဖြစ်၍ တချို့ ငရုတ်သီးခြောက် ရရှိရန် နေလှမ်းရာတွင် အခက်အခဲများ ရှိနေပြီး မှို၊ သဲနှင့် ပိုးမွှားများ မဝင်ရန် ထိန်းသိမ်းစောင့်ရှောက်နေရကြောင်း တချို့ ငရုတ်စိုက် ကုန်သည်များထံမှ သိရသည်။

"ငရုတ်သီးက မှိုတက်လွယ်လို့ သေချာ အခြောက်ခံဖို့ လိုတယ်။ အခုလို မိုးအဆက်မပျက် ရွာနေတဲ့ ဒေသတွေက အခက်အခဲ ဖြစ်တယ်။ မှို၊ သဲတွေ မဝင်အောင် အရည်အသွေး ကောင်းမွန်အောင် စနစ်တကျ ထိန်းသိမ်းဖို့ လိုတယ်။ ဒါမှလည်း ပြည်ပ တင်ပို့တဲ့အခါ ဈေးကောင်း ရနိုင်သလို ပြည်ပနိုင်ငံတွေကလည်း လက်ခံနိုင်မယ်" ဟု အောင်ပန်းဒေသမှ ငရုတ်စိုက် ကုန်သည်တစ်ဦးက ပြောသည်။လက်ရှိတွင် ပြည်တွင်း မြို့ကြီးများသို့ တိုက်ရိုက် ဈေးကွက် ချိတ်ဆက်နိုင်ရေးအပြင် အရည်အသွေးမီသည့် ငရုတ်များ ထုတ်လုပ်ကာ ပြည်ပ ဈေးကွက်အထိ ချိတ်ဆက်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
"ရာသီဥတု အကူးအပြောင်းမှာ ရောင်းလိုအားနည်းပြီး ဝယ်လိုအား ရုတ်တရက် များလာရင်တော့ ဈေးနှုန်း တက်လာနိုင်တယ်။ လက်ရှိ စောင့်ကြည့်နေရတယ်။ အခု ရန်ကုန်၊ မန္တလေး ကုန်စည်ဒိုင်တွေမှာတော့ တဖြည်းဖြည်း ဈေးတက်လာတယ်။ တောင်သူဈေးမှာတော့ အဲလောက်ကြီး ဈေးမရသေးဘူး" ဟု ရှမ်းပြည်နယ် အောင်ပန်းမှ ငရုတ်ကုန်သည် ကိုစိုင်းက ပြောသည်။ငရုတ်သီးနှံကို နှစ်စဉ် မိုးကြိုငရုတ်၊ မိုးရာသီငရုတ်နှင့် ဆောင်းငရုတ်ဟူ၍ တစ်နှစ်ပတ်လုံး စိုက်ပျိုးကြကြောင်း သိရသည်။
လက်ရှိ ငရုတ်သီးကို ပြည်ပနိုင်ငံများ ဖြစ်သည့် ထိုင်းနိုင်ငံသို့ အဓိကထား တင်ပို့နေပြီး တရုတ်၊ လာအို၊ မလေးရှားနှင့် ဂျပန် စသည့် နိုင်ငံများသို့လည်း တင်ပို့နေကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ငရုတ်ဈေးကွက်
ဆက်စပ်မေးခွန်းများ
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 1 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026