GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
ပထမဆုံးအနေနဲ့ Geographic Information System (GIS) ပထဝီဝင် သတင်းအချက်အလက်စနစ် ဆိုတာကို နားလည်လွယ်အောင် ပြောရရင် "ဓာတ်ပုံနဲ့ အချက်အလက်တွေကို ပေါင်းစပ်ထားတဲ့ ဒစ်ဂျစ်တယ် မြေပုံစနစ်" ဖြစ်ပါတယ်။
ကျွန်တော်တို့ သာမန်အားဖြင့်မခန့်မှန်းနိုင်တဲ့ စိုက်ခင်းအခြေအနေတွေကို ဂြိုဟ်တုနဲ့ ဒရုန်းတွေကနေတစ်ဆင့် ရိုက်ကူးပြီး မြေပုံပေါ်မှာ တိတိကျကျ ပြသပေးတဲ့ နည်းပညာဖြစ်ပါတယ်။
အတိုချုပ်အားဖြင့်ရှင်းပြရရင် GIS ဆိုတာ တောင်သူဦးကြီးတွေ မိမိစိုက်ခင်းအကြောင်းကို အမှားအယွင်းမရှိ အသေးစိတ်သိရှိနိုင်အောင်နဲ့ စိုက်ပျိုးရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို မှန်ကန်စွာချမှတ်နိုင်အောင် ကူညီပေးတဲ့ "နည်းပညာ ကိရိယာ" တစ်ခုပဲ ဖြစ်ပါတယ်။ကျွန်တော်တို့ တောင်သူဦးကြီးတွေ သိရှိထားတဲ့အတိုင်း စိုက်ပျိုးရေးလုပ်ငန်းဆိုတာ မြေဆီလွှာနဲ့ မကင်းနိုင်တဲ့ လုပ်ငန်းတစ်ခုပါ။ ဒါပေမဲ့ အခုခေတ်မှာတော့ မြေဆီလွှာတင်မကဘဲ အချက်အလက် (Data) တွေကပါ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာခဲ့ပါပြီ။ ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက်စနစ် (GIS) နည်းပညာဟာ တောင်သူဦးကြီးတွေ မိမိတို့ရဲ့စိုက်ခင်းအခြေအနေကို ပိုမိုနားလည်လာစေဖို့နဲ့ စိုက်ခင်းမြေပုံတွေကို ကြည့်ရှုပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တဲ့အထိ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာဆိုရင်လည်း GIS နည်းပညာကိုအသုံးပြုပြီး သာမန်အားဖြင့် မမြင်တွေ့နိုင်တဲ့ မြေဆီလွှာ ကျန်းမာရေး၊ အစိုဓာတ်ပမာဏ၊ အပင်ထိခိုက်ပျက်စီးမှုအခြေအနေနဲ့ ပိုးမွှားကျရောက်နိုင်ခြေ အန္တရာယ်တွေကိုပါ အသေးစိတ်ကြိုတင်ခန့်မှန်း ကြည့်ရှုစစ်ဆေးနိုင်အောင် လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။
ဒီနည်းပညာဟာ စိုက်ပျိုးရေးလုပ်ငန်းကို သာမန်ခန့်မှန်းပြီး လုပ်ကိုင်နေရတဲ့အဆင့်ကနေ ခေတ်မီပြီး တိကျသောစိုက်ပျိုးရေးစနစ် (Precision Farming) အဖြစ်သို့ ပြောင်းလဲပေးနိုင်တာကြောင့် သီးနှံအထွက်နှုန်းကို ပိုမိုတိုးတက်စေနိုင်ရုံတင်မကဘဲ စိုက်ပျိုးစရိတ်ကိုသက်သာစေပြီး ပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုမရှိ ဘေးကင်းစေတဲ့ စိုက်ပျိုးရေးစနစ်တစ်ခုကို ဖန်တီးပေးနေတာ ဖြစ်ပါတယ်။
စိုက်ပျိုးရေးကဏ္ဍမှာ GIS နည်းပညာက ဘာတွေလုပ်ပေးနိုင်သလဲ?
စိုက်ပျိုးရေးကဏ္ဍမှာတော့ GIS နည်းပညာဟာ တည်နေရာပြအချက်အလက်များ၊ မြေပုံများနဲ့ ဂြိုဟ်တုဓာတ်ပုံများကို ပေါင်းစပ်ပြီး မြေပြင်ရဲ့ လက္ခဏာရပ်များနဲ့ အချိန်ကာလအလိုက် ပြောင်းလဲမှုတွေကို လေ့လာဆန်းစစ်ပေးရာမှာ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ မြေဆီလွှာအမျိုးအစား၊ မိုးရေချိန်၊ အပင်ဖြစ်ထွန်းမှုနဲ့ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ အစရှိတဲ့ အချက်အလက်အလွှာ (Data layers) များကို တစ်ခုပေါ်တစ်ခု ထပ်မံပေါင်းစပ်ကြည့်ရှုခြင်းဖြင့် တောင်သူများနဲ့ စိုက်ပျိုးရေးပညာရှင်များအနေဖြင့် အဆိုပါအချက်အလက် တစ်ခုချင်းစီဟာ သီးနှံအထွက်နှုန်းအပေါ် ဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာကို မြေပုံပေါ်မှာ အသေးစိတ် မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
ဥပမာအနေနဲ့ -
တောင်သူများအနေဖြင့် မြေဆီလွှာအာဟာရဓာတ်ကို ပြသသောမြေပုံများအား ကြည့်ရှုပြီး ဓာတ်မြေဩဇာလိုအပ်တဲ့ နေရာများမှာသာ အတိအကျထည့်သွင်းအသုံးပြုနိုင်ခြင်း၊
စိုက်ပျိုးရေး လုပ်ငန်းရှင်များအနေဖြင့် နေရာဒေသအလိုက် အချက်အလက်ပြောင်းလဲမှုများကို ဆန်းစစ်ပြီး ပိုးမွှားကျရောက်နိုင်ခြေ မြင့်မားသော နေရာများကို ကြိုတင်ဖော်ထုတ်နိုင်ခြင်း၊
စိုက်ပျိုးရေးဆိုင်ရာပညာရှင်များအနေဖြင့် မြေမျက်နှာသွင်ပြင် အနိမ့်အမြင့်နဲ့ မြေဆီလွှာ အချက်အလက်များအပေါ် အခြေခံပြီး ထိရောက်မှုရှိသော ရေပေးဝေရေးစနစ်များကို ပုံစံထုတ် ရေးဆွဲနိုင်ခြင်းတို့ ဖြစ်ပါတယ်။
မြေဆီလွှာဆိုင်ရာ မြေပုံညွှန်းရေးဆွဲခြင်း
မြေဆီလွှာကျန်းမာမှသာ သီးနှံများဖြစ်ထွန်းအောင်မြင်နိုင်မှာ ဆိုပေမဲ့လည်း စိုက်ခင်းတစ်ခုအတွင်းမှာကိုပဲ မြေဆီလွှာကျန်းမာရေးဟာ နေရာတစ်ခုနဲ့တစ်ခု ကွဲပြားခြားနားလေ့ရှိပါတယ်။ GIS နည်းပညာတွေဟာ တောင်သူများအား မြေဆီလွှာချဉ်ငန်ဓာတ် (pH)၊ ဆားဓာတ်၊ အော်ဂဲနစ်ဓာတ်နဲ့ မြေဆီလွှာအမျိုးအစား အစရှိသော ဂုဏ်သတ္တိများကို ဆန်းစစ်ဖို့ရာနဲ့ မြေပုံထုတ်ယူဖို့ရာ ကူညီပေးပါတယ်။ ဓာတ်ခွဲခန်းမှရရှိသော အချက်အလက်များကို ဂြိုဟ်တုဓာတ်ပုံများနဲ့ ပေါင်းစပ်လိုက်ခြင်းဖြင့် GIS ဟာ စိုက်ပျိုးရေးသွင်းအားစုများကို ထည့်သွင်းရာမှာ လမ်းညွှန်ပေးနိုင်တဲ့ မြေဆီလွှာအာဟာရဓာတ် အခြေအနေကိုပြသသော မြေပုံများကို ထုတ်လုပ်ပေးနိုင်ပါတယ်။
ကင်ညာနိုင်ငံမှာဆိုရင် ကင်ညာစိုက်ပျိုးရေးနဲ့ မွေးမြူရေးသုတေသနအဖွဲ့ (KALRO) မှ GIS အခြေခံ မြေဆီလွှာမြေပုံညွှန်းများကို အသုံးပြုခဲ့ရာမှာ တောင်သူများရဲ့ သီးနှံအထွက်နှုန်းကို ပိုမိုတိုးတက်စေခဲ့တဲ့အပြင် ဓာတ်မြေဩဇာသုံးစွဲမှု ကုန်ကျစရိတ်ကိုလည်း ၂၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ခဲ့ပါတယ်။ ထိုကဲ့သို့ တိကျတဲ့စိုက်ပျိုးရေး နည်းစနစ်ဟာဆိုရင် အလေအလွင့်များကို လျှော့ချပေးနိုင်ပြီး မြေဆီလွှာကျန်းမာရေးကို တိုးတက်စေကာ ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်ကို အထောက်အကူပြုပေးနိုင်ပါတယ်။
တိကျသော ရေသွင်းစိုက်ပျိုးစနစ်
GIS နဲ့ အဝေးမှအာရုံခံနည်းပညာ (Remote Sensing) တို့ကို အသုံးပြုကာ တောင်သူများအနေနဲ့ မြေဆီလွှာရဲ့ အစိုဓာတ်ပမာဏကို စောင့်ကြည့်နိုင်ပြီး ရေနဲ့ စွမ်းအင် နှစ်မျိုးစလုံးကို သက်သာစေနိုင်မဲ့ ရေသွင်းချိန်ဇယားများကို ရေးဆွဲနိုင်ပါတယ်။
GIS ကို အင်တာနက်ချိတ်ဆက် အာရုံခံကိရိယာများ၊ ဒရုန်းများနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ရေသွင်းစနစ်များကို လိုအပ်သောနေရာမှာ အတိအကျ ရေပေးဝေနိုင်ရန် ကူညီပေးနိုင်တာဖြစ်ပါတယ်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO (၂၀၂၄) ရဲ့ လေ့လာဆန်းစစ်ချက်များအရ တိကျသောရေသွင်း စိုက်ပျိုးစနစ်ဟာ ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးရေးမှာ အထွက်နှုန်း တိုးတက်စေနိုင်တဲ့အပြင် ရေသုံးစွဲမှုကိုလည်း ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။
အီဂျစ်နိုင်ငံရှိ သဲကန္တာရ ဖန်လုံအိမ်စိုက်ခင်းများမှသည် တန်ဇန်းနီးယားနိုင်ငံရှိ စပါးခင်းများအထိ GIS အခြေခံ ရေသွင်းစိုက်ပျိုးစနစ်ဟာ ရာသီဥတုနဲ့ကိုက်ညီပြီး ခေတ်မီစိုက်ပျိုးရေးအတွက် မရှိမဖြစ် အရေးပါကြောင်း သက်သေပြလျက် ရှိပါတယ်။

သီးနှံဖြစ်ထွန်းမှု စောင့်ကြည့်ခြင်းနှင့် အထွက်နှုန်း ကြိုတင်ခန့်မှန်းခြင်း
GIS နဲ့ ပေါင်းစပ်ထားသော ဂြိုဟ်တုနှင့် ဒရုန်းဓာတ်ပုံများဟာ တောင်သူများအား ဧရိယာကျယ်ဝန်းသော စိုက်ခင်းများရဲ့ သီးနှံအခြေအနေများကိုလည်း အနီးကပ် စောင့်ကြည့်နိုင်ဖို့ရာ ကူညီပေးနိုင်ပါတယ်။
NDVI ကဲ့သို့ အပင်ဖြစ်ထွန်းနိုင်မှုကို ပြသသောအညွှန်းကိန်းများဟာ သာမန်မျက်စိနဲ့ မမြင်နိုင်မီ အချိန်ကတည်းကပင် အပင်ရဲ့ ကျန်းမာသန်စွမ်းမှုနဲ့ ပျက်စီးထိခိုက်မှု (Stress) အခြေအနေတို့ကို ကြိုတင်ဖော်ပြပေးနိုင်ပါတယ်။ ထိုကဲ့သို့ ကြိုတင်သိရှိနိုင်မှုကြောင့် တောင်သူများအနေဖြင့် ရေသွင်းစနစ်ကို ပြုပြင်ပြောင်းလဲနိုင်ခြင်း၊ အာဟာရဓာတ်များ ဖြည့်ဆည်းပေးခြင်း သို့မဟုတ် ပိုးမွှားနှိမ်နင်းရေးကို ထိရောက်စွာ ဆောင်ရွက်ခြင်းစသည့် ကြိုတင်ကာကွယ်မှုဆိုင်ရာ အစီအမံများကို အချိန်မီဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံမှာဆိုရင် GIS အခြေပြု သီးနှံစောင့်ကြည့်မှုစနစ်ကြောင့် ပိုးမွှားကျရောက်မှုနဲ့ ရေ စီမံခန့်ခွဲမှုတို့ကို အချိန်ကိုက်လုပ်ဆောင်နိုင်ခဲ့ပြီး ပြောင်း သီးနှံအထွက်နှုန်းကို ၂၀ ရာခိုင်နှုန်းအထိ တိုးတက်စေခဲ့ပါတယ်။
ပိုးမွှားနှင့် ရောဂါကျရောက်မှု စီမံခန့်ခွဲခြင်း
GIS နည်းပညာဟာ ရာသီဥတုပုံစံများ၊ သီးနှံအခြေအနေများနဲ့ ပိုးမွှားရွှေ့ပြောင်းမှု အချက်အလက်များကို ဆန်းစစ်လေ့လာခြင်းဖြင့် အဖျက်ပိုးကျရောက်မှုများကို စောင့်ကြည့်ရန်နဲ့ ကြိုတင်ခန့်မှန်းဖို့ရာ ကူညီပေးပါတယ်။
မိုဘိုင်းဖုန်းအခြေခံ သတင်းပို့ဆော့ဝဲလ်များ (Mobile reporting apps) နဲ့ ပေါင်းစပ်လိုက်တဲ့အခါ တောင်သူများအနေဖြင့် အသစ်တွေ့ရှိရသော အဖျက်ပိုးမွှားကျရောက်မှုများကို မြေပုံရေးဆွဲ၍ အနီးဝန်းကျင်ဒေသများသို့ သတိပေးနှိုးဆော်ချက်များ ပေးပို့နိုင်ပါတယ်။
၂၀၂၀ ပြည့်နှစ်ကဆိုရင် အာဖရိကအရှေ့ပိုင်းမှာ ကျိုင်းကောင်ဘေးအန္တရာယ် ကျရောက်စဉ်က GIS နဲ့ အဝေးမှ အာရုံခံနည်းပညာများ (Remote sensing) ကို အသုံးပြုပြီး ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO မှ ကျိုင်းကောင်အုပ်များရဲ့ ရွှေ့ပြောင်းလှုပ်ရှားမှုကို အချိန်နဲ့တစ်ပြေးညီ မြေပုံပေါ်မှာဖော်ပြပြီး ကူညီပေးခဲ့တာကြောင့် စိုက်ခင်းဧကထောင်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပါတယ်။
ယနေ့ခေတ်မှာ GIS အခြေခံ ပိုးမွှားစောင့်ကြည့်မှုစနစ်ဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ပိုးမွှားပြောင်းလဲကျရောက်မှုများကို ကာကွယ်ရာမှာ မရှိမဖြစ်လိုအပ်သော စနစ်တစ်ခုအဖြစ် တည်ရှိနေပါတယ်။
စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းများတွင် အချက်အလက်အခြေပြု ဆုံးဖြတ်ချက်များချမှတ်ခြင်း
စိုက်ပျိုးရေးလုပ်ငန်းများအပြင် စိုက်ပျိုးရေးကိုအခြေခံသော စီးပွားရေးအဖွဲ့အစည်းများ (Agribusiness Organizations) မှာလည်း ပိုမိုမြန်ဆန်သော သယ်ယူပို့ဆောင်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် GIS နည်းပညာကို အသုံးပြုကြပါတယ်။ တည်နေရာအခြေပြု အချက်အလက်များ (Spatial Data) အပေါ် အခြေခံပြီး ကုန်သိုလောင်ရုံ တည်နေရာရွေးချယ်ခြင်း၊ ဈေးကွက်ရရှိနိုင်မှု မြေပုံဆွဲခြင်းနဲ့ ထုတ်လုပ်ဖြန့်ဖြူးမှုကွင်းဆက် (Supply Chain) များရဲ့ ထိရောက်မှုကို ဆန်းစစ်လေ့လာခြင်းတို့မှာ အသုံးပြုကြတာ ဖြစ်ပါတယ်။ အစိုးရများနဲ့ NGO အဖွဲ့အစည်းများဟာလည်း စိုက်ပျိုးရေးဆိုင်ရာမူဝါဒများ၊ သီးနှံအာမခံအစီအစဉ်များနဲ့ ရာသီဥတုပြောင်းလဲမှု လိုက်လျောညီထွေဖြစ်ရေး စီမံကိန်းများကို ရေးဆွဲရာမှာ GIS ကို အသုံးပြုကြပြီး လိုအပ်သော ကူညီထောက်ပံ့မှုများကို မှန်ကန်သည့် ဒေသများသို့ အချိန်ကိုက် ထိရောက်စွာပေးပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြပါတယ်။
ကိုးကားလင့်ခ်>> https://indepthresearch.org/blog/how-gis-technology-is-transforming-modern-agriculture/
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မတ်ပဲနဲ့ပဲကီးခင်းထဲတွင် ရွေးချယ်ပေါင်းသတ်ဆေး ဘာဖျန်းရမလဲ သိရင် ပြောပေးပါ ဦးဗျ
Thura Htun • ဖြေကြားချက် 4 ခု
ငရုတ်ကောင်းမျိုး နိုင်ငံခြားမျိုးကောင်းရှိရင် ပြောပြပေး ကြပါ ဧရာဝတီတိုင်းပုသိမ်ဘက်ခြမ်းဆိုပိုအဆင်ပြေတယ်
စောလှထွန်း • ဖြေကြားချက် 1 ခု
စပါးအပင်တွင်းရှိတဲ့ဆစ်ပိုးကိုသေစေဖို့ဘာဆေးသုံးသင်လည်းဗျဆစ်ပိုးသေပီတော့အပင်ပြန်ပြည့်ဖို့အတွက်ဆစ်ပိုးကျတဲ့နေရာကိုပုလဲသုံးပီပက်ရင်ဆင်ပြေလား
ကိုမျိုး • ဖြေကြားချက် 2 ခု
မဂ်လာပါဗျခုနှစ်မှစမ်းစိုက်တဲ့ငရုတ်လေးမိုးများတော့သိပ်မကောင်းဘူးဖြစ်နေပါတယ်ဆရာမိုးတွင်းမစိုက်ပဲနွေရာသီမှာအစက်ချစနစ်နဲ့ခရမ်းချဉ်ဖြစ်ဖြစ်ငရုတ်ဖြစ်ဖြစ်အဆင်ပြေနိုင်လားမသိဘူးဖြစ်နေပါတယ်ရေသွင်းဖို့ကမြေကမညီဖြစ်နေပါတယ် 4/5လပိုင်းလောက်အပေါ်ဆိုနွေဒဏ်ကိုဘယ်သီးနှံကပို့သင့်တော်မလည်းဗျဆောင်းအပေါ်ဆိုကျနော်တို့ဘက်ဈေးသိပ်မရလို့ပါဗျကျေးဇူးတင်ပါတယ်ဗျ
naing lin • ဖြေကြားချက် 1 ခု
အစိမ်းလမ်း App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားမှု၊ ဝန်ထမ်း၏ ဝန်ဆောင်မှုအဆင်မပြေမှုတို့အား တာဝန်ရှိသူများမှ ခိုင်လုံစွာ ရှင်းလင်းပေးရန် တောင်းဆိုခြင်း တာဝန်ရှိသူများ (အစိမ်းရောင်လမ်း - Green Way Myanmar) ကျနော်အစိမ်းရောင်လမ်း App ကို ပုံမှန်ကြည့်ရှုအသုံးပြုနေသူတစ်ဦး ဖြစ်ပါသည်။ ယနေ့ ၁၈ ရက် ၈ လ ၂၀၂၆ ရက်၊ မွန်းလွဲ ၂:၂၅ နာရီဝန်းကျင်တွင် App ပေါ်၌ ဖော်ပြထားသော မာလာမြိုင် မန်ကိုဇက် ၈၀% WP (၁ ကီလိုလျှင် ၂၀,၁၀၀ ကျပ်) ဈေးနှုန်းကို တွေ့ရှိ၍ ဖုန်းနံပါတ် 09-799993322 သို့ ဆက်သွယ်ဝယ်ယူခဲ့ပါသည်။ သို့သော် ဖုန်းဆက်သွယ်မေးမြန်းသည့်အခါတွင် - ၁။ ဈေးနှုန်းလွဲမှားမှု - App တွင် ဖော်ပြထားသည့် ဈေးနှုန်း (၂၀,၁၀၀ ကျပ်) နှင့်မတူဘဲ ဈေးနှုန်း သုံးသောင်းကျော် ဖြစ်နေခြင်း။ ၂။ ဝန်ထမ်း၏ ဝန်ဆောင်မှု ပေါ့ဆမှု - နောက်တစ်ကြိမ် ထပ်မံဆက်သွယ်ရာတွင် "မင်္ဂလာပါ မာလာမြိုင်ကပါ" ဟု ပြောပြီးနောက် "အစိမ်းရောင်လမ်းကပါ" ဟု အကြောင်းပြန်ပြောစဉ် ဖုန်းကို ရုတ်တရက် ဒီဇိုင်းအတင်း ချသွားခဲ့ခြင်း။ စသည့် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သုံးစွဲသူ တောင်သူထု/အသုံးပြုသူများဘက်မှ App ပေါ်တွင် တင်ထားသော အချက်အလက်များကို ယုံကြည်၍ ဆက်သွယ်ရခြင်း ဖြစ်သော်လည်း ကုမ္ပဏီ၏ အပြောနှင့်အလုပ် မညီညွတ်ခြင်း၊ ဝန်ထမ်းများ၏ မလေးမစား ပြုမူဆက်ဆံခြင်း၊ App ပေါ်တွင် ကိုက်ညီမှုမရှိသော သတင်းအချက်အလက်နှင့် ဈေးနှုန်းများ တင်ပြထားခြင်းတို့ကြောင့် များစွာ စိတ်ပျက်ရပါသည်။ သို့ပါ၍ ဤဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် - App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားနေရသည့် အကြောင်းအရင်း၊ ဝန်ထမ်း၏ မလျော်ကန်သော ပြောဆိုပြုမူမှုတို့နှင့် ပတ်သက်၍ ခိုင်လုံသော အချက်အလက်များဖြင့် စနစ်တကျ ပြန်လည်ရှင်းလင်း အကြောင်းပြန်ပေးပါရန် တောင်းဆိုအပ်ပါသည်။ အကယ်၍ ဤကိစ္စအား ထိရောက်စွာ အကြောင်းပြန် ရှင်းလင်းပေးခြင်း မရှိပါက ပလက်ဖောင်းအသုံးပြုသူများ နစ်နာမှုမရှိစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများ (Facebook / YouTube) တွင် အထောက်အထားများနှင့်တကွ တင်ပြအသိပေးသွားမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။
TunThein • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
More from ဇင်ထူးနိုင်
အားလုံး
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026