အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နွားခြံဖွဲ့စည်းပုံ

နွားခြံဖွဲ့စည်းပုံ

MDEP
MDEP • MDEP • 26/01/2021

    နွားမတစ်ကောင်ကို ထုတ်ပယ်ရောင်းချရန် ဆုံးဖြတ်ရချိန်သည် မွေးမြူသူများအတွက် ခက်ခဲသည်။ နွားမတွေနဲ့ပတ်သက်ပြီး မွေးမြူသူအနေဖြင့် မည်သို့ခံစားချက်ရှိသည်ကို ထည့်သွင်းစဉ်းစားရမည့် အရေးကြီးအချက်များလည်း ရှိနေပါသည်။ အခုပြောပြပေးသွားမည့် အကြောင်းအရာကတော့ အကျိုးအမြတ်ရရှိသော နွားမွေးမြူရေးခြံဖြစ်ဖို့ မွေးမြူသူများ ထည့်သွင်းစဉ်းစားသင့်သည့် အချက်များဖြစ်ပါသည်။

    ခြံရှိနွားမတိုင်းသည် ထုတ်လုပ်မှုပေးနေရပါမည်။ နွားအုပ်စုအလိုက်ဖွဲ့စည်းပုံ စနစ်ကျနေဖို့လိုအပ်ပါသည်။ ခြံတွင် နို့ပေးနွားမအရေအတွက်၊ နွားကလေးအရေအတွက်နှင့် နွားထီးအရေအတွက် စသည်ကိုဆိုလိုပါသည်။ ထုတ်လုပ်မှုမပေးသော နွားမတစ်ကောင်သည် ခြံအတွက် ဝင်ငွေမရရှိဘဲ အစာစရိတ်ကုန်ကျစေပြီး ၎င်းတို့ကိုစောင့်ရှောက်ရသော အလုပ်တာဝန်များပိုစေသည်။

    နို့စားနွားခြံတစ်ခြံမှာ အရွယ်ရောက်ပြီးသော နွားမအရေအတွက်၏ ၄ ပုံ ၃ ပုံသည် နို့ပေးနေသော နွားမများဖြစ်နေရမည်။ နှစ်စဉ် ၂၀ ရာခိုင်နှုန်းခန့်သော နို့ထွက်နှုန်းနည်းသော နွားမများ၊ နေမကောင်းသောနွားမများ၊ အသက်အရွယ်ကြီးသော နွားမများကို ထုတ်ရောင်းပြီး နွားမတမ်းအငယ်များဖြင့် အစားထိုးမွေးမြူရမည်။ ထိုသို့ဆောင်ရွက်ရန်အတွက် နွားမတမ်းငယ် အလုံအလောက်ရှိနေရမည်။ ခြံအတွက် အရွယ်ရောက်ပြီးသော နွားသိုးတစ်ကောင် ရှိဖို့လိုအပ်သည်။ သို့မဟုတ် နွားသိုးကို အခြားမွေးမြူသူနှင့် မျှသုံးခြင်းသော်လည်းကောင်း၊ မေထုန်မဲ့သားစပ်ခြင်းသော်လည်းကောင်း ဆောင်ရွက်ခြင်း ပြုလုပ်ပါက ပိုကောင်းမွန်ပါသည်။ နွားထီးကလေးများကို ရောင်းချချိန်တွင် အမြတ်ရရှိသည်ကို သေချာမှသာ မွေးမြူထားသင့်သည်။ သွေးနီးသားစပ်ခြင်းမဖြစ်စေရန် အခြားခြံမှ မျိုးနွားထီးကိုသာ ဝယ်ယူမွေးမြူသင့်သည်။

    ဥပမာ - နွားမအကောင် ၅၀ ရှိသောခြံတွင် နွားဖွဲ့စည်းပုံကို ကောင်းစွာစီမံထားသောခြံနှင့် မစီမံထားသောခြံကို နှိုင်းယှဉ်ပြထားသည်။

ခြံ (၂) ခြံတွင် နွားအရေအတွက်တူညီသောကြောင့် အစာကုန်ကျစရိတ်တူညီမည်။ သို့သော် ကောင်းစွာစီမံသောခြံတွင် အစားထိုးအုပ်စုထက်ပိုသော နွားမတမ်းအရေအတွက်ကို ထုတ်ရောင်းသည်။ ထို့အပြင် နို့ခမ်းနွားများနှင့် နွားထီးလေးများကိုလည်း ထုတ်ရောင်းလေ့ရှိသည်။ စီမံမှုညံ့သောခြံတွင် အရွယ်ရောက်နွားထီးများ၊ နို့ခမ်းနွားများ၊ နို့နားနွားများနှင့် အစားထိုးအုပ်စုထက်ပိုသော နွားမတမ်းများကို ထုတ်ရောင်းခြင်းမရှိဘဲ မွေးမြူထားသည်။ ကောင်းစွာစီမံသောခြံတွင် နို့ထွက်နှုန်းပိုမိုရရှိမည်။

MDEP

You
MDEP

နည်းပညာမိတ်ဖက်အဖွဲ့

MDEP

Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာ​စေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။