အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ယင်ကောင်နက်(BSF) အတွက်အရေးအကြီးဆုံး မွေးမြူရေးယူနစ်ဖန်တီးခြင်း

ယင်ကောင်နက်(BSF) အတွက်အရေးအကြီးဆုံး မွေးမြူရေးယူနစ်ဖန်တီးခြင်း

သက်ခိုင်
သက်ခိုင် • 14/02/2023

 

BSF မွေးမြူရေး - ၈ 

BSF သားဖောက်စခန်းတစ်ခုတွင် လုပ်ငန်းယူနစ် ၅ ခု ဖွဲ့စည်းကာ စီမံခန့်ခွဲရန် အကြံပြုထားရာ အရေးအကြီးဆုံးယူနစ်မှာ BSF မွေးမြူရေးယူနစ် (BSF rearing unit) ဖြစ်ပါသည်။ ယင်းယူနစ်တွင် BSF ယင်ကောင်များ၏ ဘဝစက်ဝန်းကို လိုအပ်သလို ထိန်းချုပ်ကာ BSF သားလောင်းများနှင့်၊ သက်ကြီးယင်ကောင်များကို လိုအပ်သလောက် ထုတ်လုပ်ရမည် ဖြစ်သည်။

ဆောင်ရွက်ရမည့် လုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်သည် -

  • သက်ကြီးယင်ကောင်များ မိတ်လိုက်နိုင်အောင် လိုအပ်သည့်ပတ်ဝန်းကျင်အခြေအနေများကို ဖန်တီးပေးရမည်။
  • ယင်မများ ဥ အုချနိုင်အောင် စီမံဆောင်ရွက်ပေးရမည်။
  • ယင်ဥများကို သားလောင်းအဆင့်သို့ ရောက်ရှိအောင် ပြုစုပျိုးထောင်ရမည်။
  • သားလောင်းများကို အသုံးပြုကာ စွန့်ပစ်ပစ္စည်းအညစ်အကြေးများကို လျှော့ချမည်။
  • သားလောင်းများကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့် ပြုပြင်မှုများဆောင်ရွက်ရန် နောက်ထပ်ယူနစ်များသို့ ပို့ဆောင်ရမည် ဖြစ်သည်။

အထက်ပါလုပ်ငန်းများကို ဟန်ချက်ညီညီ နေ့စဉ်ဆောင်ရွက်နိုင်ရန်အတွက် သက်ကြီးယင်ကောင်မည်မျှဖြင့်  သားလောင်းကောင်ရေ မည်မျှထုတ်လုပ်မည်ကို ကြိုတင်စီမံထားရန် လိုအပ်သည်။ 

နေ့စဉ်သားလောင်းထုတ်လုပ်မှုကို “၅ ရက်သား သားလောင်း (five day old larvae သို့မဟုတ် 5-DOL)” ဖြင့် တိုင်းတာလေ့ရှိသည်။ 

BSF rearing unit ၏ အဓိကတာဝန်မှာ BSF ယင်ကောင်များ၏ ဘဝစက်ဝန်းရှိ အဆင့်တစ်ဆင့်ချင်းစီကို လူကထိန်းချုပ်ကာ လိုအပ်သလို ထုတ်လုပ်ခြင်းဖြစ်ရာ၊ 5-DOL ထွက်ရှိနှုန်းသည် ယင်းအဆင့်တစ်ဆင့်ချင်းစီရှိ ရှင်သန်နှုန်း (survival rate) များပေါ်တွင် မူတည်သည်။ 

ဆိုလိုသည်မှာ ယင်မတစ်ကောင်မှ အုချလိုက်သော ဥများအားလုံးမှာ သားလောင်းအဆင့်သို့ ရောက်ရှိနိုင်မည်မဟုတ်ပါ။ အချို့မှာ ပျက်စီးသွားမည် ဖြစ်ပါသည်။ မပျက်စီးဘဲ ကျန်ရှိနေသည့် ယင်ဥများကသာ သားလောင်းအဆင့်သို့ ရောက်ရှိလာမည် ဖြစ်ပါသည်။ သားလောင်းဖြစ်ပြီးနောက် အချို့မှာ သေကြေပျက်စီးသွားမည်ဖြစ်ပါသည်။ ကျန်ရှိသည့် သားလောင်းများကသာ ပိုးရုပ်ဖုံးလောင်းဘဝသို့ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။ ပိုးရုပ်ဖုံးလောင်းအချို့သည်လည်း ပျက်စီးသွားမည်ဖြစ်ပြီး ကျန်ရှိ သည့် ပိုးရုပ်ဖုံးများကသာ သက်ကြီးယင်ကောင်ဘဝသို့ ရောက်ရှိလာနိုင်မည် ဖြစ်ပါသည်။ 

BSF ယင်ကောင်သားလောင်းများဖြင့် ဇီဝအညစ်အကြေးများ ပြုပြင်ထုတ်လုပ်အသုံးချခြင်း - လက်တွေ့ဆောင်ရွက်ပုံအဆင့်ဆင့် (Black Soldier Fly Biowaste Processing: Step-by-Step Guide)” စာအုပ်တွင် ရှင်သန်နှုန်းနှင့် ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံတွင် ဆောင်ရွက်ထားသည့် သုတေသနလုပ်ငန်းမှ ရလဒ်များကို ဖော်ပြထားပါသည်။

ယင်းစာအုပ်၏ အဆိုအရ

  • ယင်မတစ်ကောင်သည် ဥ အလုံးရေ ၃၅၀ ခန့် ဥချနိုင်ပါသည်။ 
  • ယင်းတို့အနက် ဥ ၇၀ ရာခိုင်နှုန်း (၂၄၅ ဥ) ကသာ သားလောင်းဘဝသို့ ရောက်ရှိလာမည် ဖြစ်ပါသည်။ 
  • သားလောင်း ၇၀ ရာခိုင်နှုန်း (၁၇၂) ကောင်သာ ဆက်လက်ရှင်သန်ပြီး ပိုးရုပ်ဖုံးဘဝသို့ ရောက်ရရှိနိုင်ပါသည်။
  • ပိုးရုပ်ဖိုးများအနက် ၈၀ ရာခိုင်နှုန်း (၁၃၇) ကောင်ခန့်သာ သက်ကြီးယင်ကောင်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ 

 

ပုံ - အင်ဒိုနီးရှား BSF မွေးမြူရေးယူနစ်၏ ထုတ်လုပ်မှုအညွှန်းကိန်း (performance indicator) များ(Source: Black Soldier Fly Biowaste Processing: Step-by-Step Guide)

အဆိုပါ ရှင်သန်နှုန်းရာခိုင်နှုန်းများကို အသုံးပြုကာ 5-DOL ထုတ်လုပ်မှုကို စီမံခန့်ခွဲနိုင်မည် ဖြစ်ပါသည်။ သို့သော် အထက်ဖော်ပြပါရှင်သန်နှုန်းများမှာ အင်ဒိုနီးရှားနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် သားဖောက်စခန်းမှ ရလဒ်များသာဖြစ်ပြီး သားဖောက်စခန်းတစ်ခုနှင့်တစ်ခုတော့ ကွာခြားချက်များ ရှိနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ သားဖောက်စခန်း စတင်တည်‌ထောင်လိုသူများအနေဖြင့် ယင်းကိန်းဂဏန်းများကို ယေဘုယျသဘောအဖြစ် စတင်အသုံးပြုကာ ဆောင်ရွက်နိုင်ပါသည်။ 

BSF rearing unit တွင် ဆောင်ရွက်ရမည့် လက်တွေ့လုပ်ငန်းများကို အောက်ပါအတိုင်း အစီအစဉ် ချမှတ်နိုင်မည် ဖြစ်ပါသည် - 

  • ယင်မများက ဥများကို သတ်မှတ်နေရာတစ်ခုတည်းတွင် စုပုံဥချရန် အလွန်အရေးကြီးသည်။ သို့မှသာ ဥများကို ရယူရန် လွယ်ကူစေမည် ဖြစ်သည်။ ထို့ကြောင့် ယင်မများ ဥချရန်အတွက် Eggies ဟု ခေါ်သော ဥကျင်း (medium) ကို ဖန်တီးပေးရမည်။
  • ယင်မများ ဥ အုချထားသော Eggie များကို သိမ်းယူပြီးနောက် သားလောင်းခံဗန်း (hatching container) ပေါ်တွင် ထားရှိပေးကာ ဥ မှ သားလောင်းပေါက်လာအောင် ဆောင်ရွက်ရပါမည်။
  • သားလောင်းခံဗန်းထဲမှ ရရှိသော 5-DOL သားလောင်းအနည်းငယ် (၂-၅%) ကို BSF မွေးမြူရေးယူနစ်တွင် မျိုးအတွက် ချန်ထားရပါမည်။ 
  • မျိုးအတွက် ချန်ပြီးနောက် ကျန်ရှိနေသည့် 5-DOL များကို သားလောင်းခံဗန်းထဲမှ ဖမ်းယူကာ ရေတွက်ပေးရမည်။ ရရှိသော အရေအတွက်ပေါ်မူတည်၍ သတ်မှတ်ထားသော ပမာဏရှိသည့် အညစ်အကြေးများ (၄င်းတို့အတွက်အစာများ)ထဲသို့ ထည့်ပေးကာ အညစ်အကြေးများအား ပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းကို ဆက်လက်လုပ်ဆောင်နိုင်အောင် “BSF အညစ်အကြေးပြုပြင်ထုတ်လုပ်မှု ယူနစ် (BSF waste treatment unit)” သို့ ပို့ဆောင်ရမည် ဖြစ်သည်။ 
  • မျိုးအတွက် ချန်ထားသည့် 5-DOL များကို ပိုးရုပ်ဖုံးနှင့် သက်ကြီးယင်ကောင်များအဖြစ်သို့ ရောက်အောင် ဆက်လက်မွေးမြူရမည်။ 
  • သက်ကြီးယင်ကောင်များကို ဆက်လက်ထိန်းသိမ်းထားပြီး၊ သားလောင်းလိုအပ်ချက်ပေါ်မူတည်၍ မိတ်လိုက်စေခြင်း၊ ဥ အုချစေခြင်းများ ပြုလုပ်စေမည် ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

U Aung Kyaw Moe

U Aung Kyaw Moe

လွန်ခဲ့သော ၁၂ နာရီ က

မိမိကိုယ်တိုင် ထောင်ဖမ်းလို့ရယူနိုင်ပါတယ် စာအုပ်ကိုသေချာဒေါင်းလော့လုပ်ပြီး နားလည်သည်အထိ အကြိမ်ကြိမ်ဖတ်ကြည့်စေချင်

လူမုန်း

လူမုန်း

လွန်ခဲ့သော ၅ လ က

ယင်မဲသားလောင်း ဘယ်မှာဝယ်ယူနိုင်တယ်ဆိုတာ ပြောမထားတော့ ကျုပ်တို့က ဘာလုပ်လို့ရမယ်။ဖတ်ရတာမျက်စိညောင်းရုံနဲ့ဘေကုန်ရုံပဲရှိတော့တာပေါ့

U Aung Kyaw Moe

U Aung Kyaw Moe

လွန်ခဲ့သော ၁ နှစ် က

တကယ်လုပ်သင့်တဲ့ မွေးမြူရေးစနစ်တခုပါ ပတ်ဝန်းကျင်သန့်ရှင်းရေးအပြင် စွန့်ပစ်ပစည်းတွေမှတဆင့် စိုက်ပျိုးရေးကဏ္ဍမှာ အကျိုးရှိမဲ့ ‌တန်ဘိုးနဲမြေဩဇာ ထုတ်ကုန်ရရှိစေမဲ့အပြင် ငါးမွေးမြူရေးကဏ္ဍအတွက်လည်း အစာကုန်ကျစရိတ်ကို လျှော့ချစေမှာ ဖြစ်တဲ့အပြင် aquaponic စနစ်လေးနဲ့ပါ တွဲပြီးလုပ်မယ်ဆိုရင်တော့ဖြင့် စိုက်/မွေး ကဏ္ဍအပြင် မြေဩဇာထုတ်ကုန်တွေပါ ရရှိစေမှာမို့ အင်မတန်အကျိုးများစေမယ်လို့ ယုံကြည်မိပါတယ်

Pont

Pont

လွန်ခဲ့သော ၂ နှစ် က

ရန်ကုန်ကပါ ဘယ်မှာဝယ်ရလည်းသိချင်ပါတယ်ရှင့်

mg loon

mg loon

လွန်ခဲ့သော ၃ နှစ် က

ယင်နက် စျေးကွက်လေးရှင်းပြပါ

You

ဆက်စပ်မေးခွန်းများ

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ

ဟံ • ဖြေကြားချက် 1 ခု

နွား၀အောင် ဘယ်လို ကျွေးမွေးရပါသလည်းခင်ဗျ

နံပတ်2 • ဖြေကြားချက် 6 ခု

နွားဝယ်လာတာနွားကအစားကောင်းမစားအနည်းငယ်သာစားအစားကောင်းလာအောင်ဝလာအောင်ဘယ်လိုလုပ်ရမလဲဖြေပေးကျပါဗျအစားစားလာအောင်အဓိကရှင်းပြပေးပါဆေးနည်းပြောပေးပါ

zin Phyo naung • ဖြေကြားချက် 3 ခု

ဝက်ဝယ်သူတွေမရှိတာဆိုးတယ်နော် ရှိတော့လည်း စျေးနှိမ်ကျတယ် တကယ်အစစ်အမှန်ကုန်သည်နဲ့တွေကျတယ် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် တိုက်စွန်းအောက်အင်းကျေးရွာ အောက်အင်းကျေးရွာကပါ ကူညီကြပါအုန်း အဆက်အသွယ်ကောင်းတွေနဲ့

Han Min Htut • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။