တစ်ညတည်း တံစဉ်နဲ့ ရိတ်ထားသလို ကိုက်ဖြတ်စားသောက်နိုင်တဲ့ စပါးငမြှောင်တောင်
Scientific name = Mythimna separata
Other Scientific Names
- Cirphis separata
- Cirphis unipuncta Haworth
- Leucania consimilis Moore
- Leucania separata Walker
- Pseudaletia separata Walker
English name
- eating caterpillaroriental armyworm
- paddy army worm of Gramineae
- paddy climbing armyworm
- rice armyworm
- rice ear cutting caterpillar
- southern armyworm
ဘာကြောင့် armyworm လို့ခေါ်သလဲ?
စပါးခင်းများကို စစ်တပ်ချီတက်သကဲ့သို့ အုပ်စုလိုက် စားသောက်ဖျက်ဆီးပြီး တနေရာမှ အခြားတနေရာ စပါးတစ်ခင်းပြီး တစ်ခင်း၊ ချီတက်စားသောက်တတ်လို့ rice armyworm ခေါ်ကြပါတယ်။
၁။ အသွင်အပြင်လက္ခဏာ
ဥ
လုံးဝိုင်းပုံသဏ္ဍာန်ရှိပြီး အစင်းကြောင်းများ သို့မဟုတ် ပိုက်ကွန်ပုံသဏ္ဍာန်ရှိပါတယ်။ အချင်း ၀.၄ မှ ၀.၆ မီလီမီတာခန့်ရှိပါတယ်။
စပါးရွက်ပေါ်မှာ အစုလိုက်ဥပြီး ၊အစပိုင်းတွင် အဖြူရောင်၊ နောက်ပိုင်း တွင်အညိုရောင်ဖြစ်လာတာတွေ့ရပါတယ်။
လောက်ကောင်
အစိမ်းရောင်မှ အညိုရောင်အထိရှိနိုင်ပြီး ကိုယ်ပေါ်တွင် အလျားလိုက် အဖြူနှင့် အညိုစင်းများ ရှိပါတယ်။
ရုပ်ဖုံး (Pupa)
မြေကြီးအတွင်း ၂–၅ စင်တီမီတာခန့် အနက်မှာ၊ ပိုးတုံးလုံး ရုပ်ဖုံးအဖြစ် ကြာရှည်စွာနေနိုင်ပါတယ်။
ဖလံ (Adult moth)
အရောင်မှာ အညိုရောင်ဖြစ်ပြီး ညမီးအရောင်ကို ကြိုက်နှစ်သက်ပါတယ်။
ဒါကြောင့် "ပိုးဖလံမျိုး၊ မီးကိုတိုး၊ ကိုယ်ကျိုးနည်းတတ်သည်"လို့ ရှေးအဆိုရှိခဲ့ပါတယ်။
အထူးသဖြင့် လမိုက်ည/လကွယ်ညတွေမှာ ဖလံတွေ မြူးတူး လှုပ်ရှားတတ်ကြပြီး လဆန်းရက်မှာ ဥချတတ်ပါတယ်။

၂။ ဘဝစက်ဝန်း
ဥ ဘဝ (၃–၇ ရက်)
လောက်ကောင် (၁၅–၂၅ ရက်)
ပိုးတုံးလုံး (၇–၁၄ ရက်)
ဖလံ (၇–၁၅ ရက်)
စုစုပေါင်း ၃၀–၄၅ ရက်ခန့်ဖြင့် ဘဝစက်ဝန်းတစ်ပတ်လည် နိုင်ပါတယ်။
၃။ စားသောက်ဖျက်ဆီးပုံ
ညဘက်တွင်သာ စားသောက်ဖျက်စီးပါသည်။ နေ့ခင်းဘက်တွင် စပါးပင်ခြေရင်း၊ မြေကြီးပတ်ကြားအက်ကွဲကြောင်းနှင့် ပေါင်းမြက်များထဲ၌ ပုန်းအောင်းနေပြီး၊ ညမှောင်မှသာ အပင်ပေါ်တက်၍ အလွန်မြန်ဆန်စွာ ကိုက်ဖြတ်စားသောက်ကြပါတယ်။
အရွက်များကို အကြောပဲကျန်အောင်စားပြီး စပါးရွက်နု၊ ရွက်ရင့်မရွေး ကိုက်စားပါတယ်။ ဖျက်ဆီးမှုပြင်းထန်ပါက အရွက်တစ်ခုလုံး ကုန်သွားပြီး ရွက်လယ်အကြောမကြီးများသာ တံမြက်စည်းကဲ့သို့ ကျန်ခဲ့ပါတယ်။
စပါးအနှံထွက်ချိန်တွင် ကျရောက်ပါက စပါးနှံ၏ အခြေမှ ကိုက်ဖြတ်ပစ်သဖြင့် စပါးနှံများ မြေပေါ်သို့ ပြတ်ကျတတ်ပါတယ်။
အုပ်စုလိုက် ချီတက်ပြီး တစ်ညတည်းနှင့် တံစဉ်ဖြင့် ရိတ်ထားသကဲ့သို့ ပြောင်အောင်စားနိုင်ပါတယ်။
၄။ ဖြစ်ပွားလွယ်သော အခြေအနေ
"ရေကြီး၊ မိုးခေါင်...ငမြောင်တောင်"လို့ တောင်သူကြီးများ မှတ်သားထားကြသလို ဇွန်၊ ဇူလိုင်မှာ ရေကြီးပြီး July drought ကဲ့သို့ မိုးခေါင်သော အခြေအနေမျိုးမှာ စပါးငမြောင်တောင် outbreak ဖြစ်တတ်ပါတယ်။
အုံ့မှိုင်းစွတ်စိုနေသောအခြေအနေ ပေါင်းမြက်ပေါများသော လယ်ကွင်း နိုက်ထရိုဂျင် (ယူရီးယား) အလွန်များသောစပါးခင်း၊ မိုးရွာပြီးနောက် စိုထိုင်းဆမြင့်သောအခြေပနေမျိုးတွင် ငမြောင်တောင်ကျရောက်တတ်ပါတယ်။
၅။ တွေ့ရှိရသောလက္ခဏာ
- စပါးရွက်များ ကိုက်စားထားသည့် အပေါက်များ၊
- အရွက်ဖျားများ ပြတ်တောက်နေခြင်းများ၊
- နံနက်စောစောတွင် လောက်ကောင်များကို အပင်အောက်ခြေတွင် တွေ့ရတတ်ခြင်း။
- နေ့ခင်းတွင် မြေကြီးပတ်ကြားအက်များ၊ ရိုးတံအောက်တွင် ပုန်းနေတတ်ခြင်းတို့ကိုတွေ့ရပါတယ်။
၆။ စောင့်ကြည့်ခြင်း
- ညဘက် ဓာတ်မီးဖြင့် စစ်ဆေးပါ။
- ၁ စတုရန်းမီတာ(၃ပေပတ်လည်)လျှင် လောက်ကောင် ၃–၅ ကောင်ထက်ပို တွေ့ပါက ဆေးဖျန်းဖို့ လိုအပ်ပါတယ်။
- ဖလံဖမ်းရန် light trap မီးထောင်ချောက် သို့မဟုတ် pheromone trap အသုံးပြုနိုင်ပါတယ်။
၇။ IPMနည်းဖြင့် ကာကွယ်နှိမ်နင်းနည်း
စိုက်ပျိုးရေးနည်းလမ်း
- စပါးခင်း ပတ်ဝန်းကျင် ပေါင်းမြက်ရှင်းပါ။
- နိုက်ထရိုဂျင်ကို လိုအပ်သလောက်သာ အသုံးပြုပါ။
- ရေသွင်းရေထုတ် စနစ်တကျလုပ်ပါ။
ဇီဝနည်းဖြင့်ကာကွယ်နည်း
- ငှက်များ၊ ပင့်ကူများ၊ ကပ်ပါးပိုးများကို ထိန်းသိမ်းပါ။
- Bacillus thuringiensis (Bt) ကို လောက်ကောင်ငယ်စဉ်တွင် အသုံးပြုပါ။
ဓာတုဆေးဖြင့်နှမ်နင်းနည်း
ငမြောင်တောင် ငယ်စဉ်(အဆင့်၁/၂/၃)တွင် ဖျန်းလျှင် အထိရောက်ဆုံးဖြစ်ပါတယ်။
အသုံးပြုသင့်သော ပိုးသတ်ဆေးai(Active Ingredients )များမှာ
- Chlorantraniliprole
- Emamectin benzoate
- Spinetoram
- Spinosad
- Indoxacarb
- Flubendiamide
ဆေးအာနိသင် ပိုမိုထိရောက်စေရန် ပိုးသတ်ဆေးကို စွဲကပ်/ပျံ့နှံ့ဆေးဆေး အသုံးပြုပါ။
ညနေချိန်တွင်သာ ဆေးဖျန်းပါ။
(အကယ်၍ စပါးငမြောင်တောင် outbreakယူ ယူဆပါက နီးစပ်ရာ စိုက်ပျိုးရေးနည်းပညာရှင်များထံ အမြန်ဆုံးဆက်သွယ်ပါ။)
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးငမြှောင်တောင်
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ma paneikhaing
လွန်ခဲ့သော ၂ လ ကစပါးပင်အဖျားရွက်၀ာနေတာ ဘာဖစ်လို့လဲရှင့်
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါ စိုက်ပျိုးရေးပညာရှင်များခင်ဗျာ။ ကျွန်တော့်စပါးခင်းမှာ ဂုတ်ကျိုးရောဂါ ဝင်နေပါတယ်။ လက်ရှိ စပါးက နို့ရည်ဝင်အဆင့်တော့ကျော် ဖြစ်ပါတယ်။ ရိတ်သိမ်းဖို့ ရက် ၂၅ခန့် လိုပါသေးတယ်။ စပါးခင်းတစ်ခင်းလုံး ရောဂါပျံ့နှံ့နေပါတယ်။ စပါးနှံ ၃၀% ခန့် ဂုတ်ကျိုးပြီး ဖြူခြောက်နေပါတယ်။ ရောဂါကလည်း နေ့စဉ် တိုးလာနေပါတယ်။ မေးချင်တာက— ၁။ ဒီအချိန်မှာ မှိုသတ်ဆေး ဖျန်းသင့်ပါသလား။ ၂။ ဖျန်းသင့်တယ်ဆိုရင် ဘယ်ဆေးအမျိုးအစား သုံးသင့်ပါသလဲ။ ၃။ ရိတ်သိမ်းဖို့ ရက် ၃၀ သာလိုတော့တဲ့အတွက် ဘယ်ဆေးက သင့်တော်ပါသလဲ။ ၄။ ကျန်ရှိနေတဲ့ စပါးနှံတွေကို ရောဂါမထပ်ပြန့်အောင် ကာကွယ်နိုင်ပါသလား။ အခုပုံက ရိုက်ထားတာ ၂ရက်ရှိပါပီဗျာ အကြံဉာဏ်ပေးကြပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Nyi Nyi Aung • ဖြေကြားချက် 0 ခု
မုိခါ မျိုး27ရက်သား 10ရက်သားခန့် တန်းရှင်း ရွေးချယ် ၊ 15ရက်သားကျော်ကယူနတီမှိုဆေးဖြန်းထားပြီး 25ရက်သားက(ပုံပါ) ပိုးသတ်ဆေးဖြန်းထားပါတယ် အပင်တွေ သေနေလို့ တစ်ချို့က ပုံပါအတိုင်းအညွှန့်ပုပ်ပုပ် သွားလို့ ပိုးကြောင့်လား မှိုကြောင့်လား ဖြေပေးပါဦး ဆရာတို့
Hlaing Min Tun • ဖြေကြားချက် 1 ခု
ကျွန်တော်ပဲတီိစိမ်းအခင်းအပင်တွေညိုးသေနေပါတယ်မြေကြီးကလည်းအလွန်စိုနေပါတယ်ပဲပင်ဆက်မသေအောင်ဘယ်လိုကာကွယ်ကုသရမလဲဆရာ
လက်တွေ့တောင်သူ • ဖြေကြားချက် 1 ခု
ဆင်းသုခစပါးအရွက်တွေအဝါရောင်ဖြစ်နေလို့ပြန်ကောင်းအောင်ဘယ်လိုလုပ်ရမလဲ
Hein Hein Htet • ဖြေကြားချက် 1 ခု
သီးလုံးဖောက်ပိုးနဲ့ ပွင့်ထွေးပိုးကတစ်မျိုးတည်းလား ဘယ်လိုကွာလဲ ဆရာ
Saw Samson • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
More from Thar Po
အားလုံး