အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရိတ်သိမ်းချိန်လွန် ပိုးမွှားများ - သီးထိုးယင် Mango Fruitfly

ရိတ်သိမ်းချိန်လွန် ပိုးမွှားများ - သီးထိုးယင် Mango Fruitfly

သရက်သီးနှံ၏ အဆိုးဆုံးပိုးတစ်မျိုးဖြစ်သည်။ သီးထိုးယင်ဥသည် အသီးအသားအတွင်းသို့ ထိုးဖောက် ဥပြီး သား လောင်းများကြီးလာပါက အသီး၏အတွင်းသားကို စားသောက်ဖျက်ဆီးပါသည်။ သားလောင်းမှ ပိုးရုပ်ဖုံးအဆင့်ပြောင်း လဲခြင်းကို မြေကြီးအတွင်းတွင် ပြုလုပ်သည်။ သရက်တွင်သာမက သစ်သီးဝလံအမျိုးမျိုးတွင် ကျရောက်တတ်သည်။ သီးထိုးယင်မသည် အသီးများကို ထိုးဖောက် ဥ အု၍ ဖျက်ဆီးတတ်သည်။ အသီးအတွင်းမှ သားလောင်းငယ်သည် အသီး၏ အတွင်းသားကို စားသောက်ဖျက်ဆီးသည်။

သီးထိုးယင်၏ ဘဝသံသရာစက်ဝန်း 

ဥ အဆင့် - အသီးအခွံအောက်ခြေမှ ၂ စင်တီမီတာအကွာတွင် ဥ အုသည်။ အကောင်ပေါက်ရန် (၅-၇) ရက်ကြာတတ်သည်။

သားလောင်းအဆင့် -  လောက်ကောင်အမျိုးအစားဖြစ်သည်။ (၇ - ၁၁)ရက် ကြာမြင့်တတ်သည်။ 

ရုပ်ဖုံးဘဝ -  ပိုးရုပ်ဖုံးဘဝမှ အကောင်ကြီးဖြစ်ရန် (၉-၁၂) ရက်ခန့်ကြာသည်။

အကောင်ကြီးဘဝ -  သက်တမ်း (၁ - ၃) လခန့်ကြာမြင့်သည်။

ဖျက်ဆီးပုံ 

အကောင်ကြီးသည် အသီးခွံအားဖောက်ပြီး ဥ အုသည်။ အသီးခွံ အရောင်အဆင်းပျယ်ပြီး ရောဂါဝင်လွယ်သည်။ လောက်ကောင်သားလောင်းသည် အတွင်းသားတစ်သျူးကို စားပြီးဖျက်ဆီးသည်။

ကာကွယ်နှိမ်နှင်းနည်းများ

- ဓာတုပိုးသတ်ဆေးများကို မသုံးပဲ နှိမ်နှင်းပါ၊

- ဇီဝသက်ရှိကို အသုံးပြု၍ နှိမ်နှင်းပါ။

- စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်များဖြင့်နှိမ်နှင်းပါ။

- သီးထိုးယင် မကျရောက်သည့်အခြားသီးနှံများနှင့် သီးနှံရောစိုက်ခြင်း၊ စိုက်ခင်းအတွင်း သန့် ရှင်းရေးပြုလုပ်ခြင်း၊        ပင်ခြေရှိမြေကြီးအား ထွန်ယက်ပေးခြင်း၊ သရက်သီးများ အိတ်စွပ်ခြင်း၊ ပိုးပြေးစေသော အနံ့ရှိသည့် ဓာတုပစ္စည်း များချိတ်ဆွဲခြင်း။

- ဓာတုနည်းဖြင့်နှိမ်နှင်းခြင်း။

- အစာနှင့် အဆိပ် ရောနှောပက်ဖျန်းခြင်း။(1/2 ပရိုတင်းနှင့် ပိုးသတ်ဆေးအတွဲ)

- အဖိုမြုံစေသောနည်း။( မီသိုင်း ယူဂျီနောနှင့် ပိုးသတ်ဆေး)

- အဖိုမြုံနေသော ပိုးများကို ကွင်းအတွင်းလွှတ်၍ အမများ မျိုးမအောင်စေခြင်း။ 

သရက်သီးခူးဆွတ်ပြီးချိန်တွင် အသီးတွင်းပါရှိသော သားလောင်းများကို နှိမ်နှင်းရန်

- ရေ ၅၃ ဒီကရီ စင်တီဂရိတ်တွင် ၁၀ မိနစ်ခန့် စိမ်ပေးပါ။

- မီးခိုးမှိုင်းတိုက်ပေးခြင်း။

- EBD 16 ဂရမ်/မီတာကို အပူချိန် ၂၆ ဒီဂရီ စင်တီဂရိတ်တွင် ၂ နာရီကြာထားရပါမည်။ 

ဒေါ်သက်သက်နွယ်

  

You

ဆက်စပ်မေးခွန်းများ

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 1 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခဗျာ ဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 5 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။