မျိုးဖောက်ငါးကန် ပြင်ဆင်တူးဖော်နည်း
ငါးများကို စီးပွားဖြစ်အကြီးအကျယ်မွေးမြူသူများအဖို့ မျိုးဖောက်ရန် ငါးကြီးကန်၏ ဧရိယာပင် တစ်မတ် မှ တစ်ဧကအထိရှိ၍ ရေစောက်အနက်မှာ ၅ပေ ရှိသည်။ ရေသွင်း၊ရေထုတ်ပိုက်များ တပ်ဆင်ထားသည်။ ခြေနိုင်လက်နိုင်မွေးမြူသူများအတွက်မူ ဤမျှ အကျယ်အဝန်း ဧရိယာ အကျယ်မလိုပါပေ။ ဂျပန်နိုင်ငံ၌ လယ်ကွက်များတွင် ငါးမှုန်များကို မျိုးပွားယူရန်အတွင် မျိုးဖောက်ငါးကြီးများ ငါးကန်ထားကြပြီး အချို့နိုင်ငံများတွင်မူ မျိုးငါးများကို ရိုးရိုးငါးမွေးကန်တွင်ပင် ထည့်မွေးသည်။
မျိုးငါးကန်ကို အေးမြသောလေအေး ရုတ်တရက်မတိုက်နိုင်သော လေဟာပြင်နေရာမျိုးကို ရွေးချယ်ပြီး တူးရသည်။ အဘယ်ကြောင့်ဆိုသော် ရာသီဥတုအေးလျှင် သားပေါက်မှုနောက်ကျသည်ဟု ယုံကြည်ကြသောကြောင့် ဖြစ်၏။
ခိုင်ခံ့သောကန်ပေါင်များရှိပြီး လုံလောက်သော ရေတံခါးများရှိလျှင် ပိုမိုကောင်းပါသည်။ မျိုးငါးကြီးများအား လိုအပ်သောအာဟာရဓာတ်များပါသည့် အစာများကို ကျွေးရန် ဂရုစိုက်ရပါသည်။
သားဖောက်ခါနီးတွင် လက်ရွေးစင်မျိုးငါးကြီးများကို ငါးလှောက်ကန် များတွင် ခေတ္တထည့်၍ အထီးအမ ခွဲခြားထားရသည်။

မျိုးငါးကြီးများ ခေတ္တထားရသည့် လှောင်ကန်
လှောင်ကန်ပြုလုပ်ရန် မျှင်ဝါးလုံးတိုင် လေးတိုင်လိုအပ်ပါသည်။ လှောင်ကန်အရွယ်အစားအလိုက် မြေတွင်ခိုင်မြဲစွာ စိုက်ရပါမည်။ ယိုင်လဲမသွားစေရန် ဝါးလုံးတန်းများဖြင့် ထိန်းထားဖို့လိုပါမည်။ လှောင်ကန်အရွယ်အစားမှာ ၆ ပေ × ၆ ပေ × ၃ ပေ ရှိ၍ ခြင်ထောင်ဇာ သို့မဟုတ် နိုင်လွန်ဇာကွက်ရှိသော ပိတ်စဖြင့် ပတ်ပတ်လည် လုံခြုံစွာ ချုပ်ထား၏။ ထောင့် ရှစ် ထောင့်၌ ဝါးလုံး များတွင်ချည်ရန် ကွင်းများပါသည်။ အထက်ပိုင်းတွင် ငါးများထည့်သွင်းနိုင်ရန် အပေါက်ငယ်ရှိသည်။ အဆိုပါအပေါက်တွင် ငါးများ ခုန်မထွက်နိုင်ရန် အပိတ်တစ်ခု ထားပေးရသည်။
လှောင်ကန်အပေါ်ပိုင်းကို ရေမျက်နှာပြင်မှ ၆ လက်မ ၁၀ လက်မခန့် အမြင့်၌ ထောင့်လေးထောင့်ကို ဝါးလုံးတိုင် ၄ တိုင်တွင် ဆွဲ၍ချည်သည်။ ဤနည်းအတိုင်း အောက်ဘက်လေးထောင့်ကိုလည်း ဆွဲ၍ချည်ထားသော လှောင်ကန်ဖြစ်သည်။ စိုက်ထားသောဝါးလုံးသည် လှောင်ကန်ထက် တစ်တောင်ခန့် မြင့်ထားရသည်။
အထက်ပါလှောင်ကန်များတွင် မျိုးဖောက်မည့် ငါးကြီးများကို အထီးအမခွဲခြား၍ သားမဖောက်ခင် ခေတ္တလှောင်ထားရပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
အီးအမ်1ကိုဘယ်မှာဝယ်လို့ရမလဲအသေးစိတ်ပြောပြပေးပါ
ကျော်မျိုးလှိုင် • ဖြေကြားချက် 5 ခု
ကန်ထဲ ရေနည်းလို့ စက်တွင်းရေ သွင်းလို့ရပါသလား။ ရေပုပ်နိုင်ပါသလား
Aung Kyaw Moe • ဖြေကြားချက် 1 ခု
အသစ်တူးထားသည့် ငါးကန်အတွက် ရေသွင်း ရေလှယ်စန် များတပ်ဆင်ချင်လို့ ဘယ်ကိုဆက်သွယ်ရမလဲဗျ။ ၁၅မိုင်ကပါ
Hein Thant • ဖြေကြားချက် 2 ခု
အသစ်တူးဖေါ်ထားသည့် ငါးကန်အတွက် ျရသွင်းရေထုတ်စနစ် လုပ်ချင်လို့ ဘယ်လိုဆက်သွယ်ဆောင်ရွက်ရမလဲခင်ဗျ
Hein Thant • ဖြေကြားချက် 1 ခု
အကြံပေးကြပါအုံး ငါးကန်မွေးမြူရေးလုပ်ချင်ပါတယ် သိုလှောင်ရေက ဘယ်လောက်ကြာရင် အသစ်ပြန်လဲသင့်လေး ဖြေခဲ့ကျပါအုံး
sanmoetun • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဦးဇော်(dof)
အားလုံး
ငါးမျိုးပွားကန် ပြင်ဆင်တူးဖော်နည်း
30/01/2024
ငါးကန်တွင်းရှိ အင်းဆက်များကို နှိမ်နင်းနည်း
29/12/2023
ငါးမွေးမြူရေးတွင် "ဆား"အသုံးပြုပေးခြင်းဖြင့် ရရှိမည့် အကျိုး (၃) ခု
21/12/2023
မွေးမြူရေးနဲ့ ရေလုပ်ငန်းမှာ အီးအမ်သုံးပေးမယ်ဆိုရင်..
06/12/2023
ငါးမွေးကန်များတွင် ရေဩဇာဓာတ်ပြည့်ဝစေရန် ထည့်သွင်းနိုင်သည့် မြေဩဇာနှင့်အချိုးအစား
22/11/2023