အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ငါးဆားနယ်/ငါးပိကောင်ပြုလုပ်နည်း

ငါးဆားနယ်/ငါးပိကောင်ပြုလုပ်နည်း

ငါးပိကောင် (သို့) ငါးဆားနယ်ကို အောက်ပါအဆင့်အတိုင်း ပြုလုပ်ရမည်။

၁။ လတ်ဆတ်သောရေချို၊ ရေငန်ငါးများ ရွေးချယ်လက်ခံခြင်း

၂။ ငါးအကြေးထိုး အူထုတ်သန့်စင်ခြင်းနှင့် ရေဖြင့်သန့်အောင်ဆေးခြင်း (ငါးအကောင်လိုက်၊ ထက်ခြမ်းခွဲ၊ အမြှောင်းလိုက်၊ ငါးအသားတုံး)

၃။ ဆား ၂၀% (သို့) ၃၀%ဖြင့် အခြောက်နယ်ခြင်း (သို့) ဆားရည်ပျစ်ပျစ်စိမ်ခြင်း

၄။ ၂ ရက်မှ ၃ ရက်ခန့် စိမ်ထားခြင်း

၅။ ဆားပေါ့သွားစေရန် ရေဆေးခြင်းနှင့် နေပူတွင် နေ့ဝက်ခန့် နေလှန်းခြင်း

၆။ အရွယ်အစား၊ အမျိုးအစား၊ အလေးချိန်တူရာချိန်၍ ထုပ်ပိုးခြင်း

၇။ ကြာရှည်ခံနိုင်အောင် သိုလှောင်သိမ်းဆည်းထားခြင်း (ငါးပိနပ်လျှင် အနံ့မွှေး၊ အသားကြေ)

အသုံးပြုသော ကုန်ကြမ်းအမျိုးအစားများ

ငါးရံ့၊ ငါးဘတ်၊ ငါးခူ၊ ငါးသလောက်၊ သင်ဝါ၊ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ ငါးဖယ်အောင်း၊ တီလားပီးယား၊ ငါးဇင်းပြား၊ ငါးဒါးလွယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြလိုပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You
WorldFish

နည်းပညာမိတ်ဖက်အဖွဲ့

WorldFish

WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

ဆက်စပ်မေးခွန်းများ

မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်

wai wai oo • ဖြေကြားချက် 2 ခု

ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ

ပုတူး • ဖြေကြားချက် 1 ခု

မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်

Bonaparte Kyawhtay • ဖြေကြားချက် 1 ခု

အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ

မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။