အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ငါးငပိ/ရေကျိုငါးပိပြုလုပ်နည်း

ငါးငပိ/ရေကျိုငါးပိပြုလုပ်နည်း

ကုန်ချောထွက်ရာခိုင်နှုန်းမှာ ၆၅% မှ ၇၅%ဖြစ်သည်။ ရေကျိုငါးပိကို အောက်ပါအဆင့်အတိုင်း လုပ်ဆောင်ရပါမည်။

၁။ လတ်ဆတ်သော ရေချိုငါးအကောင်ကြီး/ငယ်များ ရွေးချယ်လက်ခံခြင်း။

၂။ ငါးအကြေးခွံချွတ်ခြင်း၊ ဗိုက်ဖောက်၊ အူထုတ်သန့်စင်ခြင်းနှင့် သန့်ရှင်းသောရေဖြင့် ရေဆေးခြင်းနှင့် ရေစစ်ခြင်း။

၃။ ငါးနှင့်ဆား ၁၀% ခန့်ရောနယ်၍ စဉ့်အိုး(သို့) ပလတ်စတစ်ဗန်း (သို့) သစ်သားစည်တွင် အလေးဖိ၍ တစ်ရက်၊ တစ်ရက်ခွဲခန့်ထားခြင်း။

၄။ နေပူတွင် တစ်ရက်မှ နှစ်ရက်ခန့် နေလှန်းခြင်းနှင့် ဆား ၁၅% (သို့) ၂၀%ထိ ထပ်ထည့်၍ ငရုတ်ဆုံတွင် ကျည်ပွေ့ဖြင့်ထောင်းခြင်း။

၅။ အချို့ထုတ်လုပ်သူများသည် ဆန်/ဆန်ကွဲ ခပ်ပျစ်ပျစ်ကျိုပြီး အအေးခံကာ ငါးနှင့်ရောသိပ်ကြပါသည်(အချိုးအစား ၂.၅ %)။

၆။ ထောင်းထားသောငါးများအား စဥ့်အိုးတွင် လေလုံအောင် ၄-၆ လကြာ ဖိသိပ်သိုလှောင်ခြင်း(ယင်သတိပြုရန်)။

၇။ သင့်တော်သော အလေးချိန်ချိန်၍ထုပ်ပိုးခြင်း။

 

အသုံးပြုနိုင်သော ကုန်ကြမ်းအမျိုးအစားများ

ငါးရံ့၊ ငါးပြေမ၊ ငါးဖယ်၊ ငါးဇင်ရိုင်း၊ ငါးခွေးလျှာ၊ ငါးပုလွေ၊ ငါးတံခွန်၊ ငါးပုတ်သင်၊ ငါးပြား၊ ငါးဖျင်းသလက်၊ ငါးမြီးတံသွယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြလိုပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You
WorldFish

နည်းပညာမိတ်ဖက်အဖွဲ့

WorldFish

WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

ဆက်စပ်မေးခွန်းများ

မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်

wai wai oo • ဖြေကြားချက် 2 ခု

ပဲကြီးလှောင်ရင်ဘာဆေးတေအုပ်ရလည်းသိချင်လို့ပါ

ပုတူး • ဖြေကြားချက် 1 ခု

မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်

Bonaparte Kyawhtay • ဖြေကြားချက် 1 ခု

အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ

မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။