အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Ye Win Hlaing
လွန်ခဲ့သော ၆ နှစ် က · နတ်မောက်

သရက်ပင်တွေဘယ်လိုစိုက်ပျိုးရလဲဗျာ

စိုက်ပျိုးနည်း သရက်

ဖြေကြားချက် ၁ ခု

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,046 လွန်ခဲ့သော ၆ နှစ် က

စီးပွားဖြစ် သရက်စိုက်ပျိုးနည်း စိုက်ပျိုးနည်းနှင့် စိုက်ပျိုးခြင်း သမားရိုးကျစိုက်စနစ်တွင် ပင်ခြားᳵတန်းခြား (၃၀ᳵ၃၀) ပေ- တစ်ဧက (၄၈)ပင်ဝင်ဆန့်ပါသည်။ ခေတ်သစ်စိုက်ပျိုးနည်းစနစ်တွင် ပင်ခြားᳵတန်းခြား (၁၅ᳵ၁၅)- တစ်ဧက (၁၉၄) ပင်ဝင်ဆန့်ပါသည်။ ပင်ကြားတန်းကြား ၁၅ပေ စိုက်ခြင်းဟာ အရမ်းညှပ်လွန်းပေမဲ့ အပင်ငယ်စဉ်မှာ အသီးများများရအောင် ယူပြီး အပင် ၁၂နှစ်သားကျော်ချိန် ညှပ်လာပါက ၁ပင်ခြား ခုတ်လှဲပေးနိုင်ပါသည်။ ခေတ်သစ်စိုက်စနစ်တွင် တစ်ဧက ဝင်ဆန့်အပင်ဉီးရေးများသဖြင့် ကာလတိုအတွင်း အသီးထွက်နှုန်း မြင့်မားသောကြောင့် ယခုအခါ ခေတ်သစ်စိုက်စနစ်ဖြင့် စီးပွားဖြစ်စိုက်ပျိုးလာကြသည်။ စိုက်ကျင်းအရွယ်အစားကို အနည်းဆုံး (၂ᳵ၂ᳵ၂) ပေထား၍ တူးပါ။ တူးပြီးကျင်းများကို (၇) ရက်ခန့်နေလှန်းထားပါ။ သဘာဝမြေသြဇာ (နွားချေး၊ ကြက်ချေးဆွေး) (၁-၂) တင်း၊ တီဆူပါဖော့စဖိတ် (၄၀) ဂရမ်၊ ပိုတက်ရှ်ဆီယမ်ကလိုရိုဒ် (၁၁၄) ဂရမ်နှင့် မြေအောင်းပိုးသတ်ဆေးတစ်မျိုးမျိုးကို ကျင်းပတ်လည်ရှိ အပေါ်ယံမြေနှင့် ဆတူ သမအောင်ရောမွှေပြီး စိုက်ကျင်းမို့မောက်သည်အထိ ပို့ပေးပါ။ - အသေးစိတ်ကို အပေါ်က ခေါင်းစဉ်နှိပ်ပြီး ဖတ်ပေးပါဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။