Thein Soe Min
Greenovatorစိုက်ပျိုးရေးပညာရှင် · အမရပူရ
ဖြစ်နိုင်တာက ၂ မျိုးရှိတယ်။ ပထမတစ်ခုက မျိုးထွန်းသွားတာမျိုးပါ။ အပင်တွေအများကြီးထဲကမှ အပင်အချို့က ဗီဇပြောင်းလဲသွားတာမျိုး။ နောက်တစ်မျိုးကတော့ သံဓာတ်သို့မဟုတ် မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့တဲ့အခါ အစိမ်းရောင်ခြယ်ဓာတ်ထုတ်လုပ်မှုနည်းလာပြီး အရောင်ဖျော့သွားတာမျိုးပါ။ တစ်ပင်စ နှစ်ပင်စဆိုရင်တော့ ဘာမှလုပ်စရာမလိုပါဘူး။ စောင့်ကြည့်ပေးပါ။ အပင်များရင်တော့ အနည်းလိုအဟာရဓာတ်ပါတဲ့ ရွက်ဖျန်းအားဆေး ဖျန်းပေးနိုင်ပါတယ်။
ပန်းပင်အရွက်များအခြားအပင်နဲ့မတူအရောင်ဖျော့နေတာဘာဖြစ်နေလဲမသိလို့ ဆရာတို့ လမ်းညွှန်ကြပါအုံးဗျို့
ဟုတ် အရမ်းကောင်းတဲ့ မေးခွန်းပါဗျ။ မွေးမြူရေးဆရာကို ဆောင်းပါးတစ်ပုဒ်အဖြစ် ရေးပေးဖို့ စီစဉ်လိုက်ပါမယ်ဗျ။ အကြံပြုပေးတာ ကျေးဇူးပါ။
ပူပြင်းခြောက်သွေ့သောနွေရာသီတွင် ဝက်များကိုမည်ကဲ့သို့မွေးမြူသင့်လဲ ထိန်းသိမ်းစောက်ရှောက်သင့်လဲ
နှမ်းရွက်လိပ်ပိုးအကောင်ပေါက်လေးတွေနဲ့ တူတယ်။ အပင်က အရမ်းနုနေသေးတော့ ဓာတုဆေးထက်စာရင် Bt ဇီဝပိုးသတ်ဆေး ဒါမဟုတ် တမာပိုးသတ်ဆေးဖြန်းပေးဖို့အကြံပြုပါတယ်။ ဓာတုဆေးဆိုရင်တော့ အဆီဖိတ် (Dimethoate)၊ ဒိုင်မီသိုအိတ် (Acephate) ဖြန်းပေးနိုင်ပါတယ်ဗျ။ နှမ်းတွင်ကျရောက်တတ်သောပိုးမွှားများ
နှမ်းပင်းပေါက်လေတွေပါ ပုံထဲကလို့ ပိုးလေးတွေကျနေလိုပါ ဘာပိုးသတ်ဆေး ဖြန်းရမလဲ ဘာပိုးအမျိုးအစားလဲ ဘယ်လိုအကောင်က ပေါက်တာလဲ
နှမ်းရွက်လိပ်ပိုးအကောင်ပေါက်လေးတွေနဲ့ တူတယ်။ အပင်က အရမ်းနုနေသေးတော့ ဓာတုဆေးထက်စာရင် Bt ဇီဝပိုးသတ်ဆေး ဒါမဟုတ် တမာပိုးသတ်ဆေးဖြန်းပေးဖို့အကြံပြုပါတယ်။ ဓာတုဆေးဆိုရင်တော့ အဆီဖိတ် (Dimethoate)၊ ဒိုင်မီသိုအိတ် (Acephate) ဖြန်းပေးနိုင်ပါတယ်ဗျ။ နှမ်းတွင်ကျရောက်တတ်သောပိုးမွှားများ
နှမ်းပင်ပေါက်လေးတွေပါ ပိုးတွေကျနေလို့ပါ ဘာပိုးသတ်ဆေး ဖြန်းရမလဲ ဘာပိုးကောင်လဲ ဘယ်လိုအကေါင်က ပေါက်တာလဲ
ဒီအချိန်မှာ အစေ့အဆန်တွေကြီးထွားဖို့ ပုလဲ (ယူရီးယား) နဲ့ အစေ့အဆန်အောင်ဖို့ အလေးချိန်တိုးဖို့အတွက် ပိုတက် (ပိုတက်ဆီယမ်) ဓာတ် လိုအပ်ပါတယ်။ သဘာဝမြေသြဇာနဲ့ ၃ ချိုး ၁ ချိုး နှပ်ပြီး ကျွေးပေးပါဗျ။
စပါးတွေ ဖုန်းလုံးလာတော့မှာဆိုတော့ စပါးအသီးအတွက် ဘာမြေဆီသုံးသင့်လဲ....?
ကျောက်မှုန့်က အဟာရပါတယ်ဆိုပေမယ့် အချဉ်ဖောက်တဲ့လုပ်ငန်းစဉ်အတွက် အထောက်ကူမပြုနေလို့ပါ။ ကျွန်တော့်အမြင် သူက pH ကို ထိန်းညှိပေးတဲ့ ဓာတ်လည်းရှိတော့ အချဉ်ဖောက်တဲ့လုပ်စဉ်ကိုတောင်မှ အဟန့်အတားဖြစ်နိုင်ပါတယ်။ နောက် တဆေးက အဏုဇီလိုလို့ဆိုပေမယ့် သူ့မှာပါတဲ့ အမျိုးအစားက တစ်မျိုး နှစ်မျိုးပဲ အဓိကပါဝင်တာပါ။ ဒါကြောင့် ဂျီဗာမရုသမ်မှာ အပေါ်ယံမြေထည့်ခိုင်းတာပါ။ မြေကြီးထဲက ဒေသနဲ့ကိုက်ညီတဲ့ အဏုဇီဝပိုးကို ပွားများလိုက်တာမို့ ပိုသင့်တော်ပြီး လိုက်ဖက်ညီပါတယ်ဗျ။
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
ဒီနည်း အသုံးလုပ်မယ်ဆိုရင် ကျောက်မှုန့်မလိုပါဘူးဗျ။ ဓာတ်မြေသြဇာစရိတ် သက်သာစေမည့် အိန္ဒိယနိုင်ငံကျော် "ဂျီဗာမရုသမ်" (Jeevamrutham) ပြုလုပ်အသုံးပြုနည်း ခေါင်းစဉ်ဖတ်ပြီး လိုက်လုပ်ကြည့်ပါဗျ။
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
အစိုဓာတ်လွန်များနေတဲ့ကာလမို့ ပင်စည်ပုပ်ရောဂါဖြစ်နေတာ ဖြစ်နိုင်ပါတယ်။ အဲဒီလိုဖြစ်နေတဲ့အပင်တွေကို ကတ်ကြေးနဲ့ ဖြတ်ထုတ်ပစ်ပါ။ မန်ကိုဇက် (Mancozeb)၊ ကာဘင်ဒါဇင် (Carbendazim) သို့မဟုတ် ကောပါးအခြေခံ မှိုသတ်ဆေး (Copper Fungicide) တစ်မျိုးမျိုးကို အညွှန်းအတိုင်းဖျန်းပေးပါ။ ပင်စည်အခြေတွေထိအောင် ဆေးရောက်အောင် ဖျန်းပေးပါ။ ရေဝပ်မခံပါနဲ့။ လေဝင်လေထွက်ကောင်းအောင် အောက်ခြေရှင်း၊ ပေါင်းရှင်းပေးပါ။
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
စိမ်းညိုးက ဘက်တီးရီးယားကြောင့်ရယ် မှိုကြောင့်ရယ် ၂ မျိုးထဲက တစ်မျိုးကြောင့် ဖြစ်နိုင်တယ်။ အပင်ခြေကို ဓားနဲ့ဖြတ်ပြီး ရေထည့်ထားတဲ့ ဖန်ခွက်ထဲမှာ ထည့်ကြည့်ပါ။ အဖြူရောင်အမျှင်တွေ ဆင်းလာရင် ဘက်တီးရီးယားကြောင့်ဖြစ်ပြီး ဘာမှမမြင်ရရင်တော့ မှိုရောဂါကြောင့်ဖြစ်ပါတယ်။ မှိုအတွက်ကတော့ လောင်မှာဖျန်းတဲ့ မှိုဆေးတွေ သုံးလို့ရပါတယ်။ ဘက်တီးယားအတွက်ကတော့ ဆေးဖျန်းတာထက် ရေမဝပ်အောင်သတိထားတာ၊ ပုလဲလျော့ထည့်တာ၊ မြေချဉ်ငန်ဓာတ်ကို မြှင့်ပေးတာမျိုး လုပ်ပေးဖို့လိုပါတယ်။ ခရမ်းချဥ်အပင်ညှိုးရခြင်းအကြောင်းရင်းများနှင့် ထိန်းသိမ်းနည်းများ(၂) , ခရမ်းချဥ်အပင်ညှိုးရခြင်းအကြောင်းရင်းများနှင့် ထိန်းသိမ်းနည်းများ(၁)
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
ဘာအပင်မှမစိုက်ရသေးရင် ဂလိုဖိုဆိပ်လို ပင်လုံးပြန့်ပေါင်းသတ်ဆေး အသုံးပြုနိုင်ပါတယ်။
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။