ဖြေကြားချက် ၂ ခု
၅။ မြေပြုပြင်ခြင်း ငှက်ပျောစိုက်ခင်းဟာ နှစ်ပေါင်းများစွာ ထားရှိပြီး အသီးခူးဆွတ် ရိတ်သိမ်းနိုင်ပါသည်။ သို့သော်လည်း အရည်အသွေးကောင်းအောင် ထုတ်လုပ်ဖို့ဆိုရင် (၇-၁၀) နှစ်အတွင်မှာ ငှက်ပျောပင်အုံများကို ပြန်လည်တူးဖော်ပြီး ၂ နှစ်မျှကြအောင် ပဲမျိုးစုံပင်များစိုက်ပျိုးပေးကြရမည်။ ၂ နှစ်ကျော်သောအခါ သစ်စိမ်းမြေသြဇာအဖြစ် မြေကြီးသို့ နှစ်မြုပ်ပေးကာ မြေပြုပြင်ခြင်း ပြုလုပ်သင့်သည်။ မြေယာထွန်ယက်ခြင်းတွင် ထက်နက်နက်ထိုးပြီး ထွန်မွှေကာမြေညှိပါ။ ကျင်းအကျယ်(၆၀) စင်တီမီတာ (၂၃ ပေ) ပတ်လည်တူးပါ။ ဆွေးမြေပြီးသော စပါးခွံ၊ သစ်ရွက်ဆွေးမြေ၊ နွားချေး၊ မြေဆွေး (၂၀-၃၀) ကီလိုဂရမ်(၁၂ - ၁၈ ပိဿာ)၊ တမာကြိတ်ဖတ် ၂၅၀ ဂရမ် (၁၅ ကျပ်သား) နှင့် မြေအောင်းပိုး၊ နီမတုတ် နှိမ်နင်းနိုင်ရန်အတွက် carbofuran ၂၀ ဂရမ် (ဟင်းစားဇွန်း ၂ ဇွန်း) ကို အပေါ်ယံမြေနှင့်ရော၍ စိုက်ကျင်းတွင် ထည့်ကြပါတယ်။ ၆။ စိုက်ပျိုးခြင်း အပင်မြင့်မျိုးများကို အနည်းဆုံး (၂.၁×၂.၁) မီတာ (၇) ပေ ပတ်လည်အထိ ပင်ကြားတန်းကြား အကွာအဝေး ထားရမည်။ အပင်သိပ်သည်းစွာစိုက်စနစ်တွင် (၁.၅×၁.၅) မီတာပတ်လည် စိုက်ပျိုးလျှင် တစ်ဧကအပင် (၁၇၉၉)ပင် ဝင်ဆံ့သဖြင့် အထွက်နှုန်းမြင့်မားစေပါသည်။ အအေးလွန်ကဲသည့် ဆောင်းရာသီနှင့် မိုးများစွာရွာသည့်ကာလမှလွဲ၍ ကျန်အချိန်များတွင် စိုက်ပျိုးပါ။ အသေးစိတ်ဖတ်ရန် ခေါင်းစဉ်ကိုနှိပ်ပါ - ငှက်ပျော စနစ်တကျ စိုက်ပျိုးနည်း
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဘယ်လိုဖြစ်တာလဲ ပြန်ကောင်းနိုင်ဦးမလာ ဘယ်လို့ပြုပင်မလဲ
ဖြေကြားချက် 8 ခု
ငှက်ပင်ကို စက်တင်ဘာလမှာပြန်စိုက်လိုရသေလာ
ဖြေကြားချက် 4 ခု
ငှက်ပျော တစ်ဧကတစ်နှစ်မှာဝင်ငွေဘယ်လောက်ရနိုင်မလဲ
ဖြေကြားချက် 3 ခု
ငှက်ပျောခေါင်းပိုးစားလို့ခနခနသေ ဘာဆေးသုံးရမလဲ
ဖြေကြားချက် 2 ခု
ငှက် ပျောပင်စည်ကွဲတာကိုဘာဆေးအသုံးပြုရပါမလည်းခင်ဗျာ ကျေးဇူးအထူးတင်ပါတယ်
ဖြေကြားချက် 0 ခု