အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မောင်စောမင်းထွန်း
လွန်ခဲ့သော ၅ နှစ် က · မိုးကောင်း

စပါးပင်ပေါ်မှာပိုးကောင်ကျနေလို့ပါဗျာအရမ်းနံတယ် ဘာဆေးနဲကာကွယ်ရမာလဲပြအလင်းပြပါဦး

Post image
Post image
Post image

ဖြေကြားချက် ၈ ခု

ဦးဉာဏ်မြင့်ထွန်း
ဦးဉာဏ်မြင့်ထွန်း 986 လွန်ခဲ့သော ၅ နှစ် က

လယ်ကိုလည်ရေသန့်အောင်လှည်ပေးသင့်တယ်

ဦးဉာဏ်မြင့်ထွန်း
ဦးဉာဏ်မြင့်ထွန်း 986 လွန်ခဲ့သော ၅ နှစ် က

ကိုဝင်းပင်လုံးပျံ့အာနိသင်ရှိတဲ့ဆေးကိုဖျန်းပိုးသက်ဆေး

kyaw
kyaw 116 လွန်ခဲ့သော ၅ နှစ် က

စိုက်ကလုံးဖျန်းဗျ

ဦးရဲထွဋ်ဝင်း
ဦးရဲထွဋ်ဝင်း 233 လွန်ခဲ့သော ၅ နှစ် က

နှံစုပ်ပိုးပါ ရယ်ဒီ ဆလပ်ပလပ် ပင်လုံးပြန့် အဆိပ်ငွေ့ပါဆေးသုံးပါ

ထွန်းရာဇာ
ထွန်းရာဇာ 80,437 လွန်ခဲ့သော ၅ နှစ် က

စပါးနှံစုပ်ပိုးကျနေတာဗျ။ နှံစုပ်ပိုးကျတိုင်းတော့ ဆေးဖျန်းရမှာမဟုတ်ဘူးဗျ။ စပါးမြုံ ၂၀ မှာ ၁၀ကောင်အထက်တွေ့မှသာ ဆေးဖျန်းသင့်တာပါ။ _ကွင်းထဲမှာ ပေါင်း၊မြက်တွေကို ရှင်းရပါမယ် _မနက်ခင်း နဲ့ ညနေခင်းမှာ အင်းဆက်ဖမ်းပိုက်(သို့)လက်နဲ့ဖမ်းခြင်းတွေ ပြုလုပ်ပေးပါ _ပင့်ကူ၊နဂျီ၊လိပ်ခုံးကျိုင်းကောင်တွေက စပါးနှံစုပ်ပိုးရဲ့ ဥနဲ့အကောင်ကြီးအဆင့်ကိုစားသောက်ကြလို့ မွေးမြူထိန်းသိမ်းထား သင့်ပါတယ် _တမာ ပိုးသတ်ဆေးလဲသုံးလို့ရပါတယ် _ပိုးသတ်ဆေးသုံးမယ်ဆိုရင်တော့ ဒိုင်မီသိုအိတ် စသောစျေးကွက်ရှိ ပိုးသတ်ဆေးတစ်မျိုးမျိုးကို အညွှန်းစာအတိုင်း စနစ်တကျအသုံးပြုပါ။

မောင်စောမင်းထွန်း
မောင်စောမင်းထွန်း 532 လွန်ခဲ့သော ၅ နှစ် က

စပါးနံတွေကောထိခိုက်နိုင်လားဗျ

U Zaw Ye Thu
U Zaw Ye Thu 82,997 လွန်ခဲ့သော ၅ နှစ် က

စပါးနှံစုပ်ပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ ဆောင်းပါးလေးထဲ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Thant Zin (Palaw)
Thant Zin (Palaw) အတည်ပြုပြီး 93,756 လွန်ခဲ့သော ၅ နှစ် က

နှံစုပ်ပိုးကျတာပါ Chlorpyrifos + Cyper. (ဆိုင်ကလုံး ၊ တင်းရှန့် ၊ ရယ်ဒီ) စတဲ့ဆေး တခုခုဖျန်းပါ ညနေဘက်ဖျန်းတာ ပိုအဆင်ပြေတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။