ဖြေကြားချက် ၂ ခု
ချင်းထားသိုနည်း မိမိ၏ ဂျင်းပမာဏအလိုက် အေးမြ ခြောက်သွေ့သောနေရာ ဖန်တီးရန်၊ ဥပမာ-သက်ငယ်မိုး၊ဓနိမိုးတဲဆောက်လုပ် ထားသိုရန်၊၊လေဝင်လေထွက်ကောင်းပြီး မိုး လုံပြီးနေရောင်နှင့်မထိတွေ့ရန်။ဂျင်းများ တူးဖော်ပြီးမစိုစွတ်စေဘဲ ဂျင်းကိုနေ့ဝက်ခန့် နေလှန်း၍ မိမိပြင်ဆင်ထားသော နေရာ၌ သိမ်းဆည်း ထားသိုပါ၊၊
အဲဒါကတော့ အိန္ဒိယမှာ ကျင့်သုံးတဲ့ နည်းလေးပါ။ အခြားနိုင်ငံမှာတော့ မြေကျင်းတူးပြီး နံရံတွေကို နွားချေးနဲ့ မံပြီး သိမ်းကြပါတယ်။ အောက်ခြေမှာ ကောက်ရိုးခင်းပြီး ဂျင်းထည့် အပေါ်မှာလည်း ကောက်ရိုးပြန်အုပ်ပြီး မြေဖုံးသိမ်းကြပါတယ်။ ပုံပါအတိုင်း ဝါးနဲ့လုပ်မယ်ဆိုလည်း ဝါးကပ်နံရံတွေနဲ့ အောက်ခြေတွေကို နွားချေး၊ ရွံ့တို့နဲ့ သေချာ သုတ်ပြီး လေလုံအောင် အခြောက်ခံဖို့လိုပါမယ်။
ဆက်စပ်မေးခွန်းများ