အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
232
လွန်ခဲ့သော ၅ နှစ် က · ချောင်းဦး

စပါးများ ရိတ်သိမ်းခါနီး မှို့များ (နနွင်းရောင်လိုရှိပါသည်) ကပ်ခြင်း ကျရောက်ပါက ဘယ်လို/ဘယ်ပုံ/ဘယ်နည်း/ဘယ်ဆေး...

စပါးများ ရိတ်သိမ်းခါနီး မှို့များ (နနွင်းရောင်လိုရှိပါသည်) ကပ်ခြင်း ကျရောက်ပါက ဘယ်လို/ဘယ်ပုံ/ဘယ်နည်း/ဘယ်ဆေး ပြုလုပ် သုံးစွဲသင့်တယ်ဆိုတာ သိပါရစေခင်ဗျာ🙏🙏🙏

ပိုးမွှားရောဂါ စပါး စပါးမှိုသီးရောဂါ

ဖြေကြားချက် ၂ ခု

232 လွန်ခဲ့သော ၅ နှစ် က

ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်ခင်ဗျာ အဲလိုဆိုရင်တော့ သွားပါပြီဗျာ မြွေထူရာ ကင်း ပေါက်သလိုတော့ ဖြစ်ပါပြီ!

25,198 လွန်ခဲ့သော ၅ နှစ် က

မရတော့ပါဘူး။ ဒီအချိန်မှာတော့ နောက်ကျသွားပါပြီ။ ဖြစ်နိုင်ချေရှိတာက စပါးမှိုသီးရောဂါပါ။ ကာကွယ်နှိမ်နင်းနည်းများ (၁) စိုက်ခင်းကို သန့်ရှင်းအောင်ထားရမည်။ စပါးရိတ်သိမ်းပြီးလျှင် ရောဂါကျစပါးစေ့များ၊ စပါးနှံများနှင့် အပင်အကြွင်းအကျန်အစိတ်အပိုင်းများကို စိုက်ခင်းအတွင်းမှ ရှင်းလင်းဖယ်ရှားရမည်။ (၂) စိုထိုင်းဆကို လျှော့ချပါ။ စပါးခင်းသို့ ရေအနည်းငယ်သွင်းလိုက် အခြောက်ခံလိုက် အလှည့်ကျလုပ်ပေးခြင်းသည် တောက်လျေှက်ရေသွင်းထားခြင်းထက် စိုထိုင်းဆကိုလျော့နည်းစေသည်။ (၃) နိုက်ထရိုဂျင်ဓါတ်မြေသြဇာကို သင့်တင့်မျှတစွာသာ အသုံးပြုရမည်။ (၄) ရောဂါကင်းကြောင်း ထောက်ခံချက်လက်မှတ်ရှိသည့် မျိုးစေ့ကို စိုက်ရမည်။ ရောဂါဒါဏ်ခံနိုင်ရည်ရှိသော စပါးမျိုးများလည်း ထွက်ရှိပြီးဖြစ်သည်။ (၅) မျိုးမကြဲမီ မျိုးစေ့ကို ၅၂ ဒီကရီဆဲလ်စီးယပ်စ်ရှိ ရေနွေးပူတွင် ၁၀ မိနစ်စိမ်ပေးရမည်။ (၆) အနှံမထွက်မီ ရက်အနည်းငယ်အလိုတွင် ကော့ပါးအောက်စီကလိုရိုဒ် (သို့မဟုတ်) အခြားမှိုသတ်ဆေး ဖြန်းပေးရမည်။ ဒေါက်တာ ခင်နှင်းယု

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။