မှိုသီးရောဂါဘာကြောင့်ဖြစ်တာလဲသိချင်လို့ပါ
စပါးမှိုသီးရောဂါသည် လေထုစိုထိုင်းဆ ၉၀% အထက်မြင့်မားသောနေရာနှင့် အပူချိန် ၂၅-၃၅ ဒီဂရီဆဲလ်စီးယပ်(စ)ရှိသော ဒေသများတွင်ဖြစ်ပွားသည်။ မိုးရွာသွန်းခြင်း၊ လေထုစိုထိုင်းဆမြင့်မားခြင်းနှင့် မြေကြီးထဲတွင် နိုက်ထရိုဂျင်ဓါတ်ပါဝင်မှု မြင့်မားခြင်းတို့သည် ရောဂါဖြစ်ပွားမှုကို အားပေးသည်။ မှိုစပိုးများသည် တိုက်ခတ်သောလေဖြင့် တစ်ပင်မှတစ်ပင်သို့ ပျံ့နှံ့၍ ရောဂါကူးစက်စေနိုင်သည်။ စပါးပင်များပန်းပွင့်ချိန်တွင် ရောဂါဝင်ရောက်နိုင်ပြီး၊ စပါးမှိုသီးရောဂါကို စပါးနှံ(ရွက်ဖုံးတွင်းမှ) အပြင်သို့ ထွက်လာပြီးမှသာ တွေ့မြင်နိုင်သည်။ ဆရာမဒေါက်တာခင်နှင်းယုရေးသားထားသော ဒီ မျိုးစေ့အညှောင့်ပေါက်မှု ကျဆင်းစေနိုင်တဲ့ စပါးမှိုသီးရောဂါ ဆောင်းပါးမှကောက်နုတ်ဖော်ပြလိုက်ပါသည်။ ဆောင်းပါးထဲမှာကာကွယ်ကုသနည်းများလည်းပါတဲ့အတွက်လေ့လာကြည့်ပါရှင့်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဘာဖြစ်တာလား သိချင်လိုပါ ကျေးဇူးပြုလ်ုပြေးကြားပေးပါး
ဖြေကြားချက် 2 ခု
စပါးများ ရိတ်သိမ်းခါနီး မှို့များ (နနွင်းရောင်လိုရှိပါသည်) ကပ်ခြင်း ကျရောက်ပါက ဘယ်လို/ဘယ်ပုံ/ဘယ်နည်း/ဘယ်ဆေး...
ဖြေကြားချက် 2 ခု
ကူးစက်နိုင်ခြင်း ရှိမရှိ သိချင်ပါတယ်ဗျ ကာကွယ်ဖို့ရန် အတွက် ဆေးလေးညွန်းပေးပါဗျ
ဖြေကြားချက် 1 ခု
စပါးသီးပွင့်ပြီးမှိုဝင်တာလား ဒါမျိုးမဖြစ်ဘယ်လိုလုပ်ရမလဲ..အကြံပေး ပါအုံး..
ဖြေကြားချက် 3 ခု
မှိုသီးရောဂါခံနိုင်တဲ့စပါးမျိုးရှိရင်ပြောပြပါလား
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။