အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Than Soe Aung
Than Soe Aung 116
လွန်ခဲ့သော ၅ နှစ် က · ပုဗ္ဗသီရိ

ရုံးပတီ အပင်ပေါက်လေးတွေရဲ့ အရွက်အောက်ခြေမှာ ပုရွက်ဆိတ်အမဲတွေ ကျ နေပါတယ်။ အဲ့ဒါ ဘယ်လိုမျိုး လုပ်သင့်ပါလဲ? ဆေးသုံးသင့်ပါသလား? ဆေးမသုံးဘဲ သဘာဝနည်းအရရော ဘယ်လိုမျိုးနှိမ်နှင်းနိုင်ပါသလဲဗျ? သိချင်ပါတယ်။ အလားတူ ဘိုစားပဲ အပင်ပေါက်‌တွေမှာလည်း အဲ့လိုအကောင်တွေကျရောက်နေပါတယ်ဗျ။ သိသူများရှိရင်အကြံပေးပေးပါဦးဗျ။ (ပုံကတော့ ရုံးပတီ ရော ဘိုစားပဲ မှာပါ ကျတာတွေရိုက်ထားတာပါ)

ပိုးမွှားရောဂါ ရုံးပတီ
Post image
Post image
Post image
Post image
Post image

ဖြေကြားချက် ၄ ခု

Than Soe Aung
Than Soe Aung 116 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးတင်ပါတယ်

ကျော့နန္ဒာစိုး
ကျော့နန္ဒာစိုး 270,769 လွန်ခဲ့သော ၅ နှစ် က

ပုရွက်ဆိတ်အမဲတွေက အန္တရာယ်ဖြစ်မှုနည်းပါတယ်။ ရုံးပတီပင်မှာက စုပ်စားပိုးဖြစ်တဲ့ ပျတွေရှိနေပါတယ်။ ပုရွက်ဆိတ်တွေက အင်းစက်တွေထုတ်တဲ့ အချိုရည်ကိုစားသောက်နေကြတာပါ။ ပိုးမွှားတွေကို နှိမ်နင်းတဲ့သဘောလည်းရှိပါတယ်။ ပုရွက်ဆိတ်အမဲအကြောင်းကိုတော့ စိုက်ခင်းထဲတွင်တွေ့ရလေ့ရှိသော ပုရွက်ဆိတ်မဲများ ဒီဆောင်းပါးမှာလေ့လာကြည့်ပါ။ ခုလောလောဆယ်က ပျကိုအရှင်ရှင်းပါ။ အရမ်းကျနေတဲ့အရွက်တွေကို ဖယ်ရှားပစ်ပါ။ ဓာတုဆေးတော့မသုံးသေးပါနဲ့ ပုရွက်ဆိတ်တွေလည်းရှိနေတော့ စိုထိန်းစမများပါစေနဲ့ ကျရောက်မှုမများသေးရင် လက်နဲ့ဖယ်ရှားတာ၊ တမာပိုးသတ်ဆေးတို့သုံးပါ။

Nyan Lynn Htet
Nyan Lynn Htet 5,291 လွန်ခဲ့သော ၅ နှစ် က
You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။