အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရုံးပတီသီး စိုက်ပျိုးနည်း

ရုံးပတီသီး စိုက်ပျိုးနည်း

၁။ မူရင်းဒေသ

အာဖရိကတိုက် (သို့မဟုတ်) အာရှတိုက် (သို့မဟုတ်) နှစ်ခုစလုံးဟု ယူဆရသည်။ (၁၂-၁၃) ရာစုလောက်တွင် အီဂျစ်လူမျိုးများ စတင်စားသုံးသည်ဟု သိရသည်။

မြန်မာအမည် - ရုံးပတီ

အင်္ဂလိပ်အမည် - OKRA, LADY’s FINGER, BHINDI

ရုက္ခဗေဒအမည် - Hibiscus esculentus

မျိုးရင်းအမည် - MALVACEAE

 ၂။ အမျိုးအစား

ရုံးပတီတွင် အပင်အနိမ့်အမြင့် အသီးပုံသဏ္ဍာန်အပေါ် မူတည်ပြီး အမျိုးမျိုးကွဲပြားကြသည်။ ပင်မြင့်မျိုး၊ ပင်လတ်မျိုး၊ ပင်ပုမျိုး၊ အသီးတွင် အမြောင်းပါမျိုး၊ အသီးချောမျိုး၊ အသီးတွင်ဆူးပါမျိုး၊ အသီးစိမ်းမျိုး၊ အသီးနီမျိုး စသဖြင့် ကွာခြားမှုရှိကြသည်။

အချို့က အာရှမျိုးနှင့် အမေရိကန်မျိုးဟူပြီး ခွဲကြသည်။ ၎င်းနှစ်မျိုး၏ ကွဲပြားချက်မှာ -

(က) အာရှမျိုး - အသီးတွင် အမွှေးနုကလေးများအပြင် အမြှောင်းရှိသည်။ အသီး သီးပုံမှာ တစ်တောင့်နှင့် တစ်တောင့် အထက်အောက်ဆင့်ကဲဆင့်ကဲ ဝါးဒလက်ကဲ့သို့ဖြစ်သည်။ အသီးအရေအတွက်နည်းသည်။ ပျှမ်းမျှတစ်ပင်လျှင် (၂၅) တောင့်ခန့်သီးသည်။

(ခ) အမေရိကန်မျိုး - အသီးများသည် အမြှောင်းမရှိ စင်းလုံးချောဖြစ်သည်။ အမွှေးနုမပါ။ အသီးများ မျက်နှာချင်းဆိုင်သီးသည်။ အသီးရဲပြီး တစ်ပင်လျှင် ပျှမ်းမျှအတောင့် (၄၀) ကျော်သီးသည်။ မျိုးအလိုက် စိုက်ချိန်ကွဲပြားမှုရှိသည်။

 ၃။ မြေနှင့် ရာသီဥတု

ရုံးပတီသည် အသင့်အတင့်ကောင်းမွန်သော မြေတွင်ဖြစ်ထွန်းသည်။ သို့သော် စီးပွားဖြစ်စိုက်ပါက မြေဩဇာ များများကျွေးရန် လိုအပ်သည်။ ဖွယ်သောမြေကို ပိုကြိုက်သည်။ pH ၆ - ၆.၈ အတွင်းစိုက်ပျိုးနိုင်သည်။

ရုံးပတီသီးသည် ပူနွေးသောရာသီကြိုက်သီးနှံဖြစ်၍ ရာသီဥတု အခြေနေပေးပါက ဆက်လက်ကြီးထွား သီးပွင့်သည်။ သို့ရာတွင် ပင်ပေါ်ရှိအသီးများကို မရင့်မီခူးပေးရန်လိုသည်။ အေးသော ရာသီဥတုနှင့် ဆီးနှင်းဒဏ်ကို မခံနိုင်ချေ။

 ၄။ မျိုးစေ့နှုန်းထား

တစ်ဧကလျှင် မျိုးစေ့ (၅-၁၀) ကီလိုဂရမ်။

၅။ မြေဩဇာနှုန်းထား

တစ်ဧကအတွက်-

နွားချေး - ၁၀ တန်

ယူရီးယား - ၂၂၄ ပေါင်

တီစူပါ - ၁၁၂ ပေါင်

အခြားသီးနှံပင်များကဲ့သို့ပင် မစိုက်ပျိုးမီ ယူရီးယား ၁၁၂ ပေါင် နှင့် အခြားမြေဩဇာများကို ထည့်သွင်းပြီး စိုက်ပြီးတစ်လအကြာတွင် ကျန်ယူရီးယား ၁၁၂ ပေါင်ကို ထည့်သွင်းပေးရမည်။ ဒုတိယအကြိမ် ယူရီးယား ထည့်ရာ၌ မြေဩဇာများသွားပါက သီးပွင့်မှုကို နောက်ကျစေနိုင်သည်။

 ၆။ မြေပြုပြင်ခြင်း

မြေပြုပြင်ချိန်တွင် နွားချေးချပေးပါ။ ထွန်ထယ်တို့ဖြင့် ထွန်ရေးညက်အောင်မွှေပြီး ကြမ်းတုံးရိုက်၍ ထွန်ဖြင့်စိုက်ကြောင်းဖော်ပါ။ ရုံပတီသည် မျိုးအလိုက် အပင်အရွယ်အစားကွာခြားခြင်းကြောင့် မိမိအသုံးပြုသော မျိုးအပေါ်မူတည်ပြီး သင့်တော်သော အပင်အကွာအဝေးကို ပြုလုပ်ပေးရမည်။ အပင်ငယ်မျိုးကို ၃ ပေ ကွာစိုက်တန်းများဆွဲပြီး တစ်ပင်နှင့်တစ်ပင် ၁ ပေ ခွာစိုက်ပါ။ အပင်ကြီးမျိုးဖြစ်ပါက ၃ ပေ ကွာ အတန်းများတွင် ၂ ပေခွာစိုက်ပေးရမည်။

နွေဦးစိုက် ရုံးပတီနှင့် မိုးစိုက်ရုံးပတီတို့သည် အပင်သန်စွမ်းမှုအား မတူကြပေ။ နွေဦးစိုက်ပါက အပင်သည် ကြီးထွားမှုနည်းခြင်းကြောင့် စိုက်တန်းနှင့် အပင်အကွာအဝေး လျော့ပေးရမည်။

 ၇။ စိုက်ပျိုးခြင်း

ရုံးပတီစေ့ကို မစိုက်ပျိုးမီ ၁၂ နာရီခန့် ရေစိမ်ပေးပါ။ ရေစိမ်လျှင် မျိုးစေ့ထုထည်၏ (၅) ဆရှိသောရေဖြင့် စိမ်ခြင်းဖြင့် ရေလဲပေးရန်မလိုပါ။ အစေ့မှအပင်ပေါက်ရန်အတွက် မြေ၏အပူဓာတ်လည်းလိုအပ်သည်။ အနည်းဆုံး (၂၀) ဒီဂရီစင်တီဂရိတ် အထက်တွင် ရှိရမည်။ မျိုးစေ့ကို ပထမရေစိမ်၍ ရေပေါ်တွင်ပေါ်နေသော အစေ့များကို ဖယ်ရှားပစ်ရမည်။ ရုံးပတီကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။ ရုံးပတီတွင် ဗိုင်းရပ်စ်ရောဂါ ကျရောက်လေ့ရှိသဖြင့် ပေါင်းမြက်ကင်းစင်ရန် ဂရုစိုက်ရစမည်။

 ၈။ အပင်ပြုစုခြင်း

ရုံးပတီစိုက်လျှင် ပေါင်းမြက်ကင်းရှင်း၍ အစိုဓာတ်လုံလောက်ပီး ရောဂါကင်းရန် အရေးကြီးသည်။ အပင်ငယ်စဉ် ပေါင်းကင်းစင်ရန် သတိပြုရမည်။

 ၉။ ရေသွင်းခြင်း

ရုံးပတီကို အလွန်ပူပြင်းသော ရာသီတွင် ရေသွင်းပေးရန်လိုသည်။ ရုံးပတီသည် ရေငတ်ဒဏ်ကို အတော်အသင့် ခံနိုင်ရည်ရှိသော်လည်း အစိုဓာတ်ထိန်းသိမ်းနိုင်အားကောင်းသောမြေတွင် စိုက်ပျိုးလျှင် အထွက်နှုန်း ပိုမို ကောင်းစေပါသည်။

 ၁၀။ ဆွတ်ခူးခြင်း

သီးကင်းဝင်စမှ နောက် (၁၀-၁၂) ရက်ကျော်လွန်ပါကအတောင့်သည် အလွန်ရင့်သွားပြီး စားမကောင်းတော့ပေ။ စားရန်အကောင်းဆုံးအဆင့်မှာ အသီးကင်းဝင်ပြီး (၄-၆) ရက် အတွင်းဖြစ်သည်။ ထို့ကြောင့် ပန်းပွင့်ပြီး တစ်ပတ်အကြာက ဆွတ်ခူးရမည်။ ၎င်းနောက် ၂ ရက်ခြားတစ်ကြိမ်စီ ဆွတ်ခူးပေးပါ။ ရာသီပူပြင်းပါက အရင့်မြန်သောကြောင့် နေ့စဉ်ဆွတ်ခူးပေးရမည်။

 ၁၁။ အထွက်နှုန်း

တစ်ဧကလျှင် (၁၀၀၀-၃၀၀၀) ပိဿာ။

 ၁၂။ မျိုးစေ့ထုတ်လုပ်ခြင်း

အပင်သန်စွမ်း၍ ရောဂါကင်းသော အပင်များကို ရွေးချယ်ပြီး ၎င်းမှရရှိသော ရင့်မှည့်သည့်အတောင့်များကို ယူရမည်။ ပိုးထိုးသော အတောင့်များကို ပယ်ပါ။

အစေ့များတွင် ပိုးပါလာပါက သိုလှောင်ရာတွင် ကျန်အစေ့များကိုပါ ဖျက်ဆီးတတ်သောကြောင့် အစေ့ လူးနယ် ဆေး တစ်မျိုးမျိုးနှင့် ရောမွှေပြီး လေလုံစွာထုတ်ပိုး၍ သိမ်းဆည်းပါ။

၁၃။ အသုံးပြုနည်း

ရုံးပတီသီးကို အဓိကအားဖြင့် ဟင်းချက်ရာတွင်လည်းကောင်း၊ အတို့အမြုတ်အဖြစ်လည်းကောင်း၊ အစိမ်း အဖြစ် လည်းကောင်း အသုံးပြုကြသည်။ အချို့က ရုံးပတီသီးအနုကိုအခြောက်လှမ်းပြီး ဟင်းချိုကို မွှေးရန် ထည့် ပေးသည်။ ရုံးပတီပင်စည်မှ လျှော်မျှင်ထုတ်လုပ်ကြသည်။ အစေ့အရင့်ကို အခြောက်လှန်းပြီး လှော်၍ ကော်ဖီစေ့နှင့် ရောကြိတ်ပြီးလျှင် ကော်ဖီမှုန့်လုပ်၍ ရောင်းသည်။ အချို့နိုင်ငံတွင် ရုံးပတီကို ဆားရေစိမ်ပြီး စားသုံးကြသည်။

 ကိုးကား - စိုက်ပျိုးရေးဦးစီးဌာန

 

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

Paing Zin Oo

Paing Zin Oo

လွန်ခဲ့သော ၃ လ က

ဘာတေကျွေးသင့်လဲ

DawEiEiMon

DawEiEiMon

လွန်ခဲ့သော ၁ နှစ် က

အပင်ဖြုတ်ကျတာဘာလုပ်ရင်ပျောက်မလဲ

Ma Nay Chi Win

Ma Nay Chi Win

လွန်ခဲ့သော ၁ နှစ် က

ရုံးပတီမှာ ဘယ်လိုအရာတွေစမ်းသပ်လို့ရပါသလဲရှင့်

ZawZaw

ZawZaw

လွန်ခဲ့သော ၃ နှစ် က

ပင်ငယ်စဥ်နေပူ မိုးရွာကိုဘယ်လိုကာကွယ်ရလည်

စိုင်းလျှန်းခေး

စိုင်းလျှန်းခေး

လွန်ခဲ့သော ၃ နှစ် က

မျိုးစေ့လိုချင်ပါက ဘယ်လိုဆက်သွယ်ပြီး ဝယ်ယူရမှာလဲဗျ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 4 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့‌ပါလဲ‌ေြဖ‌ေပးအုန်းပါဗျ

မင်မင်း • ဖြေကြားချက် 1 ခု

ငွေတိုးစပါးသက်၂လကေျာ်ပီ လက်သဲစောင်းပေါင်းသတ်ဆေးဖျန်းလို့ရသလားခင်ဗျ ေဖြကြားပေးကြပါဦးဆရာများခင်ဗျာ။

yan Naing Htwe • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။