ဖြေကြားချက် ၁ ခု
ကုလားပဲ လုံးဖြူ၊ WhiteChickpea သက်တမ်း(၈၅-၉၀)(၉၅-၁၀၅)ရက် စစိုက်ပျိုးချိန်၊ အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း/ဒီဇင်ဘာ(၁၅)ရက်ထက်နောက်မကျမီ စိုက်ပျိုးသင့် 2) ကုလားပဲလုံးညို၊ ကျနာပဲ Brown Chickpeas သက်တမ်း(၉၅-၁၀၀)ရက် စစိုက်ပျိုးချိန်၊ အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း/ဒီဇင်ဘာ(၁၅)ရက်ထက်နောက်မကျမီ စိုက်ပျိုးသင့် 3)မတ်ပဲ Urad Black gram စစိုက်ပျိုးချိန်၊ ယာသီးထပ်- စက်တင်ဘာမှ အောက်တိုဘာလကုန် ထွက်ပေါ်ချိန် ဇန်နဝါရီလကုန်ဖေဖော်ဝါရီလဆန်း လယ်သီးထပ်- နိုဝင်ဘာလလယ် မှ ဒီဇင်ဘာပထမပတ် ထွက်ပေါ်ချိန် ဖေဖော်ဝါရီလလယ်မှ မတ်လဆန်း 4)ပဲတီစိမ်း Green gram သက်တမ်း 60-75ရက်(ရေဆင်း9/11/14)2လ 2လခွဲ စစိုက်ပျိုးချိန်၊ မြန်မာပြည်အထက်ပိုင်း မိုးကြို(ဖေဖော်ဝါရီလလယ်မှ မတ်လလယ်) မိုးရာသီ(မေလလယ်မှ သြဂုတ်လလယ်)၊ မိုးနှောင်း(နိုဝင်ဘာလအတွင်းအပြီးစိုက်ပျိုးပါ) 5)ပဲစဉ်းငုံ Pigeon pea သက်လတ်(180-200)ရက်/သက်ကြီး(230-240)ရက်ပေါင်း စစိုက်ပျိုးချိန်၊ သက်လတ်သက်ကြီး- မေလမှဇွန်လစိုက်၊ မိုးရာသီ-မေလလယ်မှသြဂုတ်လထိ 6)ပဲနီလေး Lentils စစိုက်ပျိုးချိန်၊ အောက်တိုဘာလလယ်မှ နိုဝင်ဘာလလယ် ထွက်ပေါ်ချိန် - ဖေဖေါ်ဝါရီလလယ်မှ မတ်လလယ်အသက်ရက်၁ဝဝ မှ ၁၂ဝ 7)စမှုံနက်နှမ်း/နှမ်းနက်၊Blackseed အသက်(၈၅-၉၀)ရက်ပေါင်း စစိုက်ပျိုးချိန်၊ နွေရာသီရေသွင်းနှမ်းကိုမတ်လကုန်တွင်အပြီးစိုက်ရန် မိုးနှမ်းကိုပထမမိုးရလျှင်ရခြင်းစိုက်ပျိုးရန် ဆောင်းနှမ်းကို စက်တင်ဘာလကုန်တွင် အပြီးစိုက်ရန်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ယနေ့ညနေ ပေါ်ဆန်းရင်(ရွှေဘိုဘေးကြား) ပျိုးခင်းကြဲပါသည်၊ ဖျာပုံမြို့နယ် ဆိုတော့ မိုးများအရပ်မို့၊ ရာသီကိုက်တယ်...
ဖြေကြားချက် 2 ခု
LBL9မတ်ပဲမျိုးဘယ်မှာရနိုင်သလဲဗျ
ဖြေကြားချက် 5 ခု
ရွက်ဝါထိုးတာ ဘယ်လိုလုပ်ရမလဲ
ဖြေကြားချက် 3 ခု
အပင်တွေသေလိုဘာဖြစ်တာလဲရောဂါလားပိုးလား
ဖြေကြားချက် 1 ခု
မှိုဆေး ပိုးသတ်ဆေး အားဆေး ရွက်ဖျန်မြေဩဇာလေးမျိုးကိုရောပြီးမက်ပဲခင်းကိုဖျန်းရင်အပင်တွေဘာဖစ်နိုင်လဲခင်ဗျာ ရော...
ဖြေကြားချက် 2 ခု