အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Call center

Call center

အတည်ပြုပြီး စိုက်ပျိုးရေးဉီးစီးဌာန

တောင်သူ · ငပုတော

6,743
လွန်ခဲ့သော ၅ နှစ် က

ထရိုင်ကိုဒါးမားကိုတော့ မြေခံမှာထည့်ကြပါတယ်။ အီးအမ်တို့လို ငါးအမိုင်နိုတို့လိုက ကောက်ရိုးဆွေး၊ မြက်ခြောက်ဆွေး, သစ်ရွက်ဆွေးတွေနဲ့ရောပြီး မြေဆွေးအနေနဲ့အသုံးပြုတာက ပိုထိရောက်ကောင်းမွန်ပါတယ်။ ငါးအမိုင်နိုဆိုရင် ပင်ပိုင်းကြီးထွားမှုအတွက်ကောင်းတာမို့ အပင်ငယ်စဉ်မှာဖြန်းပေးတာမျိုးပါ။

EM. ငါးအမိုင်နို ထရိုင်ကိုဒါမား အဲဒါတေအကုန်လုံးနွေထယ်ရေးခံပီးဖြန်းထာလို ရလားအဆိုးအကောင်းလေးသိတဲပညာရှင်များဖြေကြားပေးပါ ဗျ

အကျိုးပြုအဏုဇီဝ (အီးအမ်) ထရိုင်ကိုဒါးမား
လွန်ခဲ့သော ၅ နှစ် က

ကချေသည်မြက်ဟုယူဆရပါသည်။ ပုံမှာမသဲကွဲပါ၊ ၎င်းပေါင်းမြက်အမျိုးအစားသည် တိုက်ရိုက်အစေ့ချနှင့်ကြဲခင်းများတွင်လည်းပေါက်‌ရောက်တတ်ပါသည်။ အပင်အခြေတွင် စုပြုံ၍ ကိုင်းဖြာမှု အလွန်များတတ်ပါသည်။ ထောင်မတ်၍လည်း ပေါက်ရောက်တတ်ပါသည်။ ရေကြိုက်ပေါင်းဖြစ်၍ ရေလွှမ်းနေသည့်အခြေအနေနှင့် မြေစိုစွတ်နေချိန်များတွင် ပေါက်ရောက်တတ်ပါသည်။ အပင်အစောပိုင်းကာလတွင် ရေလွှမ်းထားခြင်းဖြင့် ပေါင်းပင်များအားရှင်းလင်းခြင်းနှင့် Fenoxaprop-p-ethyl အစရှိသော ပေါင်းသတ်ဆေးများအား အညွှန်းအတိုင်း ရွေးချယ်အသုံးပြုခြင်းတို့ဖြင့်လည်း နှိမ်နင်းနိုင်ပါသည်။ ပေါင်းသတ်ဆေးအမျိုးအစား အမျိုးမျိုးရှိရာတွင် အပင်မစိုက်မီ ဖျန်းသော ပေါင်းသတ်ဆေးပေါင်းမပေါက်မီ ဖျန်းသော ပေါင်းသတ်ဆေးနှင့် အပင်ပေါက်ပြီးမှ ဖျန်းသော ပေါင်းသတ်ဆေးစသည်ဖြင့်ရှိကြရာ အသုံးပြုရာတွင်လည်း ရွေးချယ် အာနိသင်ရှိသောပေါင်းသတ်ဆေးများကိုရွေးချယ်အသုံးပြုသင့်ပါသည်။ ရွေးချယ်အာနိသင်မဲ့ပေါင်းသတ်ဆေးသည် ပေါင်းပင်သာမက စပါးပင်ကိုပါသေစေ နိုင်သောကြောင့် ဂရုပြု၍သုံးစွဲသင့်ပါသည်။

ဘာပေါင်မြက်လဲခမျှ စပါကျဲခင်မှာပေါက်နေလို့ဘယ်လိုပေါင်သတ်ဆေးသုံးရမလဲ

စပါးပင်နှင့်ပေါင်းမြက်
လွန်ခဲ့သော ၅ နှစ် က

စပါးပင်သက်တမ်းတစ်လျှောက်ဝါရခြင်းမှာ မြေဩဇာလိုအပ်ခြင်း၊ ရေလိုအပ်ခြင်း၊ ပိုးမွှားရောဂါကျ ရောက်ခြင်း တို့ကြောင့်ဖြစ်နိုင်ပါသည်။ စပါးမှို့ကပ်ချိန်တွင် အပင်များဝါနေပါက အစာချက်လုပ်နိုင်စွမ်းလျော့နည်းသွားကာ အထွက်နှုန်းထိခိုက်နိုင်ပါသည်။ N မြေဩဇာ ထပ်ကျွေးလို့ရပါသည်။ ပင်ပိုင်းကြီးထွားမှုအချိန်တွင် N ကျွေးခြင်းက ပင်ပွားထွက်ရှိမှုကို အားပေး၍ မှို့ကပ်ချိန်(သို့)မှို့ကပ်ချိန်မတိုင်ခင်ကျွေးပါက အနှံစေ့များများ ပါဝင်သောစပါးနှံများဖြစ်ပေါ်၍ အထွက်နှုန်းတိုးတက်စေမည်ဖြစ်ပါသည်။ N သည် ပင်ပွားပွားများမှုအတွက်သာမက အစေ့၊အနှံကြီးထွားဖွံ့ဖြိုးစေသည့်ပြင် အမြစ်ကြီးထွားဖွံ့ဖြိုးမှုအတွက်ပါ အရေးပါပါသည်။ ဓါတ်မြေဩဇာထည့်ရမည့် အကြိမ်အရေအတွက်မှာ စပါးစိုက်ပျိုးတဲ့မြေအမျိုးအစား၊ ရာသီဥတု၊ ရေသွင်းရေထုတ်ကောင်းမှု၊ စပါးမျိုးများနှင့်စိုက်ပျိုးနည်းစနစ် အပေါ်မှာမူတည်မည်ဖြစ်ပါသည်။ Nချို့တဲ့ပါက အောက်အရွက်ရင့်တွေ တညီတညာထဲအခင်းလိုက် ဝါနေတတ်၍ ပင်ပွားနည်းနေပါမယ်၊ ထောင်မတ်တဲ့အရွက်က သေးငယ်နေပါမယ်၊ အရွက်များဝါပြီး အပင်တွေပိုနေပါကသတိထားရပါမယ်၊ သတိပြုရမည့်အချက်မှာ ဓါတ်မြေဩဇာထည့်သွင်းချိန်တွင် စပါးခင်းတွင် ရေ ရှိရန်လိုပါမည်။

စပါးမှို့ကပ်ခါစပါ အပင်တွေဝါနေလို့ N လည်းကျွေးထားပါတယ် ခုချိန်အပင်ဝါမယ်ဆိုရင် ဆိုးကျိုးက ဘယ်လိုဆက်ဖြစ်နိုင်လဲခင်ဗျ မြေသြဇာ ထပ်လိုက်လို့ ရဦးမလား ခင်ဗျ အပင်တွေပြန်စိမ်းလန်းလာအောင် ဘာဆက်လုပ်သင့်လဲ အကြံပြုပေးပါ

စပါးနှင့်ယူရီးယားမြေသြဇာ
လွန်ခဲ့သော ၅ နှစ် က

ကုလားပဲ လုံးဖြူ၊ WhiteChickpea သက်တမ်း(၈၅-၉၀)(၉၅-၁၀၅)ရက် စစိုက်ပျိုးချိန်၊ အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း/ဒီဇင်ဘာ(၁၅)ရက်ထက်နောက်မကျမီ စိုက်ပျိုးသင့် 2) ကုလားပဲလုံးညို‌၊ ကျနာပဲ Brown Chickpeas သက်တမ်း(၉၅-၁၀၀)ရက် စစိုက်ပျိုးချိန်၊ အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း/ဒီဇင်ဘာ(၁၅)ရက်ထက်နောက်မကျမီ စိုက်ပျိုးသင့် 3)မတ်ပဲ Urad Black gram စစိုက်ပျိုးချိန်၊ ယာသီးထပ်- စက်တင်ဘာမှ အောက်တိုဘာလကုန် ထွက်ပေါ်ချိန် ဇန်နဝါရီလကုန်ဖေဖော်ဝါရီလဆန်း လယ်သီးထပ်- နိုဝင်ဘာလလယ် မှ ဒီဇင်ဘာပထမပတ် ထွက်ပေါ်ချိန် ဖေဖော်ဝါရီလလယ်မှ မတ်လဆန်း 4)ပဲတီစိမ်း Green gram သက်တမ်း 60-75ရက်(ရေဆင်း9/11/14)2လ 2လခွဲ စစိုက်ပျိုးချိန်၊ မြန်မာပြည်အထက်ပိုင်း မိုးကြို(ဖေဖော်ဝါရီလလယ်မှ မတ်လလယ်) မိုးရာသီ(မေလလယ်မှ သြဂုတ်လလယ်)၊ မိုးနှောင်း(နိုဝင်ဘာလအတွင်းအပြီးစိုက်ပျိုးပါ) 5)ပဲစဉ်းငုံ Pigeon pea သက်လတ်(180-200)ရက်/သက်ကြီး(230-240)ရက်ပေါင်း စစိုက်ပျိုးချိန်၊ သက်လတ်သက်ကြီး- မေလမှဇွန်လစိုက်၊ မိုးရာသီ-မေလလယ်မှသြဂုတ်လထိ 6)ပဲနီလေး Lentils စစိုက်ပျိုးချိန်၊ အောက်တိုဘာလလယ်မှ နိုဝင်ဘာလလယ် ထွက်ပေါ်ချိန် - ဖေဖေါ်ဝါရီလလယ်မှ မတ်လလယ်အသက်ရက်၁ဝဝ မှ ၁၂ဝ 7)စမှုံနက်နှမ်း/နှမ်းနက်၊Blackseed အသက်(၈၅-၉၀)ရက်ပေါင်း စစိုက်ပျိုးချိန်၊ နွေရာသီရေသွင်းနှမ်းကိုမတ်လကုန်တွင်အပြီးစိုက်ရန် မိုးနှမ်းကိုပထမမိုးရလျှင်ရခြင်းစိုက်ပျိုးရန် ဆောင်းနှမ်းကို စက်တင်ဘာလကုန်တွင် အပြီးစိုက်ရန်

ပဲအမျိုးအစားများ၊ စိုက်ပျိုးချိန်နှင့် ‌ေပါ်ထွက်ချိန်လေး‌ေတွ မျှဝေးပေးကြပါအုန်း၊ မိတ်‌ေဆွတို့.....💁 1)ကုလားပဲ လုံးဖြူ၊ WhiteChickpea »» စစိုက်ပျိုးချိန်၊ ထွက်ပေါ်ချိန် ?? 2) ကုလားပဲလုံးညို‌၊ ကျနာပဲ Brown Chickpeas »» စစိုက်ပျိုးချိန်၊ ထွက်ပေါ်ချိန် ?? 3)မပဲ Urad Black gram »» စစိုက်ပျိုးချိန်၊ ထွက်ပေါ်ချိန် ?? 4)ပဲတီစိမ်း Green gram »» စစိုက်ပျိုးချိန်၊ ထွက်ပေါ်ချိန် ?? 5)ပဲစဉ်းငုံ Pigeon pea »» စစိုက်ပျိုးချိန်၊ ထွက်ပေါ်ချိန် ?? 6)ပဲနီလေး Lentils »» စစိုက်ပျိုးချိန်၊ ထွက်ပေါ်ချိန် ?? 7)စမှုံနက်နှမ်း/နှမ်းနက်၊Blackseed »» စစိုက်ပျိုးချိန်၊ ထွက်ပေါ်ချိန် ??

သီးနှံများစိုက်ချိန်
လွန်ခဲ့သော ၅ နှစ် က

ပန်းဂေါ်ဖီစနစ်တကျမျိုးယူပုံ

ပန်းဂေါ်ဖီကိုစနစ်တကျမျိုးယူပုံလေးသိချင်ပါတယ်‌ဖြေကြားပေးကြပါ

လွန်ခဲ့သော ၅ နှစ် က

သံဓာတ်ပါတဲ့မြေအောက်ရေကို စိုက်ပျိုးရေးမှာ မသုံးသင့်ပါ။ ရေရှည်မှာ မြေဆီလွှာ ပျက်စီးနိုင်ပါတယ်။

သံဓာတ်ပါတဲ့မြေအောက်ရေကစိုက်ပျိုးရေးသုံးလို့ရလားဗျ

ငရုတ်ခင်းရေစီမံခန့်ခွဲခြင်း
လွန်ခဲ့သော ၅ နှစ် က

စုပ်စားပိုးကို အဆီဖိတ် (Acephate) ၊ ဒိုင်မီသိုရိတ် (Dimethoate)၊ အင်မီတာကလိုရိုဗစ်( Imidacloprid) ကို ဆေးအညွှန်းပါအတိုင်း အလှည့်ကျ သုံးပေးနိုင်ပါတယ်။

စုပ်စားကပ်ပီးဗြုတ်တေထနေလို့ဘယ်စျေးသုံးရမလဲဗျ ပြောခဲ့ပါအုံး

လွန်ခဲ့သော ၅ နှစ် က

ကြက်သွန်ပင်ရဲ့အလက်ထဲမှာ ခြစ်စားတဲ့ပိုးကောင်သေအောင် အဆီဖိတ်၊ ဒိုင်မီသိုရိတ်၊ အင်မီတာကလိုရိုဗစ်ကို ဆေးအညွှန်းပါအတိုင်း အလှည့်ကျ သုံးပေးနိုင်ပါတယ်။

ကြက်သွန်ပင်ရဲအလက်ထဲမှာ ခြစ်စားတဲပိုးကောင်သေအောင် ဘာဆေးဖြန်းရတာလဲဗျ

ကြက်သွန်နီတွင်ကျရောက်တတ်သောဖျက်ပိုးများ
လွန်ခဲ့သော ၅ နှစ် က

ကြက်သွန်နီ မှာ ငါးအမိုင်နိုကို ငါးအမိုင်နို ၁ ဆ၊ ရေ အဆ ၁၀၀၀ (၁း၁၀၀၀) နှုန်းနဲ့ အပင်ငယ်စဉ်၊ အပင်ဖြစ်ထွန်းချိန်မှာရော ဥဆင်းချိန်မှာရော သုံးနိုင်ပါတယ်။ ငါးအမိုင်နိုကို စိတ်ချစွာသုံးနိုင်ပါတယ်။

ကြက်သွန်နီ အတွက် ငါးအမိုင်နို ကို ဘယ်လိုအရွယ်/အချိန် မှာ ဘယ်လို သုံးစွဲရမှာလဲ ဆိုတာသိရအောင် ဖြေကြား ပေးစေခြင်ပါတယ်

ငါးအမိုင်နိုအက်စစ် ကြက်သွန်နီအပင်အာဟာရ
လွန်ခဲ့သော ၅ နှစ် က

ငရုတ်သီးနှံမေးခွန်း မှာ ဓာတ်ပုံပို့ပေးရင်တော့ ပိုပီးပြည့်စုံအောင်ဖြေပေးနိုင်မှာပါ။ ပိုတက်ဆီယံချို့တဲ့ရင်တော့ ပိုတက်ဆီယံဓာတ်မြေဩဇာ (သို့) ပိုတက်ဆီယံရွက်ဖြန်းမြေဩဇာ သုံးပေးသင့်ပါတယ်။ တကယ်လို့ အကောင်တေတွေ့ရရင်တော့ အဆီဖိတ်၊ ဒိုင်မီသိုရိတ်၊ အင်မီတာကလိုရိုဗစ် ကို ဆေးအညွှန်းပါအတိုင်း အလှည့်ကျ သုံးပေးနိုင်ပါတယ်။

ငရုတ်ပင်တွေ စိုက်ပြီး 15ရက်အကြာ ပိုတက်စီယမ် ချို့တဲ့သလို လက်ခဏာပြလာလို့ ဘာဆေးဖြန်းရမလဲ သိချင်လို့ပါ ကျေးဇူးပြု၍ ဖြေပေးစေချင်ပါတယ် ခင်ဗျာ

ငရုတ်ပင်အာဟာရချို့တဲ့ခြင်း ငရုတ်အရွက်ဝါပြဿနာ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။