ဖြေကြားချက် ၁ ခု
သံပုရာပင်ကိုပန်းအိုး( သို့မဟုတ်) ကျောက်ခွေနဲ့ စိုက်ပျိုးထားတဲ့ သံပုရာပင်ကို ရေအဝလောင်းပြီး တပါတ်ကျော်နှစ်ပါတ်လောက်ထိအောင် ရေမလောင်းဘဲနဲ့ ရေဖြတ်ထားရပါ့မယ် ။ ကိုင်းဖျားတွေဆခြာက်သွေ့ပြီး အရွက်များလိပ်သွားပါလိမ့်မယ်။ ထိုသို့ဖြစ်သွားပြီဆိုမှ အုပ်ထားသာပလပ်စတစ် ပြန်လည်ဖွင့်ပေးပြီး ခြောက်သွေ့နေသော အကိုင်းဖျားများကို နှစ်လက်မ ကနေ ရှစ်လက်မလောက်ထိ ဖြတ်တောက်ပေးရပါ့မယ်။ ထိုသို့ပြုလုပ်ပြီးသည့်အချိန်မှစတင်၍ ၁၂:၂၄:၁၂ အချိုးရှိသော မြေသြဇာကို ထည့်သွင်းပြီးသကာလ ရေအဝတိုက်ပါ့မယ်။ အသီးအပွင့်တင်စေသော ဟော်မုန်းပါသည့် ဆေးရည်များဖြန်းပေးရပါ့မယ်။၁၂:၂၄:၁၂ အချိုးရှိသော မြေသြဇာဝယ်ယူလို့မရရှိပါက နွားချေး တပြည်သားခန့်နှင့ အရွက်ခြောက်( သစ်ရွက်ဆွေး) သုံးပြည်သားခန့်ကို ရောမွှေပြီးအပင်ခြေတွင်အုပ်ပေးကာရေတိုက် ဟော်မုန်းဆေး(အသီး/အပွင့်အတွက်) ဖြန်းပေးရပါ့မယ်။ ဒီပထနည်းကတော့ နွေရာသီမှာ သံပုရာသီးအသီးများပြွတ်သိပ်သီးပြီး စျေးကောင်းရတဲ့အချိန်မှာ အသီးသီးစေနိုင်ဖို့ ဆောင်ရွက်တဲ့နည်းလမ်းပါခင်ဗျ။ ကိုးကား - ဆန်းသစ်တီထွန်လယ်ယာမြေတစ်ခွင်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
aloe vera ကို Rooting hormone အဖြစ်သုံးလို့ရပါလား။ ရရင်ဘယ်လိုသုံးရပါလဲ။
ဖြေကြားချက် 1 ခု
ရှာလကာရည်ဆိုတာဘယ်လိုမျိုးလဲဟင်းချက်တဲ့အရည်လားသီးနှံဖျန်းတဲဘအရည်ကသက်သက်လားအလင်းပြပါ
ဖြေကြားချက် 1 ခု
တင်လဲရည်ကဘယ်လိုလုပ်ရလဲခင်ဗျာ
ဖြေကြားချက် 1 ခု
သံပုရာ အပင် ၅နှစ်သားလောက်တော့ရှိပါပြီ အခုနှစ်ပိုင်းမှ ရေသေချာလောင်းဖြစ်တယ် အပင်တော့ကြီးပြီး အသီး အပွင့်...
ဖြေကြားချက် 5 ခု
သံပုရာ အရမ်းသီးပြီး အပင်ပေါ်မှာ အဲ့လိုတွေ ကွဲကုန်လို့။ ဘာ့ကြောင့်ဖြစ်တာလဲ။ ဘယ်လိုကုစားရမလဲ သိပါရစေရှင်။
ဖြေကြားချက် 7 ခု