ဖြေကြားချက် ၃ ခု
စိုက်ပျိုးမည့် မြေကြီးထဲမှာ ရှိနေတဲ့ အပင်အကြွင်းအကျန်များကို အမြစ်ပါမချန် ရှင်းလင်းပစ်ပါ။ -မြေကြီး အနက် ၆-၈ လက်မအထိ မြေကို ပွနေစေရန် ထွန်ယက်ပေးပါ။ -မြေဆွေးကို စိုက်ပျိုးမည့် မြေကြီးအထက် ၂-၃ လက်မအထိ ဖြန့်ပေးပြီး မြေကြီးထဲသို့ ရောမွှေပေးပါ။ -မြေကြီးက အချဉ်ပေါက်နေပါက ထုံးဓာတ်ပြီး သမသည့် အနေအထားရောက်အောင် ပြုပြင်ပါ။ (ချဉ်ငန်ဓာတ် ကိန်းဂဏန်းပေါ်မူတည်ပြီး ထုံးပမာဏ ကွာခြားပါသည်) မြေကြီးကို ၁၂ လက်မ အကျယ် ၈-၁၂ အမြင့် ဘောင်ပြုလုပ်ပေးပါ။ တစ်တန်းနှင့် တစ်တန်းကြား အနည်းဆုံး ၂ ပေထားပေးပါ။ စိုက်ပျိုးခြင်း (က) အစေ့မှ စိုက်ပျိုးခြင်း အစေ့မှ စိုက်ပျိုးခြင်းသည် အပင်ပေါက်ရောက်မှုနည်းသည့်အတွက် ဥမှ စိုက်ကြသူ များပါတယ်။ အစေ့မှ စိုက်ပျိုးပါက မျိုးစေ့ကို ရေ (၃-၄) ရက်ခန့် ကြာအောင် စိမ်ထားသင့်ပါတယ်။ ရေကို တစ်နေ့တစ်ခါ လဲပေးရမည်။ ထိုနောက် ပျိုးဘောင်ပေါ်တွင် တစ်စေ့နှင့် တစ်စေ့ ၁ လက်မ ၁လက်မခွဲခန့်၊ တန်းကြား ၁ ပေခန့် ထားပြီး ပျိုးထောင်ပါ။ ၂-၆ ပတ်အကြာတွင် အပင်ပေါက်လာပြီး တစ်လသားခန့်တွင် ပျိုးအိတ်ထဲသို့ ပြောင်းထဲပါ။ ပျိုးပင် ၄ လသား အရွယ်တွင် ရွေ့ပြောင်း စိုက်ပျိုးနိုင်ပါတယ်။ (ခ) ဥမှ စိုက်ပျိုးခြင်း မိုးဦးပိုင်းတွင် စတင်စိုက်ပျိုးနိုင်ပါ။ ပင်ကြား ၁-၁.၅ ပေထိ ထားပြီး တန်းကြား ၃-၄ ပေခန့် ထားသင့်ပါသည်။ ကျင်းကို ၈ လက်မ အနက်ထိ တူး၍ စိုက်ပျိုးပါ။ ကညွတ်စိုက်ပျိုးနည်းအပြည့်အစုံကိုတော့ အောက်ပါLinkတွင်ဝင်ရောက်လေ့လာနိုင်ပါတယ်။ https://greenwaymyanmar.com/posts/cultivation-of-asparagus
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ