အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၅ နှစ် က · အိမ္မဲ

ကျွန်တော်နွေစပါး စိုက်ပျိုးတဲ့တောင်သူတစ်ဦးပါ ကျွန်တော် မာလာမွှေး စပါးစိုက်ပါတယ် မာလာမွှေးစပါး က ဝိတ်ချိန်စီး...

ကျွန်တော်နွေစပါး စိုက်ပျိုးတဲ့တောင်သူတစ်ဦးပါ ကျွန်တော် မာလာမွှေး စပါးစိုက်ပါတယ် မာလာမွှေးစပါး က ဝိတ်ချိန်စီးပါတယ် သီးထပ်ရင်ထက်အထွတ်နုန်းကောင်းပါတယ် ဒါကြောင့် ဒီစပါးကိုစိုက်ပျိုးရခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ၎င်းစပါးက မသန့်ပါဘူး အပင်တွေကတိုရှည် ရှိပါတယ် မြောင်းမြစိုက်ခြံမှာလည်း မျိုးဝယ်လို့မရပါဘူး ။ပထမဆုံးအနေနဲ့ ၎င်း မာလာမွှေး စပါးမျိုးသန့်ကို ဘယ်မြို့နယ်မှာဝယ်လို့ရနိုင်မလဲဆိုတာသိချင်ပါတယ် ။ အကယ်၍ ဝယ်လို့မရရင်လဲ မျိုးသန့်ဖြစ်အောင် ဘယ်လိုမျိုး စိုက်ပျိုးရမလဲဆိုတာသိချင်ပါတယ်ခင်ဗျ ။

စိုက်ပျိုးနည်း စပါး မျိုးစပါး စပါးမျိုးများ

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၅ နှစ် က

မျိုးသန့်ခြံတော့ မသိဘူးဗျ။ ကောလင်းဘက်မှာတော့ စိုက်ကြတယ်ပြောတယ်။ ကိုယ်တိုင် ခေါင်နှံယူပြီး မျိုးပြန်ထားတာ အကောင်းဆုံးပါ။ ခေါင်းစဉ်လေးနှိပ်ပြီး ဆက်လက်လေ့လာပါဗျ။ တောင်သူများ ကိုယ့်မျိုးကိုယ်ထား ခေါင်နှံမျိုးသန့်စပါး စိုက်ပျိုးထုတ်လုပ်နည်းစနစ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။