ဖြေကြားချက် ၂ ခု
ဟင်းသီးဟင်းရွက်က ကြာရှည်ထားလို့မရတဲ့ သီးနှံဖြစ်တဲ့အတွက်ကြောင့် ဈေးကွက်က တော်တော်အရေးပါပါတယ်။ ဈေးကွက်နဲ့ စိုက်ပျိုးသူဦးရေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ ဥပမာ ခရမ်းချဉ်ဈေးကောင်းတယ်ဆိုပေမယ့် လူများကြီးပြုံစိုက်ရင်တော့ ဈေးက ထိုးကျသွားမှာပါ။ ဈေးကောင်းရချင်ရင်တော့ သူများစိုက်တာနည်းတဲ့အချိန်မှာ စိုက်နိုင်အောင်ကြိုးစားတာက အကောင်းဆုံးပါ။ ဥပမာ ရန်ကုန်ဈေးကွက်ဆို မိုးတွင်းမှာ ကြက်သွန်မြိတ်လိုမျိုး၊ နံနံလိုမျိုးက ဈေးကောင်းပါတယ်။ အခုကာလကတော့ ရန်ကုန်နေထိုင်သူအတွက် အစအစအရာရာကတော့ ဈေးကြီးပါတယ်။ ဈေးကွက်လေ့လာတာကတော့ အကောင်းဆုံးက နှစ်ပတ်လည် ရောင်းချနေသူတွေနဲ့စကားပြောကြည့်တာ အကောင်းဆုံးပါ။ ဒါက ကျွန်တော်တို့ စီမံကိန်းတွေ လုပ်ရင်လည်း ဒီနည်းပဲ သုံးရပါတယ်။ နောက် အစိမ်းရောင်လမ်းမှာလည်း ရက်စွဲအလိုက် အရင်နှစ်တွေက ဈေးနှုန်းတွေကို ပြန်ကြည့်လို့ရပါတယ်။ ဈေးကွက်ကြီးကြီးကို မှန်းရင်တော့ ရန်ကုန်ဈေးကွက်က သင့်တော်ပါတယ်။ နောက်ဟင်းသီးဟင်းရွက်ကို တိုက်ရိုက်ရောင်းချနေတဲ့ ကုမ္ပဏီမျိုးတွေနဲ့ ချိတ်ဆက်စကားပြောကြည့်ပါ။ ရန်ကုန်မှာဆို Farm Shop နဲ့ ဈေးခြင်း ၂ ခုရှိပါတယ်။သူတို့နဲ့ မေးမြန်းဆက်သွယ်စေလိုပါတယ်။
ဆက်စပ်မေးခွန်းများ
စိုက်ပျိုးပုံအဆင့်ဆင့်ကိုသိပါရစေခင်ဗျ။
ဖြေကြားချက် 5 ခု
မှို(ကောက်ရိုးမှို
ဖြေကြားချက် 1 ခု
မှိုစိုက်ရင်ဘယ်ယာသီကကောင်းလဲအမ
ဖြေကြားချက် 2 ခု
ကောက်ရိုးမှိုစိုက်ပျိုးနည်း
ဖြေကြားချက် 2 ခု
မိုးတွင်း စင်နဲ့စိုက်ဖို့အတွက် ဘာတွေလိုအပ်ပါသလဲ စိုက်လို့ အဆင်ပြေနိုင်ပါ့မလား ရာသီဥတု အနေအထားအရ အာ့လေးသိချင်ပါ...
ဖြေကြားချက် 1 ခု