ဖြေကြားချက် ၁ ခု
ဟုတ် ယူရီးယားရဲ့ သဘောက ရေမှာ ပျော်ဝင်ပါတယ်။ စပါးခင်းလိုမျိုးဆိုရင်တော့ မြေခံမှာ ထည့်ဖို့ မတိုက်တွန်းပါဘူး။ ရေအမြဲမြုပ်နေပြီး အဝင်အထွက်လည်း ရှိတာကြောင့် ထည့်တာ အလကားဖြစ်မှာပါ။ ပြောင်းခင်းက စပါးနဲ့မတူတာကြောင့် မြေခံမှာထည့်ပေးဖို့ အပင်မြစ်ကနေ စားယူနိုင်တဲ့ နေရာရောက်အောင် မြေပြင်တုန်းမှာ ထည့်ခိုင်းတာပါ။ အပင်က စားနိုင်တဲ့အချိန်ထိ အာနိသင်ရှိပါတယ်။ နောက်ပြီး မြေကြီးပေါ်ကနေ ကျွေးတာမဟုတ်တဲ့အတွက်ကြောင့် အငွေ့ပျံပြီး ဆုံးရှုံးနိုင်ခြေလည်း နည်းပါတယ်။ ပိုပြီး အာနိသင်ရှိချင်ရင်တော့ မြေခံမှာ ပုလဲကို သူ့ချည်းမထည့်ဘဲ သဘာဝမြေသြဇာနဲ့ တစ်ညနှပ်ပြီးမှ ထည့်ပါဗျ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ေွမကောငျးအောငျဘယိလိုလုပျရမလဲ
ဖြေကြားချက် 1 ခု
ဘာတံစိတ်သုံးရမလည်းမသိလို့ပါ
ဖြေကြားချက် 1 ခု
အပင်သိပ်မကြီးလို့ ဘာဆေးသုံးရမလဲဆရာတို့ညွှန်ကြပါအုန်း
ဖြေကြားချက် 1 ခု
ယူရီးယားကို အလုံးကြီး လုပ်ပြီး စပါးခင်းမှာ မြှုပ်တာက ယူရီးယားအကုန်သက်သာပြီး အကျိုးရှိစေတယ်လို့ ဆိုပါတယ်၊...
ဖြေကြားချက် 1 ခု
မြေပြင်ရာမှာ ကြက်ချေးအစို ထည့်လို့ရလား ဘယ်လိုဖြစ်နိုင်လဲ
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ