ဖြေကြားချက် ၅ ခု
ဟုတ် ပြောင်းက မြေဆီမြေနှစ်ကို အလွန်အကျွံစားသုံးတဲ့ သီးနှံတစ်မျိုးဖြစ်တဲ့အတွက်ကြောင့် သီးလှည့်စိုက်ပျိုးဖို့ လိုအပ်ပါတယ်။ ပဲက မြေကြီးထဲကို နိုက်ထရိုဂျင်ပြန်ထည့်ပေးတဲ့အတွက်ကြောင့် သီးလှည့်သီးနှံ ရွေးချယ်မှုမှန်ကန်ပါတယ်။ မျိုးသန့်အနေနဲ့ကတော့ ရေဆင်းကထုတ်တဲ့ ပဲပုပ်မျိုးတွေရှိပါတယ်။ မြေပြန့်မှာစိုက်ဖို့အတွက်ဆိုရင် သင့်တော်တာက - ရေဆင်းပဲပုပ် (၆) သက်တမ်း ၉၀-၁၀၀ ရက် ရှိပါတယ်။ အထွက်နှုန်းက ၂၅တင်းကနေ ၃၀ လောက်ထိ ထွက်နိုင်ပါတယ်။ - ရေဆင်းပဲပုပ် (၁၄) သက်တမ်းတိုပြီး ၆၅-၈၅ ရက်ရှိပါတယ်။ ထွက်နှုန်းက ၂၅ တင်းကနေ ၃၀ လောက်ထိ ထွက်နိုင်ပါတယ်။ အခုမှစစိုက်မယ်ဆိုရင်တော့ မြေကြီးထဲမှာ ပဲအတွက် လိုအပ်တဲ့ ရိုင်ဇိုဘီယမ်ပိုး မရှိသေးတဲ့အတွက်ကြောင့် အစနှစ်တွေမှာ အထွက်နည်းနိုင်ပါတယ်။ဖြစ်နိုင်ရင် ရိုင်ဇိုဘီယမ်လူးနယ်ဆေးနဲ့ နယ်ပြီးစိုက်ပါ။ စိုက်ပျိုးနည်းအသေးစိတ်ကိုတော့ အောက်က လင့်မှာ ဖတ်ရှု့လေ့လာနိုင်ပါတယ်ဗျ။ ပဲပုပ်(Soybean) စိုက်ပျိုးနည်း
သီးလှည့်စိုက်ပျိုးပေးတာကောင်းပါတယ်ရှင့်။ စိုက်နည်းစနစ်နဲ့ အပင်ပြုစုနည်းတွေကိုလေ့လာဖို့ ပဲပုပ်(Soybean) စိုက်ပျိုးနည်း ဟင်းစားပဲပုပ် စိုက်ပျိုးနည်း ဒီဆောင်းပါးတွေကိုညွှန်းချင်ပါတယ်။ စာတန်းကိုနှိပ်ပြီးဖတ်ကြည့်ပါရှင့်။ မျိုးအနေနဲ့ကတော့ကိုယ့်ဒေသဘက်တွေမှာ အစိုက်များပြီး အပင်ပေါက်ရာခိုင်နှုန်းများတဲ့မျိုးတွေကိုရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ ပဲပုပ်စိုက်နေတဲ့နီးစပ်ရာသူတွေနားလည်း မျိုးစေ့စုံစမ်းဖို့အကြံပြုချင်ပါတယ်။
ဆက်စပ်မေးခွန်းများ
ဒီလိုချိန် ဆောင်းရာသီမှာ ပဲပုတ်ကိုစနစ်တကျ အထွက်နှုန်းတိုးရေး စိုက်ပျိုးနည်းလမ်းလေး မျှဝေပေးပါခဗျာ plz...
ဖြေကြားချက် 1 ခု
ပဲပုပ်မျိုးစေ့ ဘယ်မှာ ရနိုင်မလဲ
ဖြေကြားချက် 4 ခု
ပဲပုတ်အခုမှစစိုက်ခါစဆိုတော့ ဘာတွေလုပ်ရမလဲခင်ဗျ
ဖြေကြားချက် 1 ခု
ရှမ်ပြည်မြောက်ဖက်နောင်ချိုမှာတော့ ပဲပုတ်စမ်းစိုက်ထားတယ် ဆီကျိတ်ပဲပါ
ဖြေကြားချက် 2 ခု
ပဲပုတ် (soya bean) ကို မြန်မာပြည် ဘယ်ဒေသမှာ အစိုက်များလဲရှင့်
ဖြေကြားချက် 1 ခု