ငှက်ပျောပင်လေးရောဂါကျနေလို့ပါ။ဘယ်လိုလုပ်ပြီး ဘာဆေးသုံးရမလဲရှင့်။
ရောဂါကျတာတော့ မဟုတ်လောက်ဘူး။ ပိုတက်ဆီယမ်ဓာတ်ချို့တဲ့လို့ဖြစ်လာတာပါ။ ပိုတက်ဆီယမ်ဓာတ်ချို့တဲ့တာကြောင့် ရောဂါအလွယ်တကူဝင်တာတော့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပိုတက်ဆီယမ်ပါတဲ့ မြေသြဇာထည့်ပေးပါ။ စက်ဖွဲပြာလိုမျိုးထည့်တာလည်း ပိုတက်ဆီယမ်ကို ရရှိစေပါတယ်။ နောက်တစ်ချက်က မြေကြီး ချဉ်ငန်ဓာတ်ကြောင့် ပိုတက်ဆီယမ်ချို့တာလည်း ဖြစ်နိုင်ပါတယ်။ အဆင်ပြေမယ်ဆိုရင် မြေကြီးကို စမ်းသပ်ကြည့်စေချင်ပါတယ်။ မြေကြီးချဉ်ငန်ဓာတ်ကိုလည်း ပြင်မယ် ပိုတက်လည်း ထည့်မယ်ဆိုရင်တော့ သဘာဝမြေသြဇာများများထည့်ပေးတာက အကောင်းဆုံးပါ။
ဆက်စပ်မေးခွန်းများ
ငှက်ပျောပင်စိုက်ချင်လို့ပါ ခြံက အလျား 100*အနံက 20 ရှိပါတယ်ရှင့် ပင်ကြားတန်းကြား ဘယ်လောက်နဲ့ အပင်ဦးရေ ဘယ်လောက်...
ဖြေကြားချက် 1 ခု
ခြံဝန်းထဲမှာ ငှက်ပျောပင်စိုက်မယ်ဆိုရင် မစိုက်သင့်တဲ့အရပ်တွေရှိတယ်ဆိုလို့ သိချင်ပါတယ်
ဖြေကြားချက် 2 ခု
1acreကိုဘယ်နှစ်ထွန်လယ်ရှိလဲသိချင်လို့ပါ
ဖြေကြားချက် 0 ခု
ငှက်ပျောပင်လေးတွေ သိပ်မဖြစ်လို့ ဘာကျွေးရမလဲဗျ အကြံပြုပါဦး
ဖြေကြားချက် 2 ခု
ငှက်ပျောစိုက်ပျိုးရာတွင် စွယ်စုံစိုက်ပျိုးခြင်းနှင့် ပင်တည်းစိုက်ပျိုးခြင်းဟူ နှစ်မျိုးရှိပြီး ပင်တည်းစိုက်...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။