အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1
လွန်ခဲ့သော ၅ နှစ် က · ပြင်ဦးလွင်

ကျောက်ဂျင်း စိုက်နည်းလေးသိချင်ပါတယ် နည်းလေးမျှပေးကြပါခက်ဗျ

စိုက်ပျိုးနည်း ချင်း

ဖြေကြားချက် ၂ ခု

117 လွန်ခဲ့သော ၅ နှစ် က

တစ်ချို့ကအပင်ကြီးတွေမှာကပ်စိုက်တာဖြစ်ထွန်းရှင်သန်တာတွေရပါတယ်။စာရေးသူကတော့ပန်းအိုးထဲမှာအုပ်ကျိုးကျောက်စလစ်မီးသွေးခဲအုန်းဆံခွံနဲနဲမြေဆွေးနဲနဲထဲ့ပြီးစိုက်တာရှင်သန်နေတာကိုတွေ့ရပါတယ် အပင်ရဲ့ဥတွေကိုတော့အပြင်မှာဖော်ထုပ်ပြီးစိုက်ထားပါတယ် တချိုအပင်ဥတွေကိုဖုံးအုပ်ပြီးစိုက်ကြည့်တာအပင်သေသွားတာတွေရပါတယ်

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၅ နှစ် က

ချင်းပြည်ရောက်ရင် နာမည်ကြီးဆေးဝင်ပင် ၂ ပင်ရှိပါတယ် တပင်က နတ်ဆေးဂမုန်းပါ နောက်တပင်ကတော့ အခုဖေါ်ပြမည့် သံဃာစဉ်ဂမုန်းပင်လေးပါ။ ချင်းပြည်မှာ နေရာတိုင်းမှာတော့ မပေါက်ပါဘူး ပေပေါင်း ၆၀၀၀ ကျော် ၇၀၀၀ မြင့်တဲ့ ကျောက်တောင်တွေရဲ့ကမ်းပါးယံကို သဘာဝအတိုင်းတွယ်ကပ်ပေါက်တာပါ။ Family Zingiberaceae. ရွှေပန်းငွေပန်းမျိုးရင်းထဲမှာပါဝင်ပြီး။ နှစ်ရှည်ခံပင်ပြော့ပါ မြေအောက်ပင်စည်ရှိပြီး ပင်စည်ရဲ့ပုံစံက ပုံမှာအတိုင်း ထူးခြားလှပါတယ်။ အပင်က ရုတ်တရက်ကြည့်လျှင် ရွှေပန်းပင်လေးနဲ့တူလှသလို အပွင့်လေးများကလည်း ဆင်လှပါသည်။ ဝတ်ဆံဖို ၆ ခုပါသော်လည်း တခုသာအောင်သည်။ ဝတ်ဆံဖိုအမြုံများသည် အဝိုက် ၂ ဝိုက်ပါ သော ပွင်ချပ်ယောင် labellum အဖြစ်ပြောင်းလဲသွားပြီး လှပသောအဆင်းရှိသည်။ အသီးသည် အက်ကွဲသီးဖြစ်ပြီး အစေ့များကရင့်မှဲလျှင် အနီရောင်ရှိသည်။ ဒေါက်တာသက်နိုင်ဦး ရေးသားထားတာပါ။​ အခုထိတော့ စီးပွားဖြစ်စိုက်ကြတာတော့ မတွေ့ပါဘူး။ မြေအောက်ပင်စည်ရှိတဲ့အတွက်ကြောင့် ဥကနေတစ်ဆင့် ပြန်ပြီး စိုက်ရင်ရပါလိမ့်မယ်ဗျ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။