ဖြေကြားချက် ၂ ခု
hi
မြေပဲဥချဆေးထက် သိသင့်တာလေးတွေ အရင်ပြောချင်ပါတယ်ဗျ။ မြေပဲက ပန်းပွင့်ပြီး ဝတ်မှုန်ကူးမယ်။ပြီးရင် အပွင့်ကညိုးလာပြီး စွယ်က မြေကြီးထဲ ဝင်ဖို့ကြိုးစားမယ်။ ဆိုတော့ စွယ်တိုင်းက အတောင့်ဖြစ်မလား ဆိုတဲ့ မေးခွန်းရှိပါတယ်။ မဖြစ်နိုင်ပါဘူး။ မြေကြီးထဲကို မတိုးနိုင်တဲ့ဆွယ်က အတောင့်မဖြစ်တော့ပါဘူး။ တိုးနိုင်တိုင်းလည်း မဖြစ်တာတွေရှိပါသေးတယ်။ အပူချိန် အနိမ့်အမြင့်ကြောင့်လည်း အတောင့်မဖြစ်တာ၊ ညှက်တာ၊ မအောင်တာ ဖြစ်နိုင်ပါသေးတယ်။ မြေကြီးက မွနေမလား မာနေလားဆိုတဲ့အပေါ်မှာမူတည်ပြီးလည်း အတောင့်ကြီးထွားမှုက မူတည်ပါသေးတယ်။ နောက် အဟာရကလည်း မူတည်ပါတည်။ နောက် ပေါင်းပြဿနာလည်း ရှိပါတယ်။ ဒါကြောင့် မြေပဲ ပန်းမပွင့်ခင် ၁ လတွင်မှာ ပြောင်းလိုက်ရင်း ပေါက်တူးဝင်ပေးဖို့လိုပါတယ်။ ပေါင်းလည်း သေ၊ မြေကြီးလည်းမွှ၊ မြေကြီးတွင်းက အပူချိန်ကိုလည်း လျော့ပေးပြီးဖြစ်ပါတယ်။ပန်းပွင့်ချိန်မှာတော့ ပေါင်းရှိနေရင် လက်ပေါင်းပဲ ကောင်းပါတယ်။ ပေါက်တူးထိမိရင် အပွင့်ကန်းတာတွေ ဖြစ်နိုင်ပါတယ်။ မြေပဲသီးနှံ အောင်မြင်ဖို့အတွက် အရေးကြီးတာ ကျောက်မှုန့်ပါ။ မြေခံမှာလည်း ထည့်ကြသလို ပန်းပွင့်ခါနီး ပေါက်တူးဝင်ရင်းနဲ့ ကျောက်မှုန့် အိတ်ဝက်ထည့်ပြီး ဘောင်လုံးပေးပါ။ ပန်းပွင့်တဲ့အချိန်မှာတော့ ပုလဲလက်ချား ဖြန်းပေးပါ။ လက်ချားက ပန်းပွင့်ရာမှာ ဝတ်မှုန်ကူးတာအောင်အောင် လုပ်ပေးနိုင်တဲ့ ဘိုရွန်ဓာတ်ပါပါတယ်။ ဝတ်မှုန်အောင်ပြီး ဆွယ်ချရာမှာ အောင်မြင်ဖို့က အောက်ခံမြေကြီးနဲ့ အစိုဓာတ်က အရေးကြီးပါတယ်။ ဆေးတစ်မျိုးတည်းမဟုတ်ဘူး ကျန်တဲ့အပိုင်းတွေပါ ဂရုစိုက်ပေးနိုင်ဖို့ လိုပါတယ်ဗျ။ မြေပဲသီးနှံစိုက်ပျိုးနည်း ယူရီးယားနှင့်လက်ချား အသုံးပြု၍ ပဲမျိုးစုံ အထွက်တိုးအောင် ပြုလုပ်နည်း
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မြေပဲဥနှုန်းကောင်းအောင်ဘာမြေသြဇာကြွေးရမလဲ
ဖြေကြားချက် 1 ခု
မြေပဲအရမ်းအုအောင်ဘယ်လိုလုပ်သင့်သလဲ
ဖြေကြားချက် 2 ခု
မြေပဲပန်းပွင့်အောင်ဘာဆေးသုံးရမလဲ
ဖြေကြားချက် 2 ခု
မြေပဲလေး တစ်လသားအရွယ် ရှိပါပြီ။ပန်းစဝင်နေပါပြီ။ အပင်အဟာရ အတွက် ဘာဆေးပတ်ပေးရရင်ကောင်းမလဲခင်ဗျာ။
ဖြေကြားချက် 2 ခု
ဆရာ ကျနော် မြေပဲ ၂တင်းချတာ ၅၀ပဲရခဲ့တာ အပင်တေက ဒူးအထက်ကို ရောက်တယ် (တတောင်ထွာ)အပင်တေက တအားကောငိးခဲ့ပြီး မြေပဲကြ...
ဖြေကြားချက် 5 ခု