အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
I Win Naing
I Win Naing 116
လွန်ခဲ့သော ၅ နှစ် က · မင်္ဂလာတောင်ညွန့်

ကျနော့ရဲ့စံပါယ်ပင်လေးက အပွင်ရှိသော်လည်း အရွက်တွင်အဝါကွက်များတွေ့နေရပါတယ်။ဒါကဘာကြောင့်ဖြစ်သလဲဆိုတာနဲ့ဘယ်လိုပြုစုရမလဲဆိုတာကိုကူညီလမ်းညွန်ပေးကြပါ။ကျေးဇူးတင်ပါတယ်။

အပင်အာဟာရ စံပယ်ပန်း
Post image

ဖြေကြားချက် ၃ ခု

I Win Naing
I Win Naing 116 လွန်ခဲ့သော ၅ နှစ် က

စေတနာဖြင့်ဖြေကြားပေးပါသောဦးသိန်းစိုးမင်းအား အထူးကျေးဇူးတင်ပါတယ်။ညွှန်ကြးတဲ့အတိုင်းဆောင်ရွက်ပါ့မယ်။

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,046 လွန်ခဲ့သော ၅ နှစ် က

အလင်းရောင်ကောင်းတဲ့နေရာမှာ ထားပေးပါ။ စံပယ်ပင် အလင်းရောင်အားနည်းရင် ဖြစ်တတ်တယ်။ နောက် အိုးက ရေထွက်အားနည်းပြီး ရေလှောင်နေတဲ့အခါမှာ မြေကချဉ်လာပြီး အဟာရဓာတ်ကို မရတာမျိုး ဖြစ်နိုင်တယ်။ ဒါကြောင့် အိုးကို ရေဆင်းအောင် အပေါက် ဖောက်ထားတာကို စစ်ပေးပါ။ မြေဆွေးထည့်ပေးပါ။

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,046 လွန်ခဲ့သော ၅ နှစ် က

ဖောစဖောရပ် အဟာရဓာတ်ချို့တဲ့တာဖြစ်နိုင်ပါတယ်။ ဒါက မြေကြီးထဲမှာ အဟာရမရှိတာမဟုတ်ဘဲ မြေကြီးရဲ့ ချဉ်ငန်ဓာတ် pH နိမ့်တာကြောင့် ဖြစ်ပါလိမ့်မယ်။ ဒါကိုပြင်ဖို့အတွက် ကျောက်မှုန့် (ဂျစ်ပဆန်) ထည့်ပါ။​ မြေဆွေးများများထည့်ပေးပါ။ ရေလောင်းတဲ့အကြိမ်ရေကိုလည်း လျော့ပေးစေချင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။