ထိုင်ဝမ်းမုန့်ညင်းပါ စိုက်ပြီး(15)ရက်သားပါ အကွက်လိုက် ပေါင်တစ်ခြမ်လိုက်မတက်တော့ပဲ ကျန်ကျန်ခဲ့ပါတယ် သူအရင် ဆလတ်၊မုန်လာ၊ယုဆိုင် စိုက်ခဲ့ပါတယ် သူကျန်ခဲ့တဲ့နေရာအတိုင်းပဲကျန်ခဲ့ပါတယ် ဘာရောဂါလည်းဆိုတာသိချင်ပါတယ် ဘယ်လိုပြုပြင်ရမလည်း ဆရာ ဖြေကြားပေးပါရန်
ရောဂါကြောင့် မဟုတ်ပါဘူး။ နေရောင်ရတဲ့အပိုင်းနဲ့ လင်းရိပ်ကျတဲ့အပိုင်းတဲ့ ကွာသလိုမျိုး ဖြစ်နေတာကြောင့် ဖြစ်မယ်ဗျ။ နောက်ပြီး မြေခံထည့်တုန်းက မညီခဲ့ကြောင့်လည်း ဖြစ်မယ်ထင်တယ်။ ပဲဖတ်ကို အပုပ်ခံပြီး လောင်းပေးပါ။ အခုတော့ ဆိုင်တွေမှာ ရသေးလားမသိ။ ဇီဝစူပါ ရွက်ဖျန်းမြေသြဇာ အရည် ဇီဝစူပါလို့ ခေါ်ပါတယ်။ နှမ်းဖတ်ပဲဖတ်ကို အပုပ်ခံတာပါပဲ။ ကျွန်တော်တို့စိုက်တုန်းကတော့ နွားသေးပါ ထည့်ပေးတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မုန်ညင်းဖြူ တွေ မိုးရေကြောင့် ရေနည်းနည်း လွှမ်းနေလို့။ ဘာဆက်လုပ်သင့်လဲဗျ။ နေရာရွေ့ရမလား။ ဒီတိုင်းထားလို့ရလား။...
ဖြေကြားချက် 1 ခု
မုံညှင်းပင်စိုက်ပျိုးနည်းလေး သိချင်ပါတယ်
ဖြေကြားချက် 1 ခု
အစိမ်းရောင်လမ်းဓါတ်ပုံပြိုင်ပွဲဝင်ကြည့်တာပေါ့
ဖြေကြားချက် 1 ခု
စိုက်ထားတဲ့အပင်တွေကို ကြက်တွေလာလာစားနေတာ ဘယ်လိုလုပ်ရမလဲ
ဖြေကြားချက် 3 ခု
ဆီြကိတ်လို့ရတဲ့မုန်ညင်းစိုက်ပျိုးနည်းသိချင်လို့ပါ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။