အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 324,002 လွန်ခဲ့သော ၅ နှစ် က

N46 ဆိုတာ သဘာဝမြေသြဇာမဟုတ်ပါဘူး။ ပုလဲ (ယူရီးယား)ကို ပြောတာပါ။ နိုက်ထရိုက် (N) 46% ပါလို့ N46 လို့လည်း ပြောကြပါတယ်။ ဆရာမ သိမ့်ဇာရေးတဲ့ ဆောင်းပါးလေးကို ညွှန်းပါရစေ။ N46 လို့ ခေါ်ကြတဲ့ ပုလဲအစား ဘာသုံးရမလဲ ပုလဲမြေသြဇာဆိုတာ တောင်သူတွေအသုံးများကြတဲ့ နိုက်ထရိုဂျင် ဓာတ်မြေသြဇာတစ်ခုပါ။ ဒီကာလမှာ မြေသြဇာစျေးတွေ ခုန်ပျံ တက်သွားခြင်းက ခုနှစ်စိုက်ပျိုးရာသီလယ်သမားတို့အတွက် အတော်လေး ဂရက်ရိုက်စေခဲ့ပါတယ်။ N46 လို့ ခေါ်ကြတဲ့ ပုလဲအစား ဘာသုံးရမလဲဆိုတဲ့ မေးခွန်းတွေလည်း တောင်သူတွေစီကနေထွက်လာခဲ့ပါတယ်။ နိုက်ထရိုဂျင် ၄၆ ရာခိုင်နှုန်းရဖို့ဆိုတာ ပုလဲသုံးမှ မဟုတ်ပါဘူး ။ သဘာဝမှာလည်း နိုက်ထရိုဂျင် ၄၆ ရာခိုင်းနှုန်း၊(သို့မဟုတ်)ပိုလို့တောင်ရနိုင်တာတွေရှိပါတယ်။ ၁။ သဘာဝမြေသြဇာတွေနဲ့ အစားထိုးမယ် သဘာဝမြေသြဇာတွေနဲ့အစားထိုးသုံးတော့မယ်ဆိုရင် C:N ratio (စီအန်အချိုး) အကြောင်း အရင်သိသင့်ပါတယ်။ဘာလို့လဲဆိုတော့ မြေကြီးထဲမှာ စီအန် အချိုး ၂၄:၁ ရှိမှ မြေအောင်း အကျိုးပြုပိုးတွေက အလုပ်လုပ်ပါတယ်။ ဒါမှ ထည့်သမျှကို အပင်ကစုပ်ယူနိုင်မှာပါ။စီအန် အချိုးကို ဂရုမစိုက်ဘဲ ဝယ်ထည့်နေခြင်းက ဆုံးရှုံးမှုတွေများစေပါတယ်။နိုက်ထရိုဂျင်များစွာပါဝင်တဲ့ သဘာဝမြေသြဇာလုပ်နည်းတွေကို ဒီဆောင်းပါးတွေမှာလေ့လာနိုင်ပါတယ်။ စူပါအီးအမ်ဘိုကာရှီမြေသြဇာပြုလုပ်နည်း (၁) စူပါအီးအမ်ဘိုကာရှီမြေသြဇာပြုလုပ်နည်း (၂) စူပါဘိုကာရှီ(super bokashi) လွှစာဘိုကာရှီပြုလုပ်နည်း ဒီသဘာဝမြေသြဇာတွေကတော့ စိုက်ပျိုးမြေထဲမှာ မြေသြဇာထုတ်စက်ရုံတွေတည်ထားသလိုဖြစ်စေမယ့် နည်းတွေပါ။ ရေတိုမှာ မသိသာပေမယ့် ရေရှည်မှာ အကျိုးများမှာမို့ ဒီမြေသြဇာတွေလုပ်သုံးပါ။ ၂။သစ်စိမ်းမြေသြဇာထည့်ခြင်း ဒီနည်းလမ်းကတော့ နိုက်ထရိုဂျင်ကို ပရိုကျကျလိုချင်တဲ့သူတွေ၊ မြေသြဇာမလုပ်ဘဲ မျိုးစေ့ကြဲထားရုံနဲ့ နိုက်ထရိုဂျင်တွေရမယ့်နည်းပါ။ စိုက်ပျိုးရာသီမစခင်ကြိုတင်လုပ်ဆောင်ဖို့လိုပါတယ်။ ပြီးတော့ ကိုယ်စိုက်ချင်တဲ့ ဝင်ငွေရသီးနှံတွေနဲ့ သီးလှည့်စိုက်ပေးရမှာပါ။ရိုးရှင်းပြီး အကျိုးများတဲ့ နည်းလမ်းတစ်မျိုးပါ။ သစ်စိမ်းမြေသြဇာ သစ်စိမ်းမြေသြဇာ (၂) သစ်စိမ်းမြေသြဇာ (၃) မြေပြန့် ချယ်ရီပင် (gliricidia) အား သစ်စိမ်းမြေသြဇာ အနေဖြင့် အသုံးပြုခြင်း အစွန်းရောက်ရာသီဥတုနှင့် သစ်စိမ်းမြေသြဇာအပင်များ ဒီဆောင်းပါးတွေမှာ လေ့လာနိုင်ပါတယ်။ ၃။လွယ်လွယ်နဲ့မြန်မြန်ရမယ့် သဘာဝရွက်ဖျန်းများ အပင်ပိုင်းကြီးထွားဖို့ အထောက်အကူပြုမယ့် နိုက်ထရိုဂျင်ထက်ပိုကောင်းတာတွေပါတဲ့ ရွက်ဖျန်းဆေးလုပ်နည်းတွေပါ။အချိန်သိပ်မပေးရဘဲ ကုန်ကြမ်းစုလို့လည်း လွယ်တဲ့နည်းတွေပါ။ Compost Tea (မြေဆွေး လက်ဖက်ရည်) ငါးအမိုင်နိုအက်ဆစ်ပြုလုပ်နည်း (Fish Amino Acid - FAA) အချဉ်ဖောက်ထားသော အရွက်အရည်ပြုလုပ်နည်း ဒီနည်းတွေကတော့ အလျင်လိုနေပြီဆို သုံးလို့ရတဲ့ဆေးနည်းတွေပါ။ ပင်ပိုင်းအားကောင်းဖို့အတွက် N46လို အာနိသင်မျိုးပေးနိုင်ပါတယ်။ လူတွေမှာ အကြောဆေးသွင်းသလိုဖြစ်တာကြောင့် နံပါတ်(၁)လို မြေသြဇာတွေကိုလည်း သုံးပေးပါ။ရွက်ဖျန်းတစ်မျိုးကိုပဲ အားကိုးလို့မရကြောင်းလဲ သတိပေးပါရစေ။ ဒီလောက်ဆိုရင်တော့ N46တွေ မတတ်နိုင်ရင် ရွေးးချယ်ရမယ့်နည်းလမ်းတွေကို သိကြပြီထင်ပါတယ်။အဆင်ပြေကြပါစေရှင်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။