အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နိုးတူး
လွန်ခဲ့သော ၅ နှစ် က · မိုးညို

ငုံးကို စိုတ်ခင်းတွေ ထဲမှာ ဘေးမဲ့ လွှတ်ထားခြင်းဖြင့် ဖျက်ပိုအန္တရယ် ထိမ်းချုပ်နိုင်ပါသလား..? သီးနံအတွက် ထိခိုက်မှု့ ရှိနိုင်လား..? မြန်မာ့ အရာကြီးရက်ကြီးတွေမှာ ငါးလွှတ်ပွဲ ဓလေ့ကို ခြံကျငုံးတွေလွှတ်ခြင်းဖြင့် တောင်သူများ အတွက် အကျိုးရှိနိုင် မရှိနိုင် ဆွေးနွေး စေလိုပါတယ်…

စိုက်ပျိုး ဗဟုသုတ ကုလားပဲ
Post image

ဖြေကြားချက် ၄ ခု

နိုးတူး
နိုးတူး 464 လွန်ခဲ့သော ၅ နှစ် က

ဂေဟစနစ် ဗဟုသုတ ဖြန့်ဝေပြီး တက်ညီလက်ညီ ပြန်ကျိုးစားမယ် ဆိုရင်တော့ ဖြစ်နိုင်ပါတယ် ဗျာ…

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,355 လွန်ခဲ့သော ၅ နှစ် က

ဟုတ်တယ်ဗျ ဂေဟစနစ်က တော်တော်ပျက်နေပြီ။ သစ်ပင်တွေ၊ တော်တွေကို မခုတ်ဘဲထား။ အမဲလိုက်တာတွေလျော့ရင်တော့ ပြန်လာကြမှာပါ။

နိုးတူး
နိုးတူး 464 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးတင်ပါတယ်… ဇီးကွက် တွေသိမ်းငှတ်တွေက အရေအတွက်တော်တော်ကို လျော့ပါးသွားပါပြီ ကျွန်တော်တို့ နယ်ဘက်တော့ မတွေ့ရသလောက် နည်းပါသွားပြီဗျာ….

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,355 လွန်ခဲ့သော ၅ နှစ် က

သဘာဝအရတော့ ငုံးတွေက အများကြီးတွေ့ရလေ့မရှိတော့ မိတ်ဆွေပိုးလား၊ ဖျက်ပိုးလား ခွဲခြားရခက်ပါတယ်။ သူစားတဲ့အစားအသောက်တွေကလည်း အစုံစားသတ္တဝါဖြစ်ပါတယ်။ မျိုးစေ့၊ ပန်းပွင့်၊ သစ်ရွက်လေးတွေကစ အင်းဆက်တွေထိ စားသောက်ပါတယ်။ ဒါကြောင့် အရေအတွက်များရင်တော့ အပင်ပျက်ဆီးနိုင်ခြေရှိတာကြောင့် ငုံးကို လွတ်မယ့်အစား ဇီးကွက်တို့ သိမ်းငှက်တို့ နားနေနိုင်အောင် စိုက်ခင်းမှာ ငှက်နားတိုင်စိုက်ပေးတာမျိုး လုပ်ပေးတာက ပိုကောင်းမယ်ထင်ပါတယ်ဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။