အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
366
လွန်ခဲ့သော ၅ နှစ် က · မယ်စဲ့

ဆရာတို့ခင်များ စိုက်ခင်းတွေမှာ လင်းနို့ချေးကိုမြေဘြဇာ အဖြစ် အသုံးပြုမယ်ဆိုရင် ဘယ်လိုနည်းလမ်းနဲ့ သုံးစွဲသင့်ပါသ...

ဆရာတို့ခင်များ စိုက်ခင်းတွေမှာ လင်းနို့ချေးကိုမြေဘြဇာ အဖြစ် အသုံးပြုမယ်ဆိုရင် ဘယ်လိုနည်းလမ်းနဲ့ သုံးစွဲသင့်ပါသလဲ ခင်များ (လင်းနို့ချေး လွယ်လွယ်ကူကူ ရနိုင်လို့ပါ )

အပင်အာဟာရ နှမ်း သဘာဝမြေသြဇာများ

ဖြေကြားချက် ၂ ခု

366 လွန်ခဲ့သော ၅ နှစ် က

ဟုတ်ကဲ့ အခုလိုမျိုး ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ဆရာ

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၅ နှစ် က

"အလွယ်ဆုံး သဘာဝမြေသြဇာအရည်ပြုလုပ်နည်း" ဒီနည်းလမ်းအတိုင်းလည်း အသုံးပြုနိုင်ပါတယ်။ ဒါမဟုတ် လင်းနို့ချေးက ဆွေးပြီးသားဆိုရင်တော့ စိုက်ခင်းထဲတန်းသုံးလို့ရပါတယ်။ အညာဖက်တောင် တောင်သူတစ်ယောက်က ဆိတ်ချေးသိုလှောင်နည်းလေး သဘောကျလို့ ပြန်ပြောပြချင်ပါတယ်။ လင်းနို့လည်း သုံးနိုင်ပါတယ်။​ အဲဒီတောင်သူက မြေကျင်းတူးပြီး ဆိတ်ချေးတွေကို ကျင်းထဲထည့်ပါတယ်။ ပြီးရင် အခြားသစ်ရွက်တွေလည်း ထည့်ပေးပါတယ်။​သစ်ရွက်အစား စပါးခွံတို့ နွားချေးတို့ ကောက်ရိုးတို့ ထည့်လို့ရါပတယ်။ မြန်မြန်ဆွေးအောင် ပုလဲတစ်ပြည်လောက်လည်း ထည့်ပါတယ်။ ပေါ်ကနေ အစိုဓာတ်ရအောင် ရေလောင်းပေးပြီး မြေကျင်းကို ပြန်ဖုံးထားလိုက်ပါတယ်။ ၃ လောက်ကြာမှ စိုက်ခင်းအတွက် ကျင်းထဲက သဘာဝမြေသြဇာဖြစ်သွားတာတွေကို ပြန်တူးယူပြီး စိုက်ခင်းထဲထည့်ပါတယ်။​ ဒါကတော့ စနစ်တကျသိုလှောင်နည်းတစ်ခုဖြစ်ပါတယ်။​ ရေကြာကြာဝင်တတ်တဲ့ အရပ်ဆိုရင်တော့ လုပ်ဖို့မသင့်တော်ပါ။

You

ဆက်စပ်မေးခွန်းများ

နွားချီးနှင့်ပုလဲနှင့်ဘယ်လ်ု့ယှော်ရမလဲဗျ့ စိုတ်ပီး ကျဲရင့်ကောင်တယ်လို့သိရလို ဘယ်လို့ယော်ရမလဲဗျ့

ဖြေကြားချက် 1 ခု

ဆားခါး,ကျောက်မှုန့် နှင့် ကွန်ပေါင်း၁၅ပတ်လည် ကို မြေခံအနေဖြင့်ရောထည့်လို့ အပင်အတွက်ထိခိုက်တာရှိနိုင်လားခင်ဗျ။

ဖြေကြားချက် 4 ခု

ကြက်သွန်နီအတွက် ဘာဆေးသုံးသင့်လဲ ဘလိုမြေသြဇာတွေ သုံးသင့်လဲ သိချင်ပါတယ် ကျေးဇူးပြု၍ ဖြေကြာပေးပါ

ဖြေကြားချက် 3 ခု

ဈေးကွက်ထဲမှာလေ npk မြေဩဇာတွေက ဘယ်တံဆိပ်က တောင်သူတွေအတွက် အကောင်းဆုံးဖြစ်မလဲ နဲ့ တကယ်အရည်အသွေးစံနဲ့ ကိုက်ညီတဲ့...

ဖြေကြားချက် 2 ခု

နွားချေးကိုဒီတိုင်းသုံးတာနဲ့မီးရို့ှပြီးသုံးတာဘယ်ဟာပိုကောင်းလဲအပင်အားကောင်းအောင်အပင်ပေါက်ရင်အပင်ခြေမှာပုံလို့ရ...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။