အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1
လွန်ခဲ့သော ၄ နှစ် က · ဆိပ်ဖြူ

ကြက်ဟင်းခါးသီးပင်မှာ ပိုးကျနေလို့ပါ။ ဘာပိုးလဲခင်ဗျ။ သိတဲ့ဆရာများရှိရင်ပြောပြပေးပါနော်။ ဘယ်လိုနည်းလမ်းတွေနဲ့ ကာ...

ကြက်ဟင်းခါးသီးပင်မှာ ပိုးကျနေလို့ပါ။ ဘာပိုးလဲခင်ဗျ။ သိတဲ့ဆရာများရှိရင်ပြောပြပေးပါနော်။ ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ရမလဲပာ ပြောပြပေးစေလိုပါတယ်။ ဆရာတို့ခင်ဗျာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၇၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ပိုးမွှားရောဂါ ကြက်ဟင်းခါးသီး
Post image

ဖြေကြားချက် ၂ ခု

100,154 လွန်ခဲ့သော ၄ နှစ် က

ကျောပေါ်မှာ အစက်၂၈ စက်ပါတဲ့ လိပ်ခုံးကျိုင်းပါ ပုံမှန်ဆိုရင် လိပ်ခုံးကျိုင်းဆိုတာက တောင်သူအကျိုးပြုပိုးပါ ဒါပေမယ့် အခုမြင်ရတဲ့ လိပ်ခုံးကျိုင်းကတော့ ၁၀၀ ရာခိုင်နှုန်း ဖျက်ပိုးပါ ကိုယ့်စိုက်ခင်းထဲ ကျောပေါ်မှာ အစက် ၂၈ စက်ပါတဲ့ လိပ်ခုံးကျိုင်းတွေ့ပြီဆိုရင်တော့ ကောက်ပြီးတော့သာ ရှင်းပစ်ပါ အခုပုံထဲက ဝါဝါကောင်လေးတွေက အဲ့ဖျက်ပိုးကနေ မွေးထားတဲ့ သားလောင်းအဆင့်တွေပါ အစားအသောက်အရမ်းကြမ်းပါတယ် တွေ့တာနဲ့ အရွက်ကိုချွေပြီးသာ လွှတ်ပစ်ပါ ဥတွေတွေ့ရင်လည်းလွှတ်ပစ်ပါ ဥကနေ အကောင်ပေါက်ဖို့ကလည်း အရမ်းမြန်ပါတယ် ဆေးမသုံးချင်ဘူးဆိုရင်တော့ အပေါ်ကပြောခဲ့သလို ကောက်ပြီးဖျက်ဆီးပစ်ပါ ချွေပြီး သတ်ပစ်ပါ ဥတွေကိုဖျက်ဆီးပစ်ပါ ပြာရှိရင် ပြာဖြူးလို့ရပါတယ် အရမ်းဆိုးလာပြီဆိုရင်တော့ ကလိုပိုင်ရီဖော့၊ ဒိုင်မီသိုအိတ် နဲ့ Flubendiamide (Diamide ဆေးအုပ်စုဝင် စျေးကွက်မှာတော့ ဝိစာရကုမ္ပဏီမှာ တွေ့မိ) အဲ့ထဲက ဆေးတစ်မျိုးမျိုးကို ဆေးညွှန်းအတိုင်း သုံးနိုင်ပါတယ်

270,769 လွန်ခဲ့သော ၄ နှစ် က

အပင်ကိုဖျက်ဆီးတတ်တဲ့ လိပ်ခုံးကျိုင်းအမျိုးအစားပါ။ ပိုးတွေတွေ့ရင်ဝေးဝေးဖျက်ဆီးပစ်တာမျိုးလုပ်ပေးပါ။ အရမ်းဆိုးရွားစွာကျနေရင်တော့ ထိသေစားသေအာနိသင်ရှိတဲ့ ဆေးတစ်မျိုးမျိုးကို ဆေးအညွှန်းအတိုင်း အသုံးပြုပေးနိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။