ဖြေကြားချက် ၅ ခု
"EM ပြုလုပ်နည်း (Farmer EM ) ======================= EM ဘိုကာချီ ပဲလုပ်လုပ် ရွက်ဖျန်းအားဆေးပဲသုံးချင်သုံး EM ရရှိဖို့ အချို့နေရာတွေမှာ ခက်ခဲပါတယ်ဆိုပြီးပြောလာတဲ့ မိတ်ဆွေများအတွက် ပြုလုပ်နည်းအဆင့့််ဆင့်ကို ဖော်ပြပေးသွားပါမည်။ တောင်သူတွေ အလွယ်တစ်ကူ လုပ်နိုင်တဲ့ နည်းလေးပေါ့။ အားလုံးအတွက် အဆင်ပြေတာပေါ့ EM ဆို ဝယ်စရာတောင်မလိုတော့ဘူး လိုတာတွေကတော့ ၁၊ငှက်ပျောသီးမှည့် ၁ ပိဿာ ၂၊ သဘောင်္သီးမှည့် ၁ ပိဿာ ၃၊ တင်လဲရည် သို့မဟုတ် ထန်းလျက်ရည်ကျို ၂ ပုလင်း ၄၊ ကြက်ဥ ၅ လုံး ၅၊ ဖွဲနုခေါ် ဆန်ချေး ၂၀ ကျပ်သား ၆၊ ရေ ၃ လီတာ ၇၊ ဗူး ၂၀ လီတာဝင် /သို့ စဉ့်အိုး ပြုလုပ်နည်းကတော့ ငှက်ပျော သဘောင်္တွေကို လက်တစ်ဆစ်ခန့်လှီး ဗူးထဲထည့် တင်လဲရည်နဲ့ ဖွဲနုထည့် ကြက်ဥလည်းခွဲခြေပီး အကုန်ထည့် ရေ ထည့်ပြီးတော့ သေချာလက်နဲ့မွှေ ပြီးတော့လုံအောင် သေချာပိတ် အရိပ်ရပြီး အေးတဲ့နေရာမှာထား ၄ ရက်လောက်ကျတော့ တစ်ခါမွှေ နောက်တစ်ပတ်တစ်ခါ ဆန်ဆေးရည် ၂ ပုလင်းထည့်မွှေ ဆန်ဆေးရည် ၄ ကြိမ်လောက် ထည့်ပြီးရင်တော့ ချိုချဉ်နံ့လေးသင်းနေတဲ့ EM ဆိုတာရေရော သေချာ လေလုံအောင်သာထား နှစ်ပေါက်အောင်ထားလို့ရတယ် Credit: green memo ဝေဖြိုး စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတ
ဆက်စပ်မေးခွန်းများ
အသင့်သုံးEMကိုဘယ်မှာဝယ်ရမလဲ
ဖြေကြားချက် 3 ခု
-ကျွန်တော် ပဲပင်နှင့် မီးဖိုချောင်သုံး စားပင်သောက်ပင်အတွက် Em လေး လုပ်ခြင်လို့ နည်းလမ်းများ မျှဝေးပေးပါ -မြေ...
ဖြေကြားချက် 4 ခု
Em5ပိုးမမွှားရောဂါကာကွယ်ဆေးလုပ်တဲအခါထည်သုံးတဲEmအပြင်းအစားမူလEm(OEM)ထည်သုံးလိုရလားပညာရှင်များဖြေကြာပေးပါအုန်း...
ဖြေကြားချက် 2 ခု
OEMကနေEMအပြင်းကိုဘယ်လိုပြေင်းယူလို့ရလဲ
ဖြေကြားချက် 2 ခု
Orginal Em (OEM) EM 1 ကို ကိုယ်တိုင်ဖောင်စပ်လို့ရနိုင်ပါသလားခင်ဗျာ Page အမျိုးမျိုးမှာ လုပ်နည်းတွေလည်းတွေ့ရပါ...
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ