အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
3,702
လွန်ခဲ့သော ၄ နှစ် က · ညောင်လေးပင်

drum seeder ကအခြောက်တမန်းပြင်မှာသုံးလို့ရလား အပေါက်ကဘယ်နှစ်စေ့လောက်ကျလဲ တစ်ဧကအချိန်ဘယ်လောက်ကြာလဲ

စိုက်ပျိုးနည်း စပါး စပါးမျိုးစေ့ချကိရိယာ

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

အစိုတမန်းမှာ သုံးဖို့ပတွက်ရည်ရွယ်ထုတ်လုပ်ထားတာပါ။ အ​ခြောက်တမန်းအတွက် ဆိုရင်၊ ထယ်​ရေးခဲကြမ်းထဲ အဆင်မ​ပြေနိုင်ပါ။ နွားတပ်ဆွဲပြီး လူ တ​ယောက်က သပ်သပ် မျိုး​စေ့ချ​ပေးရတဲ့ seeder ရှိပါတယ်။ ထွန်သွား ၅သွား/ပိုက်၅​ချောင်းမှာ မျိုး​စေ့ချခွက်နဲ့ တပ်ဆင်ထားပါတယ်။ အထူ/အပါးကို လက်နဲ့ ထိန်းပြီးချနိုင်ပါတယ်။

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၄ နှစ် က

ကျွန်တော်တို့အညာဖက်မှာတော့ ဒီလို စိုက်ပျိုးရေးထွန်သုံးပြီး မြေပဲ၊ ပဲတီစိမ်း၊ ကုလားပဲတို့ကို အတန်းလိုက်ဖြစ်အောင် သုံးပါတယ်။ အခြောက်ကြဲ စပါးလည်း သုံးလို့ရနိုင်မယ် ထင်ပါတယ်ဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။