အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Hla Phay
U Hla Phay 4,212
လွန်ခဲ့သော ၈ နှစ် က

Greenwayမှ စိုက်ပျိုးရေး ပညာရှင်များခင်ဗျာ "စူပါတီ"မြေသြဇာဆိုတာ ဘာကိုပြောတာပါလဲ နောက်ပီး ဘယ်မှာဝယ်လို့ရပါသလဲခင်ဗျာ ပဲမှာအသုံးဝင်တယ်လို့ဆောင်းပါးတွေမှာရေးထား တာတွေ့ရပါတယ် အာ့ကြောင့်အရမ်းသိချင်ပါတယ် ကျေးဇူးပြုပီးဖြေကြားပေးပါခင်ဗျာ

မြေဆီလွှာ ပဲမျိုးစုံ

ဖြေကြားချက် ၁ ခု

မင်းသူသူကို
မင်းသူသူကို 27,452 လွန်ခဲ့သော ၈ နှစ် က

တီစူပါဆိုတာ အပင်တွေအတွက် အများလိုအဟာရတစ်မျိုးဖြစ်တဲ့ မီးစုန်းဓာတ်ခေါ် ဖော့စဖိတ်ဓာတ် (P) အဓိက ပါဝင်တဲ့ ဓာတ်မြေသြဇာတစ်မျိုးဖြစ်ပြိး အပင်ရဲ့ အမြစ်တွေ အားကောင်းစေသလို အပင်ကိုကြီးထွားတဲ့ နေရာမှာလည်း များစွာ အထောက်အကူပြု ပါတယ်။ ပဲအပင်က သဘာဝအလျောက် နိုင်ထရိုဂျင်ဓာတ် (ပုလဲဓာတ်မြေသြဇာ) ကို လေထဲက စုပ်ယူနိုင်တဲ့အတွက် ပုလဲထည့်ပေးစရာမလိုပဲ ဖော့စဖိတ်ဓာတ် ထည့်ပေးဖို့ပဲ လိုအပ်တာပါ။ ဒီတော့ ဖော့စဖိတ်က တီစူပါ တစ်မျိုးထဲက ရတာမဟုတ်ပါဘူး။ သဘာဝမြေသြဇာ (နွားချေး၊ မြေဆွေး) တွေထဲကနေလည်း ရရှိပါတယ်။ သဘာဝမြေသြဇာများများထည့်ရင်လည်း အပင်အတွက် လုံလောက်တဲ့ အဟာရတွေ ရရှိပါတယ်။ နောက်တစ်ခုကတော့ ပဲစိုက်တဲ့သူတွေအတွက် မိမိတို့ဆီက စိုက်ပျိုးရေးအရောင်းဆိုင်တွေကနေ ဝယ်လို့ရမယ်ဆိုရင် ရိုင်ဇိုဘီယမ်လို့ ခေါ်တဲ့ မြစ်ဖုမြေသြဇာကို မျိုးစေ့နဲ့ လူးနယ်ပြီး ထည့်ပေးစေချင်ပါတယ်။ ပဲအတွက် အရမ်းကောင်းပြီး ဈေးလည်း သက်သာပါတယ်။ ဓာတုဆေးမဟုတ်တဲ့အတွက် မြေကြီးကို မပျက်စီးစေပါဘူး။ အပင်အဟာရတွေအကြောင်း ပိုမိုသိချင်တယ်ဆိုရင်တော့ ဒီလင့် http://greenwaymyanmar.org/article/123 ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်။ ဇယားပါတဲ့အတွက် ဖုန်းဆော့ဝဲနဲ့ ဖတ်မယ်ဆိုရင် အောက်ဆုံးထိ ဆင်းပြီး အစိမ်းရောင်ဘားလေး (SWITCH TO HTML MODE ) ကို နွိပ္လိုက္ပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ထန်းလျက်ကိုအီးအမ်နဲ့ရောမယ်ဆိုရင်ထန်းလျက်ဘယ်လောက်သားရေဘယ်နှစ်ဂါလံနဲ့ဖျော်စက် ရမယ်ဆိုတာကိုရှင်းပြပေးစေလိုပါတယ်...

ဖြေကြားချက် 3 ခု

ဆောင်းစိုက်မတ်ပဲကိုပဲထွက်အများဆုံးရနိုင်ရန်စိုက်ရမည့်အချိန်သိချင်ပါတယ်ခင်ဗျား။

ဖြေကြားချက် 1 ခု

နိုက်ထရိုဖော်စကာကို မြေပဲမှာ ဘယ်လိုသုံးဆွဲ သင့်လဲ ၁၅း၁၅း၁၅

ဖြေကြားချက် 1 ခု

ဟုတ်ကဲ့…မက်ပဲ မြေပြင်ပေါ်ကိုစကြဲလိုက်တဲ့အချိန်ကစပြီး မက်ပဲနှုတ်တဲ့အထိ ရွက်ဖျန်းအားဆေးကျွေးပုံကျွေးနည်း ပိုးသက်...

ဖြေကြားချက် 1 ခု

ပဲလိပ်ပြာပင်အမြစ်ပုပ်၍ညိုးသေခြင်းကိုမေးမြန်းလိုပါတယ်မည်သို့ဆေးကိုသုံး၍ကာကွယ်ရမလဲခင်ဗျာ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။