အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စိုင်းကျော်မြ
လွန်ခဲ့သော ၇ နှစ် က · မိုးမောက်

မြေထောက်ပဲ စိုက်ပျိုးနည်း ပြုစုပျိုးထောင်နည်း အန္တရယ်ကာကွယ်နည်း မြေဓာတ်အခံ မြေအမျိုးအစား လေး သိတဲ့ဆရာများအလင်းပြပေးကြပါအုံးခင်ဗျ

စိုက်ပျိုးနည်း ဘိုစားပဲ
1

ဖြေကြားချက် ၁ ခု

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,035 လွန်ခဲ့သော ၇ နှစ် က

မြေထောက်ပဲ စိုက်ပျိုးနည်း နိဒါန်း မြေထောက်ပဲကို မြန်မာနိုင်ငံတွင် ဆောင်းရာသီသီးနှံအဖြစ် စိုက်ပျိုးလေ့ရှိပါသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်စိုက်ဧက ရှစ်သောင်းခန့် စိုက်ပျိုးပါသည်။ ကချင်ပြည်နယ်၊ ရခိုင် ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက် ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးပါသည်။ အသုံးပြုပုံ သီးတောင့်များ နုစဉ်တွင် ဟင်းသီးဟင်းရွက်အဖြစ် ကြော်ချက်စားသုံးနိုင်ပါသည်။ သီးတောင့်နုများကို စျေးကွက်တွင် ဘိုစားပဲကဲ့သို့ စားသုံးကြသည်။ သီတောင့်များ ရင့်မှည့်ပြီး ခြောက်သွေ့ချိန် ရိတ်သိမ်းပါက အစေ့ခြောက်များကို ရေစိမ် ပြီးကြော်ချက်စားသုံးနိုင်ပါသည်။ ပဲမှုန့်ပြုလုပ်၍လည်း စားသုံးနိုင်ပါသည်။ မြေထောက်ပဲသည် အသားကြမ်းသဖြင့် အစေ့ကိုသာ အများစုစားသုံးကြသည်။ ရာသီဥတု ပူနွေးသည့် ရာသီဥတုကို ကြိုက်နှစ်သက်သည်။ သို့သော် အပူချိန်မြင့်လွန်းက အသီးတင်မှုကို ထိခိုက်နိုင်ပါသည်။ ပင်လယ်မျက်နှာပြင်မှ မီတာ ၂,၅၀၀ ထိ စိုက်ပျိုးနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးသဖြင့် မြေတွင်းအစိုဓာတ်ပြည့်မီရန် အရေးကြီးပါသည်။ မြေအမျိုးအစား အစိုဓာတ်ထိန်းသိမ်းနိုင်ပြီး လေဝင်လေထွက်ကောင်း သော မြေဖြစ်ရပါမည်။ မြေချဉ်လွန်းခြင်း၊ ငန်လွန်ခြင်းကို မကြိုက်ပါ။ မြေပြုပြင်ခြင်း ထယ်တစ်စပ်ထိုးပြီး စိုက်ထယ်ရေးရသည်အထိ ထွန်နှစ်စပ်ခန့်မွှေပြီး ကြမ်းရိုက်မြေညှိပါ။ စိုက်ပျိုးခြင်း မြေထောက်ပဲတွင် ပင်ထောင်မျိုးနှင့် နွယ်ပင်မျိုး နှစ်မျိုးရှိပါသည်။ နွယ်ပင်မျိုးစိုက်ပါက နွယ်တက်ရန် စိုက်ကျင်း ဘေးတွင် ဝါး၊ သို့မဟုတ် သစ်ကိုင်းဖြင့် စိုက်ပျိုးရပါမည်။ မျိုးစေ့အနက် တစ်လက်မမှ နှစ်လက်မထက် မပိုသင့် ပါ။ စိုက်ပျိုးသည့် မျိုးကိုလိုက်၍ ပင်ကြား ခုနစ်လက်မမှ ၁၆ လက်မအထိ စိုက်ပျိုးကြပါသည်။ အပင်ပြုစုခြင်း ပန်းပွင့်ချိန်ထိ ပေါင်းမြက်ကင်းအောင် ဂရုစိုက်ပါ။ မှည့်ခြောက်စွန်းရောဂါ၊ သံချေးမှိုရောဂါနှင့် အင်းဆက်ပိုးများ ကျရောက်ဖျက်ဆီးလေ့ရှိသဖြင့် အချိန်မီ ကာကွယ်ရန်လိုအပ်ပါသည်။ ခူးဆွတ်ခြင်း ဘိုစားပဲအဖြစ် အသီးများကို ဆွတ်ခူးရောင်းချလိုပါက သီးတောင့်အစိုအတွင်း အစေ့ပြည့်ဝစွာမကြီးမီ အလီလီ ဆွတ်ခူးရောင်းချနိုင်ပါသည်။ အစေ့ခြောက်အဖြစ် စိုက်ပျိုးပါက ၉၀ ရာခိုင်နှုန်း သီးတောင့်များ အရောင်ပြောင်း ရင့်မှည့်ချိန်တွင် တစ်ပြိုင်တည်း ရိတ်သိမ်းပါ။ ရိတ်သိမ်းချိန်နောက်ကျပါက သီးတောင့်များကွဲပြီး အထွက်ဆုံးရှုံး နိုင်ပါသည်။ - ကျမ်းကိုး- ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။