အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,540
လွန်ခဲ့သော ၁၁ လ က · ပွင့်ဖြူ

စပါး၇၅ရက်သားဂျစ်ပဆန်နဲ့ပုလဲရောပတ်ချင်လို့အဆင်ပြေမလားခဗျာ၁ဧကဘယ်လောက်နူန်းရောရလဲခဗျဂျစ်ပဆန်နဲ့ပုလဲနဲ့ရောပတ်ရင်တ...

စပါး၇၅ရက်သားဂျစ်ပဆန်နဲ့ပုလဲရောပတ်ချင်လို့အဆင်ပြေမလားခဗျာ၁ဧကဘယ်လောက်နူန်းရောရလဲခဗျဂျစ်ပဆန်နဲ့ပုလဲနဲ့ရောပတ်ရင်တခြားမြေဆီကျွေးရင်လဲသိပ်မသိသာတော့ဘူးဆိုတာရောဟုတ်ပါသလားခဗျ

Post image

ဖြေကြားချက် ၂ ခု

349,556 လွန်ခဲ့သော ၁၁ လ က

ဂျစ်ဆမ်သည်မြေဆီလွှာဖွဲ့စည်းမှုတိုးတက်ကောင်းမွန်စေတာပါဗျ၊ ဂျစ်ဆမ်နှင့်ပုလဲရောပက်ကျွေးသည့်အခါ ပုလဲကြောင့် အရွက်အရောင်အားကောင်းတာကိုသိသိသညမြင်တွေ့ရပြီး အခြားပုလဲခေါ်နိုက်ထရိုဂျင်ပါဝင်မှုနည်းသည့်မြေဩဇာကျွေးသည့်အခါ နိုက်ထရိုဂျင်ပါဝင်မှုနည်းသွားတာကြောင့်အရောင်သိသိသာသာမပြောင်းလဲတာမျိုးဖြစ်နိုင်ပါတယ်။ ဂျစ်ဆမ်နှင့်ပုလဲရောကျွေးရင် တခြားမြေ‌ဆီကျွေးလျှငါသိပ်မသိသာဘူးဆိုတာကတော့ မည်သည့်သုတေသနစာတမ်းကိုမှမဖတ်ဖူးသေးပါဘူးဗျ၊ ဂျစ်ဆမ်ကိုပုလဲနှင့်ရောစပ်အသုံးပြုချင်ရင်တော့ ဂျစ်ဆမ်တစ်အိတ်၊ပုလဲ၈ပြည်နှုန်းကျွေးပေးနိုင်ပါတယ်၊ မြေဆီနှုန်းထားအနည်းအများကိုတော့ မိမိဘာသာ အရွက်အရောက်အပင်အနေအထားကြည့်ပြီးချင့်ချိန်သုံးစွဲစေချင်ပါတယ်၊ စပါးပင်သက်တမ်းတစ်လျှောက် ပိုတက်ဆီယမ်၊ဖော့စပရပ်စ်ပါသော ဓာတ်မြေဩဇာများမကျွေးရသေးပါက ကျွေးပေးစေချင်ပါသေးတယ်ဗျ။

အတည်ပြုပြီး 323,968 လွန်ခဲ့သော ၁၁ လ က

ပါး ၇၅ ရက်သားတွင် ဂျစ်ပဆန်နှင့် ပုလဲမြေသြဇာတို့ကို ရောစပ်ပြီး အသုံးပြုနိုင်ပါတယ်။ တစ်ဧကလျှင် ဂျစ်ပဆန် ၂၀-၄၀ ကီလိုဂရမ် (သို့မဟုတ်) မြေအခြေအနေပေါ် မူတည်၍ ပိုမိုသုံးစွဲနိုင်ပြီး၊ ပုလဲ (ယူရီးယား) ကိုတော့ ၄၅-၆၅ ကီလိုဂရမ်ခန့် ထပ်ဆောင်းမြေသြဇာအဖြစ် ကျွေးပေးနိုင်ပါသည်။ ဂျစ်ပဆန်နှင့် ပုလဲရောကျွေးခြင်းသည် အပင်အတွက်လိုအပ်သော နိုက်ထရိုဂျင်၊ ကယ်လ်စီယမ်နှင့် ဆာလဖာဓာတ်များကို ဖြည့်ဆည်းပေးခြင်းဖြစ်ပြီး၊ အခြားမြေသြဇာများ၏ အာနိသင်ကို လျော့နည်းစေခြင်းမျိုးမရှိပါဘူး၊ သီးနှံအထွက်ကောင်းရန်အတွက် လိုအပ်သော အာဟာရဓာတ်အားလုံးကို မျှတစွာဖြည့်ဆည်းပေးဖို့ အရေးကြီးပါတယ်။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။