အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
လွန်ခဲ့သော ၁၁ လ က · ကျုံပျော်

ခုတလော ကျွန်တော်တို့ ကျုံပျော်နယ်ဘက်မှာ ဝက်လေးတွေ ဝက်မကြီးကနေ ပေါက်ပြီး ဝက်လေးတွေက ကျောက်ပေါက်တာတွေဖြစ်ပြီး သေ...

ခုတလော ကျွန်တော်တို့ ကျုံပျော်နယ်ဘက်မှာ ဝက်လေးတွေ ဝက်မကြီးကနေ ပေါက်ပြီး ဝက်လေးတွေက ကျောက်ပေါက်တာတွေဖြစ်ပြီး သေကုန်လို့ ကျွန်တော်မွေးထားတဲ့ ဝက်မကြီးကလည်း မွေးခါနီးမို့ တခြားဝက်တွေဖြစ်သလို မဖြစ်လာအောင် ဘယ်လိုကာကွယ်ထားရမလဲ ခင်ဗျ ပုံကတော့ မရှိပါဘူး သွားမကြည့်ရဲလို့ပါ ကိုယ်ကနေ ရောဂါတွေ ကူးပါလာပြီး ကျနော့်ဝက်တွေဆီ ကူးစက်ကုန်မှာ ဆိုးလို့ပါဗျ 🙏🍀🙏 ဖြေကြားပေးကြပါဦးနော် 🙏🙏 ကျေးဇူးတင်ပါတယ်ဗျ 🙏🍀🙏

ကျန်းမာရေး ဝက် ကျောက်ပေါက်

ဖြေကြားချက် ၁ ခု

3,180 လွန်ခဲ့သော ၁၁ လ က
ဤအဖြေဖြင့် ပြေလည်

ဝက်ကျောက်ရောဂါ ဟာ Swine Pox Virus (SPV) ဆိုတဲ့ ဗိုင်းရပ်စ် တစ်မျိုးကြောင့် ဖြစ်ပွားပါတယ်။ ရောဂါရှိတဲ့ဝက်နဲ့ ထိတွေ့ပြီး ဝက်အချင်းချင်း ကူးစက်နိုင်သလို၊ ဝက်သန်း နဲ့ ယင်ကောင်ကနေတဆင့်လည်း ကူးပါတယ်။ မိခင်ဝက်မကြီးကနေ သနန္ဓေသားဆီလည်း ကူးစက်နိုင်ပါတယ်။ လူကို ရောဂါကူးစက်ဖြစ်ပွားခြင်းမရှိပါဘူး။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရောဂါမို့ သီးသန့် ကုသဆေး မရှိပါဘူး။ ပုံမှန်အားဖြင့် ၃-၄ ပတ်အကြာမှာ အလိုလို ပျောက်ကင်းသွားမှာပါ။ ရောဂါဖြစ်နေချိန်မှာ အာဟာရပြည့်ပြည့်ဝဝကျွေးပါ။ ရေကောင်းရေသန့်တိုက်ကျွေးပါ။ သန့်ရှင်းရေးဂရုစိုက်ပါ။ ခြံကို သန့်ရှင်းခြောက်သွေ့အောင် ထားပါ။ အနာတွေကို တက်ထရာဆိုက်ကလင်း ညှစ်ဆေးလို ပဋိဇီဆေးဝါးတွေ လိမ်းပေးခြင်းအားဖြင့် ကျောက်ရောဂါကို ပျောက်ကင်းအောင် မကုသနိုင်ပေမယ့် နောက်ဆက်တွဲ ဗက်တီးရီးယားရောဂါတွေ ဖြစ်မလာအောင် တားဆီးနိုင်ပါတယ်။ နောက်ထပ် ဝက်အုပ်တွေဆီ ကူးမသွားဖို့နဲ့ နောက်ပိုက်း ထပ်မဖြစ်ရအောင် ဝက်ခြံမှာ သန်းနဲ့ ယင်ကောင် နှိမ်နှင်းပေးပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။