အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သက်ခိုင်

သက်ခိုင်

မွေးမြူရေးသမား · မြောက်ဥက္ကလာပ

3,180
လွန်ခဲ့သော ၁၁ လ က

မျိုး၊ ‌စိုက်ပျိုးစနစ်၊ ဒေသ၊ ရေနဲ့ မြေဩဇာ ရရှိမှု၊ ကြိတ်ခွဲပုံ တွေပေါ် မူတည်ပြီး အနည်းငယ် ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် ရာခိုင်နှုန်း သိပ်အများကြီး မကွာလှပါ။

တောင်ယာဆန်နီ၏ ဖွဲနု. ဆန်ကွဲ နှင့်လယ်ဆန် ဆန်ဖြူ၏ ဖွဲနု ဆန်ကွဲ တို့က အသားဓာတ် (proteinဓာတ်)ကွာခြားမူရှိလားဗျ ဘယ်လောက်%ထိကွာခြားလဲဖြေပေးပါအူံး

အခွင့်အလမ်းနှင့် အခြားမေးခွန်းများ
လွန်ခဲ့သော ၁၁ လ က

ဝက်ကျောက်ရောဂါ ဟာ Swine Pox Virus (SPV) ဆိုတဲ့ ဗိုင်းရပ်စ် တစ်မျိုးကြောင့် ဖြစ်ပွားပါတယ်။ ရောဂါရှိတဲ့ဝက်နဲ့ ထိတွေ့ပြီး ဝက်အချင်းချင်း ကူးစက်နိုင်သလို၊ ဝက်သန်း နဲ့ ယင်ကောင်ကနေတဆင့်လည်း ကူးပါတယ်။ မိခင်ဝက်မကြီးကနေ သနန္ဓေသားဆီလည်း ကူးစက်နိုင်ပါတယ်။ လူကို ရောဂါကူးစက်ဖြစ်ပွားခြင်းမရှိပါဘူး။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရောဂါမို့ သီးသန့် ကုသဆေး မရှိပါဘူး။ ပုံမှန်အားဖြင့် ၃-၄ ပတ်အကြာမှာ အလိုလို ပျောက်ကင်းသွားမှာပါ။ ရောဂါဖြစ်နေချိန်မှာ အာဟာရပြည့်ပြည့်ဝဝကျွေးပါ။ ရေကောင်းရေသန့်တိုက်ကျွေးပါ။ သန့်ရှင်းရေးဂရုစိုက်ပါ။ ခြံကို သန့်ရှင်းခြောက်သွေ့အောင် ထားပါ။ အနာတွေကို တက်ထရာဆိုက်ကလင်း ညှစ်ဆေးလို ပဋိဇီဆေးဝါးတွေ လိမ်းပေးခြင်းအားဖြင့် ကျောက်ရောဂါကို ပျောက်ကင်းအောင် မကုသနိုင်ပေမယ့် နောက်ဆက်တွဲ ဗက်တီးရီးယားရောဂါတွေ ဖြစ်မလာအောင် တားဆီးနိုင်ပါတယ်။ နောက်ထပ် ဝက်အုပ်တွေဆီ ကူးမသွားဖို့နဲ့ နောက်ပိုက်း ထပ်မဖြစ်ရအောင် ဝက်ခြံမှာ သန်းနဲ့ ယင်ကောင် နှိမ်နှင်းပေးပါ။

ခုတလော ကျွန်တော်တို့ ကျုံပျော်နယ်ဘက်မှာ ဝက်လေးတွေ ဝက်မကြီးကနေ ပေါက်ပြီး ဝက်လေးတွေက ကျောက်ပေါက်တာတွေဖြစ်ပြီး သေကုန်လို့ ကျွန်တော်မွေးထားတဲ့ ဝက်မကြီးကလည်း မွေးခါနီးမို့ တခြားဝက်တွေဖြစ်သလို မဖြစ်လာအောင် ဘယ်လိုကာကွယ်ထားရမလဲ ခင်ဗျ ပုံကတော့ မရှိပါဘူး သွားမကြည့်ရဲလို့ပါ ကိုယ်ကနေ ရောဂါတွေ ကူးပါလာပြီး ကျနော့်ဝက်တွေဆီ ကူးစက်ကုန်မှာ ဆိုးလို့ပါဗျ 🙏🍀🙏 ဖြေကြားပေးကြပါဦးနော် 🙏🙏 ကျေးဇူးတင်ပါတယ်ဗျ 🙏🍀🙏

ဝက် ကျောက်ပေါက်
လွန်ခဲ့သော ၁ နှစ် က

အားလုံးထဲတွင် နွားက အကြမ်းအခံဆုံး ဖြစ်ပါသည်။ အကောင်ရေ များပါက လိုင်စင် လျှောက်ထားသင့်ပါသည်။ ဘာမွေးမည်၊ ဘယ်လောက် ရင်းမည်၊ ကိုယ့်မှာ နေရာ အကျယ်အဝန်း၊ လူအင်အား ဘယ်လောက်ရှိသည်၊ စသည့်အချက်များပေါ် မူတည်၍ အသေးစိတ် ပြန်သုံးသပ်ရပါမည်။

မွေးမြူရေးတစ်ခါ မှ မလုပ်ဖူးပါ မွေးမြူရေးလုပ်ချင်လို့ပါ ကြက်/ ဘဲ/ နွား စိတ်ဝင်စားပါသည်။ ဘယ်ဘာပိုပြီးလုပ်ရင် အဆုံးရှုံး နည်းနိုင်ပါသနည်း။ မွေးမြူရေးနဲ့ ပတ်သက်ပြီး စာတွေ့လက်တွေ့ လေ့လာချင်ပါသည် ရန်ကုန် ဘက် ဘယ်မှာလေ့လာလို့ရနိုင်မည်နည်း နွားကြက်ဘဲ အတွက် တိမွေးကု လိုင်စင်လို့ပါသလား လိုအပ်လျှင် မည်ကဲ့ သို့ ဆောင်ရွက်ရမည်နည်း ။ မွေးခဲ့ အစဖြစ်၍ ဘယ်လောက်ပမာဏာ လောက် စသင့်ပါသနည်း။

စိုက်ပျိုး/မွေးမြူရေး စီးပွား အကြံပြုချက်များ
လွန်ခဲ့သော ၁ နှစ် က

ရပါတယ် ခင်ဗျာ။ ပွိုင့် နဲ့ ဖွဲနုက အင်အားဓာတ် (Energy) ပဲ အဓိက ပေးပါတယ်။ အသားဓာတ် ရဖို့ ပဲဖတ်၊ ငါးခြောက်ခုတ်စ၊ ဆီကြိတ်ဖတ် တွေ ထည့်ပေးရင် ပိုကောင်းပါတယ်။

တစ်လခွဲသား နိုးခွဲပြီးသားဝက်ကို ပွိုင့်နဲ့ဖွဲနှရောကျွေးလို့ရလားဆရာတို့ ပြောပြပေးပါအုံး

ဝက်အစာစပ်နည်း
လွန်ခဲ့သော ၁ နှစ် က

ကြက်စမွေးဖို့ စဉ်းစားရင် (၁) ဘာအတွက် မွေးမှာလဲ စ စဉ်းစားပါ။ အသားအဓိကလား၊ ဥ ရောင်းမှာလား၊ အကောင်ဖောက် ရောင်းမှာလား၊ စသည်ဖြင့် အဓိက ရည်ရွယ်ချက် ရှိရပါမယ်။ (၂) ကိုယ့်ဒေသရဲ့ ဈေးကွက်ကို သိရပါမယ်။ ဘယ်ဟာက ရောင်းကောင်းမလဲ။ ဘယ်ဈေးတွေ ပေါက်လဲ စသည်ဖြင့်ပါ။ (၃) ကိုယ့်ကျွမ်းကျင်မှုကို သိပါ။ အတွေ့အကြုံ မရှိသေးရင် အကြမ်းခံတာမျိုးက စတင်သင့်ပါတယ်။ (၄) ကိုယ့် ရင်းနှီးမြှုပ်နှံနိုင်မယ့် ငွေကြေးကို ချိန်ဆပါ။ တိုင်းရင်းကြက် တစ်လသား တစ်ကောက်ကို ၄၀၀၀-၅၀၀၀ ကျပ် ရှိပါတယ်။ ယူနန်ကြက်ကြမ်းက ၁၀၀၀၀ ခန့် ရှိပါတယ်။ အသားတိုး (၄၅ ရက်ကြက်) က ရက်သားကြက်ပေါက် တစ်ကောင် ၂၀၀၀ ကျော် ရှိပါတယ်။ ဥစား မဒမ်းမ တစ်ကောင်က ၂၅၀၀၀-၃၀၀၀၀ ရှိပါတယ်။ (၅) ကိုယ့်ဒေသမှာ အစာ ဘာတွေရနိုင်မလဲ။ အစာဖိုး ကုန်ကျစရိတ် သက်သာအောင် ဘယ်လို လုပ်နိုင်မလဲ စဉ်းစားပါ။ (၆) နေရာ အကျယ်အဝန်း ဘယ်လောက် ရှိလဲ တွက်ချက်ပြီး ဘယ်နှစ်ကောင် မွေးနိုင်မလဲ တွက်ဖို့ လိုပါတယ်။ (၇) အထက်က အချက်တွေ စုပေါင်းပြီး ကိုယ့်အတွက် ဘယ်ကြက်က အဆင်ပြေမလဲ စဉ်းစားပြီး ဆက်လက် လေ့လာဖို့ အကြံပြုလိုပါတယ်။

အခုမှ ကြက်မွေးမြူရေး စလုပ်ချင်လို့ပါဗျ အရမ်းကြီးတော့မဟုတ်ပါဘူး တစ်ပိုင်တစ်နိုင်လေးစမွေးချင်တာပါ ဘာတွေလိုအပ်လဲ သိချင်လို့ဖြေပေးကျပါဦးဗျ

ကြက်မွေးမြူရေး
လွန်ခဲ့သော ၁ နှစ် က

မျက်ရည်ကျပြီး နားရွက်အေးတာက ရောဂါအတော်များများမှာ ပြတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနှစ်ချက်တည်းနဲ့ ဘာရောဂါလဲလို့ ပြောဖို့ မဖြစ်နိုင်ပါ။ နွားတွေမှာ အဖြစ်များသလို ကာကွယ်ဆေးထိုးပြီး ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါတွေကတော့ (၁) ထောင့်သန်းရောဂါ၊ (၂) ပေါင်ပုပ်လက်ပုပ်ရောဂါ (၃) လည်ချောင်းကွဲရောဂါ၊ (၄) ခွာနာလျှာနာရောဂါတွေ ဖြစ်ပါတယ်။

နွားမျက်ရည်ကျပြီး နားရွာက်တွေးအေားနေလို့ ဘာဆေးသုံးရမလဲ

နွားကျန်းမာရေး
လွန်ခဲ့သော ၁ နှစ် က

ဖြစ်နိုင်ရင် ရေစစ်ကန် ပြုလုပ်ပေးသင့်ပါတယ်။ အကောင်ရေများများ မွေးထားရင် ရေကို ဓာတ်ခွဲခန်းပို့ပြီး စစ်ကြည့်သင့်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် ချဉ်ငံနှုန်း pH 6.၅ နဲ့ ၈.၅ ကြားမှာ ရှိသင့်ပါတယ်။ ပျော်ဝင်နေတဲ့အနည်အမှုံပါဝင်မှု (total dissolved solid) ပမာဏက ၁၀၀၀ ppm အောက်မှာ ရှိတာ ကောင်းပါတယ်။ Coliform baceteria ကိုလီဖောင်းဘက်တီးရီးယားတွေ လုံးဝ မပါဝင်သင့်ပါဘူး။

အသားတိုးကြက်၊ဉစားကြက်ခြံတွေမှာ ကြက်တွေအတွက် သန့်ရှင်းသောရေရှိရေး ရေစစ်ကန်ပြုလုပ်ဖို့လိုအပ်ပါသလား၊ဒါမှမဟုတ်အခြားနည်းလမ်းများရှိပါက အကြုပြု‌စေလိုပါသည်။

ကြက်ခြံ ရေစစ်ကန်ပြုလုပ်ခြင်း
လွန်ခဲ့သော ၁ နှစ် က

ဘယ်အရွယ်မှာ ဖြစ်တာလဲ၊ သွေးက ဘယ်လို ကျတာလဲ သိရဖို့ လိုအပ်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် ကိုယ်ဝန်ဆောင် ဆိတ်မတွေမှာ သွေးကျတယ်ဆိုရင် သား‌ေလျှောတာလား လေ့လာကြည့်ပါ။ အမတန်ဆာ မှာ ဒဏ်ရာရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က မျိုးပွားလမ်းကြောင်းမှာ ရောဂါပိုးဝင်ရောက်ပြီး ရောင်ရမ်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဆိတ်မရဲ့မတန်ဆာကသွေးရည်လို့အရည်ထွက်တာဘာဖြစ်လို့လဲဆရာ

ဆိတ်ကျန်းမာရေး
လွန်ခဲ့သော ၁ နှစ် က

အတွင်းပိုင်း (သိုချောင်း) ကပါ ဖြစ်တာဆိုရင်တော့ ဆေးထိုးကုသဖို့ လိုအပ်ပါလိမ့်မယ်။ အနီးစပ်ဆုံး တိရစ္ဆာန်ဆေးကုဆရာဝန်၊ ကျန်းမာရေးလုပ်ငန်းသားနဲ့ ဆက်သွယ်ပြီး ပဋိဇီဝဆေးထိုး ကုသဖို့ လိုအပ်ပါတယ်။

နွား ရောဂါ ဖစ်‌ေနတာမေးချင်လိုပါဗျ အခုပုံထဲကတိုင်း ထိပ်ယောင်နေပြီး ဆီးမသွားလို့ ပါ ဆေးနည်းလေး ကူညီမပါဗျ

နွားကျန်းမာရေး
လွန်ခဲ့သော ၁ နှစ် က

အပြင်ပိုင်း (Prepuce) ပဲ ဖြစ်တာလား၊ အတွင်းပိုင်း (glans penis) မှာပါ ဖြစ်တာလား သိဖို့ လိုပါတယ်။ အပြင်ပိုင်းကပဲ ဖြစ်တာဆိုရင် (၁) ဖြစ်နိုင်ရင် ရေကျက်အေးနဲ့ သန့်ရှင်းရေးလုပ်ပေးပါ။ (သန့်ရှင်းရေးမလုပ်ခင် လုပ်ပေးမယ့်သူရဲ့ လက်ကိုလည်း သန့်စင်အောင် ဆေးကြောထားသင့်ပါတယ်။) (၂) ပြီးရင် Oxytetracycline အစရှိတဲ့ ပဋိဇီဝဆေးတစ်မျိုးမျိုး ပါတဲ့ ဖြန်းဆေး ဝယ်လို့ရရင် ဝယ်ပြီး ဖြန်းပေးပါ။ ဆေးဝယ်လို့မရရင်တော့ ပဋိဇီဝသောက်ဆေးတစ်မျိုးမျိုးကို အုန်းဆီနဲ့ ရောပြီး လိမ်းပေးကြည့်ပါ။

နွား ရောဂါ ဖစ်‌ေနတာမေးချင်လိုပါဗျ အခုပုံထဲကတိုင်း ထိပ်ယောင်နေပြီး ဆီးမသွားလို့ ပါ ဆေးနည်းလေး ကူညီမပါဗျ

နွားကျန်းမာရေး

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။