အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
143
လွန်ခဲ့သော ၁၁ လ က · တောင်တွင်းကြီး

မြေတစ်ဧကကိုထုံးဘယ်နှစ်ပိသာထည့်သင့်လဲသိချင်ပါတယ်ဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
မြေဆီလွှာ နှမ်း လယ်မြေထဲထုံးပက်ခြင်း

ဖြေကြားချက် ၅ ခု

အတည်ပြုပြီး 22,958 လွန်ခဲ့သော ၁၀ လ က

သင့်မြေရဲ့pH ကဘယ်လာက်ရှိသလဲပေါ်မူတည်ပါတယ်တစ်ယူနစ်တက်ဘို့တစ်အေကပိသာ ၃၀၀ ခန့်လိုတယ်တနှစ်ကိုပိသာ၁၀၀ နဲ့သုံးနှစ်ခွဲကြွေးရပါမယ်

349,566 လွန်ခဲ့သော ၁၀ လ က

အထက်ကဗဟုသုတအဖြစ်ဖတ်ရန်ဖြေကြားခြင်းဖြစ်သည်။ ထုံးပမာဏတစ်ဧကဘယ်လောက်ထည့်သွင်းရမယ်ဆိုတာ‌အတိအကျပြောရန်ခက်ပါတယ်၊ pHမီတာခေါ်မြေချဉ်ငံကိန်းတိုင်းတာစက်ရှိမှ pH၆အောက်ရှိနေမှထုံးထည့်မြေပြင်ပေးသင့်သည်။၆အထက်ရှိနေသောမြေကို ထုံးထည့်မြေပြင်ပါကပမာဏများရင်သီးနှံပင်လောင်နိုင်သည်။ မြေအမျိုးအစားပေါ် မူတည်၍ ထည့်သွင်းမည့် ထုံးပမာဏကို ခန့်မှန်းနိုင်သည်။ သဲသမမြေများတွင် တစ်ဧကတွင် ၁၅၀ မှ ၃၀၀ ပိဿာ ထည့်ပေးရမည်။ မြေစေးများတွင် ပိဿာ ၃၀၀ မှ ၅၀၀ ထိ ထည့်ပေးရန်လိုအပ်သည်။(ကိုးကား DAR) ။ ထုံးထည့်ပေးရာတွင် အပေါ်လွှာ(၀-၁၀ စင်တီမီတာ) အတွက် pH ၅.၂ အထိ ရောက်အောင် ထုံးထည့် ရမည်. အောက်လွှာ (၁၀-၂၀ စင်တီမီတာ) အတွက် pH ၅.၅ အထိရောက်အောင် လိုအပ်သည့် ထုံးပမာဏ ထည့်သွင်းပေးရမည်။ pH ၆ အထက်ရောက်စေသော ထုံးထည့်ခြင်းများ မပြုလုပ်သင့်ပါ။ အန္တရာယ်ကင်းအောင် pH မီတာတိုင်းစရာလည်းမရှိပါက တစ်နှစ်ကို တစ်ဧကပိဿာ၁၀၀ ၃နှစ်ဆက်တိုက်ထည့်သွင်းပေးသင့်သည်။ထယ်မထိုးခင်ထွန်ရေးမဝင်ခင်အနည်းဆုံး၁လကြိုထည့်သွင်းပေးရမည်။ထုံးထည့်ပြီးလျှင် ထွန်ရေး၊ထယ်ရေးနက်နက်ထွန်ပေးရမည်။

349,566 လွန်ခဲ့သော ၁၀ လ က
349,566 လွန်ခဲ့သော ၁၀ လ က
2 လွန်ခဲ့သော ၁၁ လ က

မသိဘူး

You

ဆက်စပ်မေးခွန်းများ

ထယ်ရေးမခံထားသောယာမြေကိုထုံးထည့်ချင်းကအကျိုးသက်ရောက်မှုရှိမရှိသိချင်ပါတယ်ဗျ

ဖြေကြားချက် 2 ခု

လယ်ယာမြေကိုထုံးထည့်ခြင်းကထွန်ရေးထယ်ရေးမဝင်ခင်ထည့်သင့်လားထွန်ရေးထယ်ရေးဝင်ပီးမှထည့်သင့်လားသိချင်ပါတယ်

ဖြေကြားချက် 2 ခု

မြေပြင် ထုံထည့်ရမဲ့အချိန်နဲ့ တစ်1ဧကဘယ်လောက်ထည့်ရမလဲဆိုတာ ရှင်ပြပေးပါ ဆောင်မြေပဲ စိုက်ဖို့ 7ရက်တာ လိုတော့တာမို့...

ဖြေကြားချက် 1 ခု

မြေချဉ်တာကို တစ်ဧကထုံးဘယ်နှစ်အိပ်ထည့်ရမလဲဗျ၊ ထုံးထည့်ပီးရင် 18ဗန်းနဲ့အုပ်ထားရမလားဖြေပေးပါအုံး ဆရာများ

ဖြေကြားချက် 2 ခု

မြေချဉ်နေလို့ပါ ထုံးဝယ်ရတာ အဆင်မပြေလို့ 1ဧက 10အိတ်နှုန်းပတ်ရင် အဆင်ပြေနိုင်လား ဆရာ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။