အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Theingi
Theingi 225
လွန်ခဲ့သော ၈ လ က · တောင်ကြီး

အိမ်ခေါင်းရင်း (အရှေ့ဖက်) မှာ ပေ (၁၂၀×၄၀) မြေကွက်လွတ်လေးမှာ ပုံမှန်ဝင်ငွေရအောင် ဘာတွေ စိုက်လို့ရသလဲ အကြံပေးပါအုံးရှင့်။ တောင်သူမဟုတ်တော့ အရင်က မစိုက်ဖူးလို့ပါရှင်။ အုပ်စု ၁- တောစံပယ်၊ ဇွန်၊ ရွှေပန်းငွေပန်း အုပ်စု ၂- ငရုတ်၊ ဆူးပုတ်၊ ကင်ပွန်းချဉ် စိုက်ချင်မိတဲ့ အပင်လေးတွေပါရှင့်။ ဘယ်ဟာက ပိုအဆင်ပြေနိုင်လောက်မလဲ။ တခြားကောင်းမဲ့ဟာလေးတွေကိုလဲ အကြံပြုစေချင်ပါတယ်ရှင့်။ မှတ်ချက်: ရေပေါ၊ (ပြောင်း၊ ပဲစင်းငုံ၊ ဂျင်း၊ ခရမ်းချဉ်၊ နေကြာ၊ ငရုတ်...) စိုက်လို့ရတဲ့ မြေမျိုးပါရှင့်။ ရှမ်း/တောင်ကြီးမြို့နယ် ထဲကပါရှင့်။

စိုက်ပျိုးစီးပွား ကင်းပွန်းချဉ် ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း

ဖြေကြားချက် ၁ ခု

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,356 လွန်ခဲ့သော ၈ လ က

ဆူးပုပ်နဲ့ ကင်ပွန်းချဉ်ကို ခြံစည်းရိုးမှာ စိုက်ပါ။ ၃-၄ ပေလောက်ထိပဲထားပြီး ကိုင်းဖြတ်ပေးပါ။ အဲဒါဆို ခူးရလည်း လွယ်ပါယ်။ ( မြင်ခြံက တောင်သူတစ်ယောက် သူ့ ၂ဧက အကွက်အကို မန်ကျည်းပင်ကို စည်းရိုးအဖြစ်စိုက်တာ လစဉ်ဝင်ငွေ သိန်းချီပြီး ပုံမှန်ရနေပါတယ်) အလယ်မှာတော့ ရွှေပန်းငွေပန်းလို ရေရှည်ရနေမယ့် ပန်းအမျိုးအစားက ကောင်းပါတယ်ဗျ။ ရေသေချာပေး သဘာဝမြေသြဇာထည့်ပေးနေရင် တောက်လျှောက်ဝင်ငွေရနေနိုင်ပါတယ်။ နောက်တစ်ခုအကြံပြုလိုတာက စိုက်ခင်း စိုက်ခင်းကြားတွေမှာ စပါးလင်၊ ချစ်တီးပန်းနှင့် ပင်စိမ်းလို အပင်လေးတွေကို ကြို့ကြားထည့်ပေးပါဗျ။ သူတို့က ပိုးမွှာရောဂါတွေကို ဟန့်တားပေးနိုင်တဲ့ ဂုဏ်သတ္တိရှိတာမို့ အိမ်စားလည်းရ ကိုယ့်အပင်တွေလည်း ပိုးသတ်ဆေးလိုအပ်ချက်တွေကို လျော့ချပေးပါလိမ့်မယ်ဗျ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။