အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
696
လွန်ခဲ့သော ၈ လ က · ငပုတော

နွားသေးအကြောင်းမေးချင်ပါတယ်ဗျ ကျနော့ချဉ်ပေါင်ခင်နဲ့မုန်ညင်းခင်းမှာ ပုလဲမြေဩဇာနဲ့နွားသေးကို ယှဉ်ဖျန်းကြည့်တာ ပု...

နွားသေးအကြောင်းမေးချင်ပါတယ်ဗျ ကျနော့ချဉ်ပေါင်ခင်နဲ့မုန်ညင်းခင်းမှာ ပုလဲမြေဩဇာနဲ့နွားသေးကို ယှဉ်ဖျန်းကြည့်တာ ပုလဲဖျန်းတဲ့နေရာက အပင်တွေ စိမ်းတက်လာပြီးတော့ နွားသေးဘဲဖျန်းတဲ့နေရာက အပင်တွေမတက်ဘဲ ဝါကြန့်ကြန့် ဖြစ်နေတယ်ဗျ လေးဂါလံဆေးဖျန်းပုံးတပုံးကို နွားသေးနှစ်လီတာ ထည့်ဖျန်းတာပါဗျ အဲ့ဒါကြောင့်နွားသေးကို ပုလဲနီးပါးအာနိသင်ရှိအောင် ဘယ်လိုအသုံးပြုသင့်လဲဗျ လနဲ့ချီပြီးထားမှ အာနိသင်ပိုရှိတာလားဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
ရာသီဥတု (တစ်ပတ်အတွင်း)
တိမ်အသင့်အတင့်ဖြစ်ထွန်း
အပင်အာဟာရ ကန်စွန်းရွက် နွားသေး အကြောင်း
4

ဖြေကြားချက် ၄ ခု

1,870 လွန်ခဲ့သော ၈ လ က

သင်ဖော်ပြထားတာက နွားသေး ၂ လီတာ / ၄ ဂါလံ ဆေရ → အရမ်းထူထဲတွင် အာနိသင်နည်း, အပင်လက်ရှိအခြေအနေအလိုက် ထိခိုက်လို့ အရွက်ဝါလာတတ် ⸻ 2️⃣ အကြောင်းရင်း 1. နွားသေးရဲ့ အာနိသင် • pH 7–8 အနည်းငယ် အမြင့် → အပင်အနာရောဂါကြောင့် အကျိုးသက်ရောက်နိုင် • အာဟာရ N-P-K များနည်း → အရွက်အရောင် မတည်ငြိမ် 2. ပုလဲမြေဩဇာ • Beneficial microbes → အရည်ချောမွေ့, root development တိုး • N-P-K လုံ → အရွက်စိမ်း 3. အသုံးမတူမှု → အပင်လက်ရှိအခြေအနေမျိုးခြားမှု • ပုလဲမြေဩဇာ → microbes + nutrients + slow release • နွားသေး → fast acting but unstable → အရွက်အဝါ/နွယ်ကျန် ⸻ 3️⃣ အကောင်းဆုံးအသုံးချနည်း ✅ 1. Dilution (နွားသေးကို မျိုးနှုန်းညှိ) • ၂ လီတာ / ၄ ဂါလံ → တန်ဖိုးပိုနည်း • အကြံပြု: ၁–၁.၅ လီတာ / ၄ ဂါလံ • အရွက်ပေါက်အချိန်မှာ ပေါ့ပါးပြီး ထိန်းညှိ ✅ 2. Timing (အချိန်ညှိ) • ပုလဲမြေဩဇာ → စေ့စိုက်ပြီး ၁–၂ ပတ်တွင် • နွားသေး → အရွက်လှုပ်လာတဲ့ အချိန်, စာရွက်အတွက် • နွားသေး + ပုလဲမြေဩဇာ → အတူထည့်ချိန် ပုလဲမြေဩဇာအပြီး → microbial + nutrient synergistic effect ✅ 3. Spacing / Line use • နွားသေးကို လန့်လိုက် / တန်းလိုက် → concentration တစ်နေရာမများ • အပင်အနီး မိုက်ကရိုဘိုင်ကိုထိခိုက်မှုနည်း • ပုလဲမြေဩဇာ → broadcast / root zone အနီး ✅ 4. Frequency • နွားသေး → ၁–၂ ပတ်တစ်ကြိမ် (diluted) • ပုလဲမြေဩဇာ → ၂–၃ ပတ်တစ်ကြိမ် • အာနိသင်ပြည့်စုံ, အရွက်စိမ်းထူ 4️⃣ အကျဉ်းချုပ် အချက် Recommendation Dilution နွားသေး ၂–၃ လီတာ → ၄ ဂါလံ ဆေရ Timing ပုလဲမြေဩဇာအပြီး + အရွက်စိမ်းစတင်ချိန် Spacing နွားသေး → လန့် / တန်းချိန် Frequency နွားသေး → ၁–၂ ပတ် / ပုလဲမြေဩဇာ → ၂–၃ ပတ်

အတည်ပြုပြီး 22,958 လွန်ခဲ့သော ၈ လ က

နွားသေးတစ်ဆကိုရေ ၁၅. ဆနဲ.ရောဖျန်းပါလပ်လပ်ဆပ်ဆပ်သုံးတာပိုကောင်းပါတယ်ကြာကြာထားသုံးရင် နိက်ထရိုဂျင်နဲ့ဟောင်မုံးတွေလျှော့နည်းသွားနိင်တယ်အပင်ငယ်ဆိုနဃသေးကိုလျှော့သုံးပါ

82 လွန်ခဲ့သော ၈ လ က

အိနိယ ဆေးကိုဖော်စပ်ပြီး ဘယ်လို့ပုံစံဖျန်းရမလည်းအစ်ကို

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၈ လ က

ဓာတုနဲ့ သဘာဝမှာ တစ်ကြိမ်ချင်းဆီယှဉ်ရင်တော့ ကွာနိုင်ပါတယ်။ နွားသေးကို အပတ်စဉ်ပုံမှန်ဖျန်းပေးပါ။ သိသာလာပါလိမ့်မယ်ဗျ။ ၂ လီတာထည့်တဲ့နှုန်းထားလည်း မှန်ပါတယ်ဗျ။ ၁၄ ရက်လောက်ထားလိုက်ရင် အားဆေးအပြင် ပိုးပါနှင်ပေးနိုင်တဲ့ အာနိသင်ပါရလာပါလိမ့်မယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။