အပင်စိုက်မဲ့ဘောင်တေကိုပလက်စတစ်အုတ်ပီးအစက်ချပေးစနစ်နဲ့ရေပေးတာလေးသိချင်ပါတယ်ဗ်ပီးတော့ဒီနည်လမ်းရဲ့အားသာချက်အာနည်းချက်လဲသိချင်ပါတယ်
စိုက်ဘောင်ကို ပလတ်စတစ်အုပ်ပြီး အစက်ချရေပေးတဲ့စနစ်ဟာ ခေတ်မီစိုက်ပျိုးရေးမှာ အလွန်ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အဓိက အားသာချက်ကတော့ ရေကုန်သက်သာခြင်း၊ ပေါင်းပင်မပေါက်ခြင်းနဲ့ အပင်ကြီးထွားမှု ညီညာခြင်းတို့ ဖြစ်ပါတယ်။ အားနည်းချက်အနေနဲ့ကတော့ ကနဦး ပစ္စည်းကိရိယာ ဝယ်ယူရတဲ့ စရိတ် အနည်းငယ် မြင့်မားနိုင်တာပါပဲ။ ဒါပေမဲ့ ရေရှည်မှာတော့ လုပ်အားခ သက်သာပြီး အထွက်နှုန်း တိုးတာကြောင့် အကျိုးအမြတ် ပိုများစေပါတယ်ဗျ။
ပလပ်စတစ်သုံးပြီး မြေဖုံးစနစ်နဲ့ စိုက်တာရယ် အစက်ချစနစ်နဲ့ စိုက်တာတွေမှာ အားသာချက်တွေ အများကြီးရှိပါတယ်။ ရေလိုအပ်ချက်နည်းတာကြောင့် ရေသွင်းရမယ့်ကုန်ကျစရိတ်သက်သာပါတယ်။ ပေါင်းပေါက်ရောက်မှုသက်သာသွားမယ် အစက်ချစနစ်ထဲမှာ အဟာရထည့်သွင်းတာ ဒါမှမဟုတ် အပင်ခြေကို မြေသြဇာကျွေးတာကြောင့် အလွတ်စိုက်တာထက် မြေသြဇာကို အပင်က ပြည့်ပြည့်ဝဝစားသုံးလာနိုင်ပါတယ်။ အားနည်းချက်အနေနဲ့ကတော့ ပလပ်စတစ်တွေကြောင့် ကုန်ကျစရိတ်များပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုမျိုး ဖြစ်စေနိုင်ပါတယ်။ တကယ်လိုကုန်ကျစရိတ်လျော့ချမယ်ဆိုရင် ကောက်ရိုးလိုမျိုးသုံးပြီး မြေဖုံးစိုက်ပျိုးနိုင်ပါတယ်။ မြေကြီးလည်းဖုံးပေးသလို ဆွေးမြေ့သွားရင် သဘာဝမြေသြဇာ ထည့်သွင်းပြီးသားလည်း ဖြစ်သွားပါမယ်။
ဆက်စပ်မေးခွန်းများ
EM-1ရဲ့pH က 3.39, EM-2ရဲ့pHက3.48, EM-3ရဲ့pHက3.58, EM-5ရဲ့ pHက 3.97 ရပါတယ် အဆင်ပြေလားမသိဘူးရှင်
ဖြေကြားချက် 1 ခု
မြေကြီးရဲ့ pH က အဲ့လောက်ဆိုရင် စိုက်ပျိုးရေး လုပ်လို့ ရလားအင်း ဆရာတို့
ဖြေကြားချက် 7 ခု
RCB design ကို ဒီလိုဆွဲရင်ရော ရလားဆရာတို့
ဖြေကြားချက် 4 ခု
EM-5 လုပ်ရာမှာ ဂျင်း၃၀ ကျပ်သား၊ကြက်သွန်ဖြူ ၃၀ကျပ်သား၊ ရေ ၁လီတာ ၊အရက်ဆီ ၁၀၀ ml, vinegar ၁၀၀ml, concentrate EM ၁...
ဖြေကြားချက် 1 ခု
ဆရာကြီးခင်ဗျ EM ကို စိုက်ဆေးဆိုင်မှာ ဝယ်တော့ ရေသန့်ဘူးခွံထဲ ထည့် EM လို့ပဲရေးထားတာ EM စစ်မစစ် ဘယ်လို သိနိုင်...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။