အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
U po
U po 66
လွန်ခဲ့သော ၄ လ က · ညောင်ရွှေ

မြေဩဇာမြင်းပျံ 2ကြိမ်ကျွေးထားပါတယ် ပိုးသတ်ဆေး 1ကြိမ်ဖြန်းထားပါတယ်ဗျာ စပါးပင်အသက်က ပျိုးရက်မပါပဲ 60ရှိပါပီ ဘာမြေဩဇာထပ်ကျွေးရမလဲဗျာ ဆေးကဘာဆေးဖြန်းရအုန်းမလဲဗျာ ဆရာတို့‌ဖြေပေးကြပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၆၀ ရက်
အပင်အာဟာရ စပါး
Post image
4

ဖြေကြားချက် ၄ ခု

သော်ဇင်
သော်ဇင် 353,563 လွန်ခဲ့သော ၄ လ က
ဤအဖြေဖြင့် ပြေလည်

မြင်းပျံ (Urea 46%) ကို ၂ ကြိမ်ကျွေးပြီးပြီဆိုတော့ နိုက်ထရိုဂျင် လုံလောက်နေပါပြီ။ အခုအချိန်မှာ အပင်သန်ဖို့ထက် "အနှံကြီးဖို့နဲ့ အောင်ဖို့"ကို ဦးစားပေးရပါမယ်။အနှံထွက်ကောင်းပြီး အစေ့အဆန် အောင်မြင်ဖို့အတွက် ပိုတက်ရှ်ကို မဖြစ်မနေ ထည့်သင့်ပါတယ်။ တစ်ဧကကို အိတ်ဝက်နီးပါး ကျွေးပေးသင့်ပါတယ်။အပင်အရောင်က သိပ်မစိမ်းဘူးဆိုမှ ပုလဲကို ပိုတက်ရှ်နဲ့ ရောပြီး အနည်းငယ် ထပ်ကျွေးနိုင်ပါတယ်။ ဒါပေမယ့် အပင်က အရမ်းစိမ်းနေရင်တော့ ပုလဲကို လျှော့ကျွေးပါ (အပင်လဲတတ်လို့ပါ)။ ပိုးသတ်ဆေးကဆိုင်ကလုံး ဖြန်းထားတယ်လို့ ပြောထားတာသိရပါတယ်။ ဒါက ကိုက်စားပိုး လောက်ကောင်တွေအတွက် ကောင်းပေမယ့် စပါးသက်တမ်း ၆၀ ကျော်မှာ သတိထားရမယ့် ဖြုတ်ပိုး ဖြုတ်ညိုအန္တရာယ် ရှိလာနိုင်ပါတယ်။ စပါးပင်ခြေကို ဖြဲကြည့်ပြီး ဖြုတ်ပိုးရှိမရှိ အမြဲစစ်ဆေးခိုင်းပါ။ အနှံထွက်ခါနီးမှာ ဂုတ်ကျိုးရောဂါ တွေကနေ ကာကွယ်ဖို့ မှိုသတ်ဆေး (ဥပမာ- Tricyclazole သို့မဟုတ် Azoxystrobin + Difenoconazole) တစ်ကြိမ် ကြိုတင်ဖြန်းထားရင် ပိုစိတ်ချရမယ်လို့ထင်ပါတယ်(ရောဂါကျဖူးခြင်းမရှိပါက အသုံးမပြုလည်းရပါတယ်)။ စပါးမျိုးအမည်နှင့် စပါးမျိုး၏သက်တမ်းကိုသိရရင်ဒီထက်တိကျစွာအကြံပြုပေးနိုင်ပါမယ်ခင်ဗျာ။

ဦးမျိုးမြင့်အောင်
ဦးမျိုးမြင့်အောင် 228 လွန်ခဲ့သော ၄ လ က

ဆေးဖျန်းဖို့မလိုသေးပါ မပြတ်စောင့်ကြည့်ပေးပါ

ဦးမျိုးမြင့်အောင်
ဦးမျိုးမြင့်အောင် 228 လွန်ခဲ့သော ၄ လ က

အပင်အာဟာရ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,619 လွန်ခဲ့သော ၄ လ က

အရောင်၊အပင်အနေထား၊ကောင်းပါတယ်။ဘာမှမလိုသေးရင် ဘာဆေးမှမဖျန်းပါနဲ့။အမြဲစောင့်ကြည့်ပေးဖို့လိုတာပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။