အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,589
လွန်ခဲ့သော ၄ လ က · မင်းတုန်း

ထုံး က မဖေါက်ခင် သုံးရမလား၊ ဖေါက်ပီးထုံး သုံးရမလား၊ တစ်ဧကကိုပမာဏ ဘယ်လောက်ထည့်ရမလဲ၊ မဖေ့ါက်ထုံးနဲ့ ဖေါက်ပီးထုံး...

ထုံး က မဖေါက်ခင် သုံးရမလား၊ ဖေါက်ပီးထုံး သုံးရမလား၊ တစ်ဧကကိုပမာဏ ဘယ်လောက်ထည့်ရမလဲ၊ မဖေ့ါက်ထုံးနဲ့ ဖေါက်ပီးထုံး ကွာခြားချက်ရှိမည်ဟုထင်မိပါသည်။

စိုက်ပျိုးနည်း စပါး

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၄ လ က

မြေခိဉ်လို့ပြင်ချင်ရင် မဖောက်ထုံးထည့်ရပါတယ်။pH၁ယူနစ်တက်ဖို့၊တဧကကိူ ထူံးတတန်ထည့်ရတယ်လို့ဆိာပါတယ်။

348,301 လွန်ခဲ့သော ၄ လ က

မဖောက်ထုံးကို အသုံးပြုရမှာပါခင်ဗျာ။ သဲမြေ မြေချဉ်ငန်ကိန်း ၄ ဒသမ ၅၊ ၅ ဒသမ ၅ အခြေအနေမှာ တစ်ဟက်တာ ထုံး သုညဒသမ ၇ တန်၊ မြေချဉ်ငန်ကိန်း ၅ ဒသမ ၅ မှ ၆ ဒသမ ၅ ရှိနေပါက တစ်ဟက်တာ ထုံးတစ်တန်၊ နုန်းသမမြေ မြေချဉ်ငန်ကိန်း ၄ ဒသမ ၅ မှ ၅ ဒသမ ၅ ရှိနေပါက တစ်ဟက်တာ ထုံး ၂ ဒသမ ၈ တန်၊ မြေစေးမြေ မြေချဉ်ငန်ကိန်း ၄ ဒသမ ၅ မှ ၅ ဒသမ ရှိနေပါက တစ်ဟက်တာထုံး ၃ ဒသမ ၇ တန် ထည့်ပေးရန်ဖြစ်ပါတယ်။ (တစ်တန် = ပိဿာ ၆၀၀)။ အထူး သတိပြုရမှာကတော့ ထုံးကို မြေဆီလွှာအတွင်း ထည့်မယ်ဆိုပါက သီးနှံမစိုက်ပျိုးမီ အနည်းဆုံး တစ်လကြိုတင်၍ ထည့်ပေးဖို့လိုအပ်ပါတယ်။ သီးနှံစိုက်ပျိုးချိန်နဲ့ နီးကပ်စွာ ထည့်သွင်းပါက ထုံးက သီးနှံပင်ကို လောင်စေမှာဖြစ်ပါတယ်။ မြေချဉ်ငံကိန်းအတိအကျသိရမှထည့်သွင်းခြင်းက ပိုအန္တရာယ်ကင်းပါတယ်ခင်ဗျာ၊အကယ်၍ထည့်သွင်းချင်ပါကလည်း တစ်နှစ်တည်းပိဿာ ၆၀၀ထည့်သွင်းမည့်အစား ပိဿာ၂၀၀စီ ၃နှစ်ခွဲကျွေးခြင်းက အန္တရာယ်ကင်းမယ်လို့ယူဆမိပါတယ်ခင်ဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။