ဖြေကြားချက် ၂ ခု
ဓာတုပေါင်းသတ်ဆေးများကို အစဉ်တစိုက် အားကိုးခြင်းသည် ပေါင်းမြက်များ ဆေးယဉ်ပါးမှုကို ဖြစ်စေပြီး မြေကြီးထဲရှိ ပေါင်းစေ့များကို အမြစ်ပြတ်မသေစေနိုင်ပါ။ ထို့ကြောင့် အထက်ပါဆရာကြီး လမ်းညွှန်ထားသည့်အတိုင်း စက်ယန္တရားနှင့် လူလုပ်အားကို ပေါင်းစပ်ထားသော စနစ်တကျ မြေယာပြုပြင်ခြင်းနည်းလမ်းသည် အကောင်းဆုံး ဖြစ်ပါသည်။ မိုးဦးကျကာလတွင် မြေပြင်ကို ၇ သွားထွန်းစက်ဖြင့် ပေါင်းမြက်မြစ်များ ပေါ်လာအောင် နက်နက်တူးဆွပြီးနောက်၊ ၂ စပ်လောက် ထပ်မံထွန်းပေးရပါမည်။ ၎င်းနောက် ဂျုတ်တိုက်ဆွဲထုတ်ခြင်းဖြင့် မြေအောက်တွင် ပုန်းအောင်းနေသော ပေါင်းဥများ၊ ပေါင်းမြစ်များနှင့် အမှိုက်သရိုက်များကို မြေပေါ်သို့ ဘူးပေါ်သလို ပေါ်လာစေပါတယ်။ ထိုသို့ ပေါ်လာသော ပေါင်းမြစ်များနှင့် ဥများကို လူဖြင့် သေချာလိုက်လံကောက်ယူ မီးရှို့ဖျက်ဆီးခြင်း လုပ်ငန်းကို (၃) နှစ်ခန့် စွဲစွဲမြဲမြဲ လုပ်ဆောင်ပေးပါက မြေတွင်းရှိ ပေါင်းမျိုးစေ့အိမ် မျိုးပြုတ်သွားပြီး ပေါင်းမြက် ပြဿနာ လုံးဝပါးသွားမည် ဖြစ်ပါတယ်ခင်ဗျာ။
ဒီမေးခွန်းရှင်ကို၊ကျွန်တော့အတွေ့အကြုံလေးပြောပြချင်ပါတယ်။ကျွန်တော်တို့ယာမြေမှာလည်း မုံညင်းတွေများလို့၊မိုးဦးကျချိန် ၊၇သွားထွန်နဲ့၂စပ်လောက်ထွန်ပါတယ်။ပြီးရင် သံဂျုတ်(သံပြားကွင်း)နဲ့ ဂျုတ်တိုက်ပါတယ်။ ဥတွေရော၊အမှိုက်တွေရော ပါလာပါတယ်။သံထွန်ခြစ်နဲ့ စုပုံကောက်ပစ်ပါတယ်။(အဲဒါမျိုး ၃နှစ်လောက်လုပ်ရင် ပါးသွားပါတယ်။) ပေါင်းသတ်ဆေးကိုအားကိုးပြီး ဆေးဖျန်းတာက ထိရောက်မှုနည်းပါတယ်။မြေကြီးထဲမှာ ဥတွေ အတွဲလိုက် ကျန်နိုင်ပါတယ်။ ဂလိုက်ဖိုဆိတ်က မုံညင်းကို မနိုင်တော့ဘူး။တူးဖိုးဒီကလည်း၊ ပထမ ၁ဥပဲနိုင်မှာ(အမြစ်မပြတ်နိုင်ဘူး)။ ပုလဲထည့်ဖျန်းတယ်ဆိုတာက၊ဥမပါတဲ့ အပေါ်ယံ မြက်ပင်မျိုးသာ အသေမြန်နိုင်တာပါ။ သဘာဝနည်းနဲ့သာ ဖြေရှင်းပါလို့ အကြံပြုချင်ပါတယ်။
ဆက်စပ်မေးခွန်းများ
ကြက်သွန်ကို ကလောက်ဒီနဲ့ အားဆေး ရောဖျန်းလို့အဆင်ပြေလားဗျ
ဖြေကြားချက် 2 ခု
ကြက်သွန်နီ/ဖြူကို အော်ဂဲနစ်နည်းနဲ့ (ဓာတုနည်းလို) အမြင့်ဆုံးအထွက်ရအောင် စိုက်လို့ရလား စိုက်ပျိူးရေးဦးစီးဌာနအပါ...
ဖြေကြားချက် 1 ခု
အစိမ်းရောင်လမ်းမှစိုက်ပျိုးရေးပညာရှင်များခင်ဗျ ကြက်သွန်နီ မိုးတွင်းမှာစိုက်မယ်ဆိုရင် ဘယ်လိုစိုက်ပျိုးရမလဲ...
ဖြေကြားချက် 1 ခု
ပညာရှင်များ မင်္ဂလာပါခမျ ဘာမှ မစိုက်ရသေးတဲ့ ယာခင်း မြက်မုန်ညှင်း ဥအနက် တွေ တအားများနေလို့ တကယ်ထိထိ ရောက်ရောက်...
ဖြေကြားချက် 2 ခု
Select Plus +ကလောက်ဒီ +ကောမက်အားကောင်း +အဆီဖိတ် အဲ့လေးမျိုး ကြက်သွန်နီ ရောဖျန်းလို့အဆင်ပြေလားဗျ
ဖြေကြားချက် 6 ခု